မင်္ဂလာမာရ်အောင်စေတီ
From Wikipedia, the free encyclopedia
Remove ads
မာရ်ငါးပါးဟုခေါ်သော သကျမာရ်အောင်စေတီ၊ ဇိနမာရ်အောင်စေတီ၊ ရတနာ့မာရ်အောင်စေတီ၊ လောကမာရ်အောင်စေတီ၊ မင်္ဂလာမာရ်အောင်စေတီတော်တို့ အနက် မင်္ဂလာ မာရ်အောင်စေတီတော်သည် မြောက်ဦးမြို့၏ မြောက်ဘက်တွင်ရှိသည်။

မြောက်ဦးမြို့ နန်းရာကုန်းမှ မြောက်ဘက်တစ်မိုင်ခန့်အကွာ ခြင်ကိုက်ပိဋကတ်တိုက်မှ အနောက်မြောက်ဘက် မိုင်ဝက်ခန့်အကွာတွင် မင်္ဂလာမာရ်အောင်စေတီ တည်ရှိသည်။ စေတီတော်မှာ လုံးပတ်ထုချွန်ပုံ ဖြစ်သည်။ အောက်ခြေမှာ ရှစ်မြှောင့်ပုံဖြစ်သည်။ အပေါ်ပစ္စယံနှစ်ဆင့်တွင် မုခ်ငယ်ရှစ်ခုနှင့် ဆင်းတုတော်များ ရှိသည်။ ကျောက်တံတိုင်း လေးဘက်ကာရံထားပြီး တစ်ဘက်စီတွင် ဝင်ပေါက်များရှိသည်။ နောက်ပိုင်း ပြုပြင်ခဲ့၍ ခေတ်သစ်ပုံစံဖြစ်နေသည်။ အောက်ခြေပတ်လည် (၁၄၀)ပေရှိပြီး အမြင့် ၈၀ ပေရှိသည်။ အရပ်လေးမျက်နှာတွင် ဆီမီးခွက်များတင်၍ ထွန်းညှိပူဇော်ရန် တိုင်ကြီးများရှိသည်။ စေတီ၏ အရှေ့ဘက်တွင် သမုခ်သိမ်ကြီး တစ်ခုရှိသည်။ အဆိုပါပစ္စည်းများမှာ မူလလက်ရာဖြစ်ပြီး နောက်ပိုင်း ပြုပြင်သူတို့က စွန့်ပစ်ထားခဲ့ကြခြင်း ဖြစ်သည်။ စေတီတော်၏ ပုံသဏ္ဌာန်မှာ တေဇရာမစေတီနှင့် အတော်ပင်တူသည်။ စေတီတော်၏တောင်ဘက် မျက်နှာစာတွင် ရခိုင်ဘာသာဖြင့် ရေးထိုးထားသော ကျောက်စာလေးချပ် ရှိခဲ့သည်။ တစ်ချပ်မှာ ပျက်စီးပြီး ဖြစ်သော်လည်း ကျန်သုံးချပ်မှာ ဖတ်၍ရသည်။
Remove ads
သမိုင်းကြောင်း
ဤစေတီတော်ကြီးကို ခရစ်သက္ကရာဇ်(၁၆၃၀) ခုနှစ်နှင့် (၁၆၄၅)အကြားတွင် မြောက်ဦးဘုရင် နရပတိကြီးက တည်ထားခဲ့သည်ဟု အချို့ကပြောသည်။ အခြားသော မှတ်တမ်းများအရမူ စန္ဒသုဓကမ္မရာဇာ၏ သားတော်ဥဂ္ဂါဗလသည် မြောက်ဦးထီးနန်းကို ခရစ်နှစ် ၁၆၇၄ခုနှစ်တွင် နန်းစံခဲ့ရာ နန်းစံပြီး၍ ၁၁နှစ်အကြာ (၁၆၈၅)တွင် မင်္ဂလာမာရ်အောင်စေတီကို တည်ထားသည်ဟု ဆိုသည်။ ရခိုင်လူမျိုးတို့၏ ဘုရားရှင် ဟောကြားတော်မူခဲ့သော (၃၈)ဖြာမင်္ဂလာတရားကို အစဉ်တစိုက် မပျက်မကွက် အောင်မြင်စွာ ထိန်းသိမ်းနိုင်ခဲ့ကြသည်ကို အထိမ်းအမှတ်ပြု၍ မင်္ဂလာမာရ်အောင်စေတီဟု ခေါ်တွင်စေသည်။ စေတီတော်၏တောင်ဘက်မျက်နှာစာတွင် ရခိုင်ဘာသာဖြင့် ရေးထိုးထားသော ကျောက်စာလေးချပ် ရှိသည်။ ကျောက်စာအရ စန္ဒဝိဇယဘုရင်သည် ဘုရားကို ပြုပြင်ခဲ့ကြောင်း သိရသည်။ သူသည် ဤစေတီ၏ မူလကုသိုလ်ရှင် နရပတိကြီး၏ မြေးတော်အရင်း နွယ်တော် အစစ်ဖြစ်ကြောင်းဆိုသည်။
Remove ads
ကိုးကား
ရခိုင်မဟာရာဇဝင်ကြီး (ထွန်းရွှေခိုင် (မဟာဝိဇ္ဇာ))
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads