ဇိုမီးတော်လှန်ရေးတပ်မတော်

From Wikipedia, the free encyclopedia

ဇိုမီးတော်လှန်ရေးတပ်မတော်
Remove ads

ဇိုမီးတော်လှန်ရေးတပ်မတော် (အင်္ဂလိပ်: Zomi Revolutionary Army; အတိုကောက် ZRA) သည် ၁၉၉၇ ခုနှစ်တွင် ဖွဲ့စည်းခဲ့သော ဇိုမီး အမျိုးသားတော်‌လှန်‌ရေးတပ်ဖွဲ့ဖြစ်သည်။ အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ် ချူရာချန်ပါခရိုင်အတွင်းရှိ ကူကီးလူမျိုးများနှင့် ပိုက်တဲလူမျိုးများအကြား တင်းမာမှုများ ဖြစ်ပေါ်ခဲ့ရာမှ ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။ ဇိုမီးတော်လှန်ရေးတပ်မတော်၏ မိခင်အဖွဲ့အစည်းဖြစ်သော ဇိုမီးတော်လှန်ရေးအဖွဲ့ကို ၁၉၉၃ ခုနှစ် ဧပြီလတွင် ဖွဲ့စည်းခဲ့သည်။[]

အချက်တိုများ ဇိုမီးတော်လှန်ရေးတပ်မတော်, ခေါင်းဆောင်များ ...

ZRA ၏ ရည်ရွယ်ချက်မှာ ဇိုတိုင်းရင်းသားများ၏ အကျိုးကို ကာကွယ်ရန်နှင့် ဇိုလူမျိုးများအား ပြည်နယ်တစ်ခုတည်းအောက် (ဇိုဂမ်) တွင် ပေါင်းစည်းနိုင်ရန် ဖြစ်သည်။ ဇိုဂမ်သည် အိန္ဒိယနိုင်ငံ (မဏိပူရပြည်နယ်နှင့် မီဇိုရမ်ပြည်နယ်)၊ မြန်မာနိုင်ငံ (ချင်းပြည်နယ်) နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ (စစ်တကောင်းတောင်တန်းဒေသ) တို့၏ နယ်နမိတ်များပါဝင်သော ဒေသတစ်ခု ဖြစ်သည်။[]

Remove ads

ဦးဆောင်မှု

ZRA တွင် အဓိက ဦးဆောင်မှုနေရာ သုံးခုရှိပြီး ဥက္ကဋ္ဌ၊ အထွေထွေ အတွင်းရေးမှူးနှင့် သတင်းနှင့်ပြန်ကြားရေးမှူးတို့ ဖြစ်သည်။ ဦးဆောင်သူအများစုမှာ ဇိုမီးတိုင်းရင်းသားများ ဖြစ်ကြသည်။[][] လက်ရှိခေါင်းဆောင်များမှာ

  • Thanglianpau Guite - ဇိုမီးတော်လှန်ရေးတပ်မတော် ဥက္ကဋ္ဌ
  • D. Kamsuanthang - အထွေထွေ အတွင်းရေးမှူး
  • Jimmy Suanpu - သတင်းနှင့်ပြန်ကြားရေးမှူး

လှုပ်ရှားဧရိယာများ

ဇိုမီးတော်လှန်ရေးတပ်မတော်သည် မဏိပူရပြည်နယ်ရှိ ချူရာချန်ပါခရိုင်၏ အဓိက ဧရိယာများ၊ မဏိပူရပြည်နယ်ရှိ အခြားခရိုင်များ (အထူးသဖြင့် မြန်မာနိုင်ငံနယ်စပ်အနီး) တွင် အဓိကလှုပ်ရှားသည်။ အရေးပါသော လှုပ်ရှားဧရိယာများတွင် မဏိပူရပြည်နယ်နှင့် မီဇိုရမ်ပြည်နယ်၏ နယ်နမိတ်ဒေသများနှင့် မြန်မာနိုင်ငံ ချင်းပြည်နယ်တို့တွင် ဖြစ်သည်။[]

ကိုးကား

ပြင်ပလင့်ခ်များ

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads