ဇီဝဗေဒဆိုင်ရာ မျိုးခွဲခြင်း

From Wikipedia, the free encyclopedia

ဇီဝဗေဒဆိုင်ရာ မျိုးခွဲခြင်း
Remove ads

ဇီဝဆိုင်ရာ အမျိုးအစား ခွဲခြားခြင်းသို့မဟုတ် ဇီဝဗေဒ ပညာရပ် အတွင်း သိပ္ပံနည်းကျ အမျိုးအစား ခွဲခြင်း သက်ရှိများကို ဇီဝဆိုင်ရာ အမျိုးအစား ပေါ်တွင် မူတည်၍ မျိုးစု သို့ မျိုးစိတ် စသည်ဖြင့် အုပ်စုဖွဲ့ခြင်း အမျိုးအစားခွဲခြားခြင်းတို့ပင် ဖြစ်သည်။

Thumb
(ဇီဝမျိုးရိုးခွဲခြားမှုဆိုင်ရာ အဓိကအဆင့်ကြီး) (၈)ဆင့် ရှိသည်။ အခြား အဆင့်ခွဲငယ်များကို ဤနေရာတွင် မပြပါ။

ခေတ်သစ် ဇီဝဗေဒပညာရပ်ဆိုင်ရာ အမျိုးအစားခွဲခြားခြင်းသည် မျိုးစိတ်များကို ရုပ်ပိုင်းဆိုင်ရာ သွင်ပြင်လက္ခဏာပေါ်တွင် မူတည်၍ အုပ်စုဖွဲ့ လေ့လာခဲ့သော ကာရိုးလပ်စ် လင်းနေးယပ်စ် ၏ လုပ်ဆောင်ချက်များမှ အစပြုခဲ့သည်။ ထိုသို့သော အုပ်စုများကို ဒါဝင်၏ အမျိုးတူ ဆင်းသက်မှု နိယာမ အပေါ်တွင် မူတည်၍ ပြန်လည်သုံးသပ် ညှိနှိုင်းခွဲခြားခြင်းများကို ပြုလုပ်ခဲ့သည်။ ဒီအန်အေ ကို အချက်အလက်အဖြစ် အသုံးပြုသော မော်လီကျူလာ ဖိုင်လိုဂျင်နက်တစ် ပညာကြောင့် လတ်တလော ပြန်လည်သုံးသပ်ခြင်း အများအပြားကို ပြုလုပ်ခဲ့ပြီး ဆက်လက်၍လည်း လုပ်ဆောင်သွားမည့် အခြေအနေရှိသည်။ ဇီဝဆိုင်ရာ အမျိုးအစားခွဲခြားခြင်းသည် ဇီဝဆိုင်ရာ စစ်စတမ်မက်တစ် (biological systematics) သိပ္ပံပညာရပ်တွင် ပါဝင်သည်။

Remove ads
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads