ဇီဝမျိုးရိုးခွဲခြားခြင်း အဆင့်
From Wikipedia, the free encyclopedia
Remove ads
ဇီဝမျိုးရိုးခွဲခြားခြင်း အဆင့် (Taxonomic rank) သည် ဇီဝဗေဒ မျိုးရိုးခွဲခြားခြင်း ထက်အောက်စဉ်စနစ်မှ မျိုးခွဲပညာရှင် (taxonomist) တို့မှ တက်ဆွန် (taxon)ဟုခေါ်သော သက်ရှိအုပ်စုတစ်ခု ၏ အဆင့်ကို ဆိုလိုခြင်း ဖြစ်သည်။ မျိုးရိုးခွဲခြားခြင်းဆိုင်ရာ အဆင့်များ၏ ဥပမာအချို့မှာ နယ်ပယ် (domain)၊ လောက (kingdom)၊ မျိုးပေါင်းစု (phylum)၊ မျိုးပေါင်း (class)၊ မျိုးစဉ် (order)၊ မျိုးရင်း (family)၊ မျိုးစု (genus)၊ မျိုးစိတ် (species) စသည်တို့ ဖြစ်သည်။


Remove ads
အဓိက အဆင့်များ
ကားလ် လင်းနီးယပ် (Carl Linnaeus) သည် "Systema Naturae[၁]" ကဲ့သို့သော သူ၏ ထင်ရှားသော စာအုပ်များတွင် လောက (မျိုးဘုံကြီး)၊ မျိုးပေါင်း (မျိုးဂိုဏ်း)၊ မျိုးစဉ် (မျိုးအုပ်)၊ မျိုးစု၊ မျိုးစိတ်နှင့် မျိုးစိတ်ထက် တစ်ဆင့်နိမ့်သော အဆင့်တစ်ခု (စုစုပေါင်း ၆-ဆင့်) ပါဝင်သော ခွဲခြားမှုစနစ်ကိုသာ အသုံးပြုသွားခဲ့သည်။
လက်ရှိခေတ်တွင်မူ အဆိုပါ ဇီဝဗေဒ၏ သိပ္ပံအမည်ပေးခြင်းကို အများသဘောတူ အမည်ပေးစည်းမျဉ်းစနစ်များဖြင့် ကန့်သတ်ထိန်းချုပ်ကာ ပေးကြရန် သဘောတူထားသည်။ ထင်ရှားသော အမည်ပေးစည်းမျဉ်းစနစ်အချို့မှာ -
- အပြည်ပြည်ဆိုင်ရာ ရေညှိ၊ မှို နှင့် အပင်အမည်များဆိုင်ရာ စည်းမျဉ်း (International Code of Nomenclature for algae, fungi, and plants)[၂]
- အပြည်ပြည်ဆိုင်ရာ သတ္တဗေဒအမည်များဆိုင်ရာ စည်းမျဉ်း (International Code of Zoological Nomenclature)[၃]
တို့ဖြစ်ကြသည်။ ၎င်းတို့အရ အဓိကအမျိုးအစားခွဲခြားသတ်မှတ်ချက် အဆင့်ကြီး ၇ ဆင့်မှာ —
- လောက (မျိုးဘုံ) | Kingdom
- မျိုးပေါင်းစု | Phylum
- မျိုးပေါင်း (မျိုးဂိုဏ်း) | Class
- မျိုးစဉ် (မျိုးအုပ်) | Order
- မျိုးရင်း (မျိုးနွယ်) | family
- မျိုးစု | genus
- မျိုးစိတ် | species
တို့ဖြစ်ကြသည်။ အဆိုပါစည်းမျဉ်းတို့တွင် မဖော်ပြထားသော်လည်း (ကားလ်ဝို့ဇ် (Carl Woese) မှအဆိုပြုထားသည့်) နယ်ပယ် (ဒိုမိန်း) (domain သို့မဟုတ် ဒိုမိန်း)ကို ယခုအခါ အခြေခံအဆင့်အဖြစ် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုကြသည်။ ၎င်း နယ်ပယ် (domain သို့မဟုတ် ဒိုမိန်း) အဆင့်သည် ၁၉၇၄-ခုနှစ်တွင် မော (Royall T. Moore) မှ စတင်မိတ်ဆက်ခဲ့သော ဒမင်းနီယမ် (အင်္ဂလိပ်၊ dominion သို့မဟုတ် လက်တင်၊ dominium) နှင့်အဓိပ္ပာယ်တူ စကားလုံးဖြစ်သည်။[၄][၅]
အဓိက မျိုးရိုးခွဲခြားခြင်း အဆင့်များ | ||
လက်တင် | အင်္ဂလိပ် | မြန်မာ |
regio | domain | နယ်ပယ် (ဒိုမိန်း) |
regnum | kingdom | လောက (မျိုးဘုံကြီး) |
phylum | phylum (in zoology) | မျိုးပေါင်းစု[သတ္တဗေဒအသုံး] |
classis | class | မျိုးပေါင်း (မျိုးဂိုဏ်း) |
ordo | order | မျိုးစဉ် (မျိုးအုပ်) |
familia | family | မျိုးရင်း(မျိုးနွယ်) |
genus | genus | မျိုးစု |
species | species | မျိုးစိတ် |
Remove ads
သတ္တဗေဒအသုံး အဆင့်များ
အပြည်ပြည်ဆိုင်ရာ သတ္တဗေဒအမည်များဆိုင်ရာ စည်းမျဉ်း (International Code of Zoological Nomenclature)တွင် မျိုးရင်းကြီး (superfamily)၊ မျိုးရင်း (family)၊ မျိုးရင်းသေး (subfamily)၊ မျိုးဇာတ် (tribe)၊ မျိုးဇာတ်သေး (subtribe)၊ မျိုးစု (genus)၊ မျိုးစုသေး (subgenus)၊ မျိုးစိတ် (species)၊ မျိုးစိတ်သေး (subspecies) တို့အတွက် အဓိပ္ပာယ်ဖွင့်ဆိုချက်များ ရှိသည်။
အပြည်ပြည်ဆိုင်ရာ သတ္တဗေဒအမည်များဆိုင်ရာ စည်းမျဉ်းမှ သိပ္ပံအမည်များကို "မျိုးရင်း-အုပ်စုအမည်များ"၊ "မျိုးစု-အုပ်စုအမည်များ"နှင့် "မျိုးစိတ်-အုပ်စုအမည်များ"ဟူ၍ အုပ်စုခွဲထားသည်။ ဤစည်းမျဉ်းတွင် အောက်ပါ မျိုးရိုးခွဲအဆင့်များကို အတိအလင်း ဖော်ပြထားသည်။
- မျိုးရင်းကြီး (Superfamily)
- မျိုးစုသေး (Subgenus)
- မျိုးစိတ်သေး (Subspecies)
Remove ads
ရုက္ခဗေဒအသုံး အဆင့်များ
အပြည်ပြည်ဆိုင်ရာ ရေညှိ၊ မှို နှင့် အပင်အမည်များဆိုင်ရာ စည်းမျဉ်း (International Code of Nomenclature for algae, fungi, and plants) ၏ စာပိုဒ် ၃.၁ အရ အရေးကြီးဆုံး အဆင့်များမှာ လောက (kingdom)၊ မျိုးပေါင်းစု (division or phylum)၊ မျိုးပေါင်း (class)၊ မျိုးစဉ် (order)၊ မျိုးရင်း (family)၊ မျိုးစု (genus)၊ မျိုးစိတ် (species) တို့ဖြစ်ကြသည်။ စာပိုဒ် ၄.၁ အရ ဒုတိယအဆင့်များမှာ မျိုးဇာတ် (Tribe)၊ section၊ series၊ varietyနှင့် form တို့ ဖြစ်ကြသည်။ ဤစည်းမျဉ်းတွင် အောက်ပါ မျိုးရိုးခွဲအဆင့်များကို အတိအလင်း ဖော်ပြထားသည်။[၆]
အဓိက အဆင့်များ
- ဒုတိယ အဆင့်များ
- နောက်ထပ် အဆင့်ခွဲများ
လောက (kingdom သို့မဟုတ် regnum)
- လောကသေး (subregnum)
မျိုးပေါင်းစု (division သို့မဟုတ် phylum သို့မဟုတ် divisio)
- မျိုးပေါင်းစုသေး (subdivisio သို့မဟုတ် subphylum)
မျိုးပေါင်း (class သို့မဟုတ် classis)
- မျိုးပေါင်းသေး (subclassis)
မျိုးစဉ် (order သို့မဟုတ် ordo)
- မျိုးစဉ်သေး (subordo)
မျိုးရင်း (family သို့မဟုတ် familia)
- မျိုးရင်းသေး (subfamilia)
- မျိုးဇာတ် (tribe သို့မဟုတ် tribus)
- မျိုးဇာတ်သေး (subtribus)
မျိုးစု (genus သို့မဟုတ် genus)
- မျိုးစုသေး (subgenus)
- section (sectio)
- subsection
- series (series)
- subseries
မျိုးစိတ် (species သို့မဟုတ် species)
- မျိုးစိတ်သေး (subspecies)
- variety (varietas)
- subvarietas
- form (forma)
- subforma
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads