ဇော်ဝင်းရှိန် (စီးပွားရေးလုပ်ငန်းရှင်)
မြန်မာလူငယ်စီးပွားရေးလုပ်ငန်းရှင် From Wikipedia, the free encyclopedia
Remove ads
ဦးဇော်ဝင်းရှိန် (၁၅ နိုဝင်ဘာ ၁၉၇၈ ဖွား) သည် [၁] မြန်မာ လူငယ်လုပ်ငန်းရှင်တစ်ဦး ဖြစ်သည်။ [၂] အသက် ၁၉ နှစ် အရွယ် နှင့် မိဘများ၏ လက်ငုတ်လက်ရင်းဆန်စပါးရောင်းဝယ်တင်ပို့မှုမှတဆင့် စီးပွားရေးလောကထဲ သို့ ခြေချလာသူဖြစ်သည်။သူသည်လယ်ယာထွက်ကုန်ကူးသန်းရောင်းဝယ်တင်ပို့မှု အပါအဝင် ဆောက်လုပ်ရေး၊ငွေကြေးကဏ္ဍ၊ကျန်းမာရေးကဏ္ဍ နှင့် စက်မှုမြို့တော် အစရှိသည်တို့ ပါဝင်သော Ayeyar Hinthar Holdings Group ၏ တည်ထောင်သူလည်းဖြစ်သည်။
Remove ads
ငယ်ဘဝနှင့်ပညာရေး
တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးနောက် နိုင်ငံခြားဘာသာတက္ကသိုလ် ဒီပလိုမာသင်တန်း၊ ပထမနှစ်(တရုတ်ဘာသာ) နှင့် ကျောင်းထွက်ခဲ့ကာ ဖခင်ဖြစ်သူ၏ မိသားစု စီးပွားရေးလုပ်ငန်း ဖြစ်သော ဆန်စပါးကဏ္ဍသို့ ဝင်ရောက်သည်။[၃]
စီးပွားရေးနယ်ပယ်သို့ဝင်ရောက်လာခြင်း
၂၀၀၂ ခုနှစ်တွင် ဆောက်လုပ်ရေးနှင့် အလူမီနီယမ် လုပ်ငန်းအား လုပ်ဖော်ကိုင်ဖက်မိတ်ဆွေများနှင့်အတူ စပ်တူလုပ်ကိုင်ရင်း ကိုယ်ပိုင်စီးပွားရေး လုပ်ငန်း အား စတင်သည်။ယင်းနောက် Ayeyar Hinthar Trading Co., Ltd [၄]ကို ရင်းနှီးသည့် သူငယ်ချင်းတစ်ဦးနှင့် တည်ထောင်ခဲ့သည်။
နှစ်အနည်းငယ်အတွင်း ထိုကုမ္ပဏီသည် မြန်မာပြည်၏ အကြီးမားဆုံးဆန်တင်ပို့နိုင်သည့် ကုမ္ပဏီစာရင်းဝင် ဖြစ်လာခဲ့ပြီး[၅][၆][၇][၈] နောက်ပိုင်းတွင် ၎င်း၏စီးပွားရေး လုပ်ငန်းများအားလုံးကို စုစည်း၍ ဧရာဟင်္သာဟိုးလ်ဒင်းကုမ္ပဏီအဖြစ် ပြောင်းလဲ တည်ထောင်ခဲ့သည်။
ဝိတိုရိယဆေးရုံ[၉] အား လုပ်ငန်းရှင်တစ်ဦး အပါအဝင် ဆရာဝန်များ နှင့် ပူးပေါင်း၍ ၂၀၁၁ ခုနှစ်ဇွန်လ ၂၅ရက်တွင်ရန်ကုန်မြို့၌တည်ထောင်ခဲ့သည်။ ၂၀၁၃ ခုနှစ်တွင် အများပိုင်ကုမ္ပဏီဖွဲ့စည်း၍ ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင် ပုသိမ်စက်မှုမြို့တော်အား[၁၀] တည်ထောင်ခဲ့သည့်အပြင်[၁၁][၁၂][၁၃]၂၀၁၄ ခုနှစ်တွင် ဧရာဝတီတောင်သူလယ်သမားများဖွံ့ဖြိုးရေးဘဏ်အား မိတ်ဖက်စီးပွားရေးလုပ်ငန်းရှင်များနှင့် စတင် တည်ထောင်ခဲ့ပြီး ဘဏ်လုပ်ငန်းအားဆောင်ရွက်သည်။
ယင်းအပြင် ရှမ်းပြည်နယ် မြောက်ပိုင်း မိုးမိတ်မြို့အနီး ရွှေလီမြစ်ပေါ်တွင် တည်ဆောက်မည့် ရွှေလီရေအားလျှပ်စစ် ရေကာတာ စီမံကိန်း အပိုင်း ၃ ကိုလည်း ပြင်သစ်နိုင်ငံ Electricite De France S.A (EDF)၊ ဂျပန်နိုင်ငံ Marubeni Corporation တို့နှင့်အတူ လုပ်ပိုင်ခွင့်ရရှိခဲ့သူလည်းဖြစ်သည်။ ဇော်ဝင်းရှိန်သည်[၁၄] ရန်ကုန် စစ်သမိုင်းပြတိုက် နေရာအဟောင်းတွင် ဂျပန်ကုမ္ပဏီများနှင့် ပူးပေါင်းကာ အဆင့်မြင့်ဟိုတယ်နှင့် ရုံးခန်းများပါဝင်သော Y Complex စီမံကိန်းကို လုပ်ကိုင်ခဲ့သူ လည်းဖြစ်သည်။[၁၅] [၁၆][၁၇] [၁၈]
Remove ads
၂၀၂၁ နောက်ပိုင်းအခြေအနေများ
၂၀၂၁ခုနှစ် ဖေဖော်ဝါရီ ၄ရက်နေ့တွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတအိမ်တော် ငုရွှေဝါခန်းမအတွင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးစီးပြုလုပ်သည့် ပုဂ္ဂလိကဘဏ်လုပ်ငန်းရှင်များ တွေ့ဆုံပွဲသို့ ဇော်ဝင်းရှိန် လည်း တက်ရောက်ခဲ့သည်။[၁၉]
ထိုသို့ တက်ရောက်ခဲ့ပြီးနောက်ပိုင်း သူသည် အာဏာပိုင်များ၏ ခေါ်ယူစစ်ဆေးမေးမြန်းခြင်းကို ရက်အနည်းငယ် ခံခဲ့ရသည်။ [၂၀]
ထို့နောက်ပိုင်းတွင် သူသည် စစ်ကောင်စီ က ၂၀၂၃ ခုနှစ် ဇွန် ၂၉ ရက် တွင် ပြုလုပ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော် အတွက် အလှူငွေပေးအပ်ပွဲ၊၂၀၂၄ စက်တင်ဘာ ရေဘေးအလှူပွဲ နှင့် ၂၀၂၅ မြန်မာငလျင်ဘေး ပြန်လည်ထူထောင်ရေးအလှူပွဲ တို့တွင် လူမြင်ကွင်းရှေ့ပြန်လည် ထွက်ပေါ်လာခဲ့သည်။[၂၁][၂၂][၂၃]
စွပ်စွဲခံရမှုများ
သူသည် စစ်အစိုးရ နှင့် နီးစပ်သူတစ်ဦး အဖြစ်လည်းကောင်း၊ အော်ရီဒူးပိုင်ရှင်အသစ် အဖြစ် လည်းကောင်း ပုံဖော်ခံရသည်။[၂၄]တစ်ဖက်တွင်လည်း သူ၏ ဧရာဟင်္သာကုမ္ပဏီ စားသုံးဆီတင်သွင်းခြင်းလုပ်ငန်းသည် ၂၀၂၄ ခုနှစ် ဇွန်လ ထဲတွင် စစ်ကောင်စီ၏ ပိတ်ပင် အရေးယူခြင်းခံခဲ့ရသည်။[၂၅]
မိသားစုဘဝ
ဇော်ဝင်းရှိန်သည် ဇနီးဖြစ်သူ ဒေါ်ရွှေယင်းမာနှင့် လက်ထပ်ခဲ့ပြီး သားသမီး ၃ဦးထွန်းကားခဲ့သည်။
ဂုဏ်ပြုခံရခြင်း
၎င်းသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်ကြော်ငြာစာအမှတ်(၂၁၅/ ၂၀၂၂) ဖြင့် ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၉ ရက်တွင် သီရိပျံချီဘွဲ့ ချီးမြှင့်အပ်နှင်းခြင်းခံရသည်။ [၂၆]
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads