ညီညွတ်သောတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ
From Wikipedia, the free encyclopedia
Remove ads
ညီညွတ်သောတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ (အင်္ဂလိပ်: United Nationalities Democracy Party, အတိုကောက် UNDP) သည် ရန်ကုန်တိုင်းဒေသကြီးအခြေစိုက် နိုင်ငံရေးပါတီ ဖြစ်သည်။ ပါတီဥက္ကဋ္ဌသည် ဦးဒေးဗစ်လှမြင့် ဖြစ်သည်။
Remove ads
နောက်ခံသမိုင်း
ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဒီမိုကရေစီပါတီ (UNDP) သည် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်များ ဦးဆောင်၍ တည်ထောင်ထားသည့် ပါတီဖြစ်သည်။ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် တိုင်းဒေသကြီးများ၌ အဓိကထား ယှဉ်ပြိုင်ခဲ့သည့် ပါတီဖြစ်ပြီး စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA) ၏ အဖွဲ့ဝင်လည်း ဖြစ်သည်။[၁]
ပါတီမှတ်ပုံတင်ခြင်း
အသစ်ပြဋ္ဌာန်းလိုက်သည့် ဥပဒေအရ ပြန်လည်မှတ်ပုံတင်ကြရန် ရွေးကောက်ပွဲကော်မရှင်က ကြေညာခဲ့ပြီးနောက် ၂၀၂၃ ခုနှစ် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းနည်းဥပဒေအရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ မှတ်ပုံတင်ခဲ့ရာ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့တွင် မှတ်ပုံတင်အမှတ် (၃၈) ဖြင့် ခွင့်ပြုခဲ့သည်။[၂]
ပါတီရုံးချုပ်သည် ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ ကျောက်မြောင်း၊ မနောဟရလမ်း၊ ပထမထပ်၊ အမှတ် (၈) တွင် ဖွင့်လှစ်ထားသည်။
Remove ads
ရွေးကောက်ပွဲ ဝင်ပြိုင်မှု
အမျိုးသားလွှတ်တော်
ပြည်သူ့လွှတ်တော်
ပြည်နယ်လွှတ်တော်
တိုင်းရင်းသားရေးရာ ဝန်ကြီးများ
ပြင်ပလင့်ခ်
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads