ညောင်ရမ်းခေတ်

From Wikipedia, the free encyclopedia

Remove ads

ညောင်ရမ်းခေတ် (ခရစ် ၁၅၉၇ မှ ၁၇၅၂)

ပထမအင်းဝခေတ် ပျက်သုန်းပြီးနောက်ပိုင်း တောချုံအဖြစ် ၄-နှစ်မျှဖြစ်နေခဲ့ပြီး အင်းဝမြို့ကို (၁၆)ရာစု နှောင်းပိုင်းကာလတွင် ဒုတိယအကြိမ် ပြန်လည်တည်ထောင်ခဲ့သော မင်းမှာ ညောင်ရမ်းမင်းတရားကြီး ဖြစ်သည်။

ညောင်ရမ်းခေတ်သည် မြန်မာနိုင်ငံအတွက် လေးခုမြောက် ပဒေသရာဇ်ခေတ် ဖြစ်သည်။ တပင်ရွှေထီးဘုရင့်နောင်တို့ ထူထောင်သည့် တောင်ငူ-ဟံသာဝတီခေတ် ပြိုလဲအပြီးတွင် တစ်နယ်တစ်မင်း စစ်ပြိုင်ပြုနေကြသည့် ပဒေသရာဇ်များကြားမှ ညောင်ရမ်းစားရှင်သစ္စာနှင့် သားများက အင်အားကြီးမားလာကာ ညောင်ရမ်းမင်းဆက်ကို တည်ထောင်ကြခြင်းဖြင့် ညောင်ရမ်းခေတ်ဟူ၍ ပေါ်ပေါက်လာသည်။ ညောင်ရမ်းမင်းဆက်မှ ဘုရင်များသည် အင်းဝကိုနန်းစိုက်ရာ မြို့တော်အဖြစ် အသုံးပြုခဲ့ကြသဖြင့် ဒုတိယအင်းဝခေတ် ဟုလည်းခေါ်ကြသေးသည်။ ညောင်ရမ်းခေတ်မှာ ထူးခြားစွာပင် စာဆိုတော်များ၊ ပညာရှိများ ပေါ်ထွန်းလာသည့်အတွက် မြန်မာ့ယဉ်ကျေးမှုတိုးတက်ရေးတွင် အရေးပါသည့် ခေတ်ကာလအဖြစ် သတ်မှတ်ကြသည်။ ညောင်ရမ်းခေတ်တွင် ကြုံတွေ့ခဲ့ရသည့် အဓိကပြဿနာမှာ ရာသီဥတုနှင့် နောက်ပိုင်းကာလ နန်းတွင်းအရှုပ်တော်ပုံများ ဖြစ်သည်ဟု သမိုင်းပညာရှင်များက သုံးသပ်ကြသည်။ ညောင်ရမ်းခေတ်တွင် ညောင်ရမ်းမင်းဆက် (၁၁)ဆက် စိုးစံခဲ့ပြီး မြို့သက်နှစ်ပေါင်း ၁၅၃-နှစ်မျှ ကြာမြင့်ခဲ့သည်။ []

Remove ads

စာဆိုရှင်များ

ညောင်ရမ်းခေတ်တွင် ထင်ရှားသောစာဆိုများမှာ ဝရာဘိသင်္ဃနာထဆရာတော်၊ တောင်ဖီလာဆရာတော်၊ သဒ္ဓမ္မလင်္ကာရဆရာတော်၊ ဦးကုလား၊ ဦးအောင်ကြီး၊ ဟံသာဝတီရောက်မင်းတရားကြီးတို့ဖြစ်သည်။

စာပေများ

ဝရာဘိသင်္ဃနာထဆရာတော်၏ မဏိကုဏ္ဍဝတ္ထုသည် ဘုရားလောင်းသုတသောမမင်း၏ ဇာတ်လမ်းကို မဏ္ဍိုင်ပြုကာ (၅၅၀)ဇာတ်ဝတ္ထုများ ထည့်သွင်းရေးဖွဲ့ထားသော ဝတ္ထုစကားပြေဖြစ်သည်။ တောင်ဖီလာဆရာတော်ရေးသားခဲ့သော ယသဝဍ္ဎနဝတ္ထုသည် ကြီးပွားကြောင်း တရားများကို သာဓကများထားကာ ရေးသားခဲ့သော ဝတ္ထုဖြစ်သည်။ သဒ္ဓမ္မလင်္ကာရဆရာတော်ကလည်း ဓမ္မပဒ ကျမ်းကိုမှီ၍ ရတနာကရဝတ္ထုကို ရေးသားခဲ့သည်။
ညောင်ရမ်းခေတ်တွင် ဝတ္ထုစကားပြေများအကြား၌ ဦးကုလား မဟာရာဇဝင်ကျမ်းကြီး ပေါ်ထွန်းခဲ့သည်။ ဤကျမ်းတွင် သရေခေတ္တရာရာဇဝင်၊ ပုဂံရာဇဝင်၊ ပင်းယရာဇဝင်၊ အင်းဝရာဇဝင်၊ တောင်ငူရာဇဝင် စသည့် အကြောင်းအရာ နှင့် မင်းဆက်တို့၏ အကြောင်းအရာများကို ပြည့်စုံ ပေါ်လွင်အောင် ရေးသားနိုင်ခဲ့သော ရာဇဝင်ကျမ်းဖြစ်သည်။
ညောင်ရမ်းခေတ်တွင် အိုင်ချင်းကဗျာများလည်း ထွန်းကားခဲ့သည်။ အိုင်ချင်းကဗျာများမှာ ကျေးလက်ပြည်သူတို့၏ဘဝကို အရိုးခံအတိုင်း ရေးဖွဲ့ထားသည်။
ညောင်ရမ်းခေတ်တွင် စကားပြေဝတ္ထု၊ ရာဇဝင်၊ ဓမ္မသတ် နှင့် ပြဇာတ်အရေးအသားများ ထွန်းကားခဲ့ပြီး၊ ကဗျာကဏ္ဍတွင် ပျို့၊ တျာချင်း၊ အိုင်ချင်း၊ တေးသီချင်း၊ လူးတားနှင့် ရတုများထွန်းကားခဲ့သည်။

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads