တက္ကသိုလ်ကြယ်ပွင့်
အမျိုးသား စာပေဆုရ တက္ကသိုလ် ကထိက၊ သိပ္ပံစာရေးဆရာတစ်ဦး ဖြစ်သည် From Wikipedia, the free encyclopedia
Remove ads
တက္ကသိုလ်ကြယ်ပွင့် (အမည်ရင်း ဦးမြင့်ဝေ, ၁၉၄၄ - ၂၀၂၂) သည် အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆုများ ရရှိခဲ့သည့် စာရေးဆရာ၊ ရူပဗေဒပညာရှင်နှင့် တက္ကသိုလ်ကထိကဟောင်း တစ်ဦးဖြစ်သည်။ ၎င်းသည် ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၃၀ ရက်နေ့တွင် နေအိမ်၌ ဇနီးဖြစ်သူနှင့်အတူ အနုကြမ်းစီး သတ်ဖြတ်ခံခဲ့ရသည်။ ကွယ်လွန်ချိန်တွင် အသက် ၇၈ နှစ်ရှိပြီဖြစ်သည်။
Remove ads
ငယ်ဘဝနှင့် ပညာရေး
တက္ကသိုလ်ကြယ်ပွင့်ကို ၁၉၄၄ ခုနှစ်တွင် ကယားပြည်နယ်၊ လွိုင်ကော်မြို့၌ အဘ ဦးသိန်းဖေနှင့် အမိ ဒေါ်ရွှေတို့မှ မွေးဖွားခဲ့သည်။ ၁၉၆၁ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ရူပဗေဒ (ဂုဏ်ထူးတန်း) ပထမနှစ် အောင်မြင်ခဲ့ပြီးနောက် ဂျာမနီနိုင်ငံသို့ ပညာသင်ယူရန် သွားရောက်ခဲ့သည်။ လိုက်ပဇစ်တက္ကသိုလ်မှ မဟာသိပ္ပံ ရူပဗေဒဘွဲ့ကို ရရှိခဲ့ပြီးနောက် ရန်ကုန်တက္ကသိုလ်တွင် ပြန်လည်အမှုထမ်းခဲ့သည်။ ၎င်းသည် ရန်ကုန်တက္ကသိုလ် ရူပဗေဒဌာနမှ အငြိမ်းစားကထိကတစ်ဦး ဖြစ်သည်။[၁]
Remove ads
လူမှုရေးလုပ်ငန်းများ
စာပေရေးသားခြင်းအပြင် လူမှုရေးလုပ်ငန်းများတွင်လည်း တက်ကြွစွာ ပါဝင်ခဲ့သည်။ ကယားတိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီ (ရန်ကုန်တက္ကသိုလ်) တွင် ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုဗဟိုကော်မတီ (တက္ကသိုလ်များရန်ကုန်) တွင် တွဲဖက်အထွေထွေအတွင်းရေးမှူးအဖြစ်လည်းကောင်း၊ ရန်ကုန်တက္ကသိုလ် စာပေအနုပညာစိစစ်ရေးအဖွဲ့တွင် အဖွဲ့ဝင်အဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့သည်။[၁]
စာပေလက်ရာများနှင့် ဆုများ
ဦးမြင့်ဝေသည် ရန်ကုန်ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ် ရူပဗေဒဂျာနယ်တွင် တာဝန်ခံစာတည်းအဖြစ် ဆောင်ရွက်ရင်း အခြားသော စာစောင်နှင့် မဂ္ဂဇင်းများတွင် သိပ္ပံဆောင်းပါးများနှင့် ပညာရေးဆောင်းပါးများ ရေးသားခဲ့သည်။
၎င်း၏ ထင်ရှားသော စာအုပ်များမှာ-
- 'ရီလေးတီဗီတီ သီအိုရီ': ဤစာအုပ်ဖြင့် ၁၉၇၃ ခုနှစ်တွင် စာပေဗိမာန်စာမူ ဒုတိယဆု ရရှိခဲ့သည်။
- 'စူပါကြိုးမျှင်လေး သီအိုရီ': ၂၀၀၁ ခုနှစ်တွင် ထုတ်ဝေခဲ့သော ဤစာအုပ်ဖြင့် အမျိုးသားစာပေဆု (သုတပဒေသာ၊ ရိုးရိုးသိပ္ပံ) ကို ရရှိခဲ့သည်။
- 'ကွမ်တမ် သီအိုရီ'
- 'M သီအိုရီနှင့် ကော်စမော်လော်ဂျီ'
- 'အိုင်းစတိုင်း'
- 'စကြဝဠာအနှံ့ သဘာဝအမှန်တရား ရှာပုံတော်ဖွင့်ခြင်း'
၎င်းသည် ရူပဗေဒပညာရပ်ဆိုင်ရာ စာအုပ်ပေါင်းများစွာ ရေးသားထုတ်ဝေခဲ့သည့် ဝါရင့်သိပ္ပံစာရေးဆရာတစ်ဦးဖြစ်သည်။[၂]
ကွယ်လွန်ခြင်း
၂၀၂၂ ခုနှစ် အောက်တိုဘာလ ၃၀ ရက်နေ့ ညပိုင်းတွင် ဦးမြင့်ဝေနှင့် ဇနီးဖြစ်သူ ဒေါ်ခင်ခင်စန်း (အသက် ၇၀ ကျော်) တို့သည် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကန်တော်လေးမြောက်ရပ်ကွက်၊ မန္တလေးလမ်းရှိ ၎င်းတို့၏ တိုက်ခန်းတွင် ဓားဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ရသည်။ ၎င်းတို့၏ ရွှေလက်ဝတ်ရတနာများလည်း ပျောက်ဆုံးနေသောကြောင့် အနုကြမ်းစီး သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်ကြောင်း အခင်းဖြစ်ရာနေရာအနီးရှိ သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။ ရဲတပ်ဖွဲ့က သေဆုံးမှုအတွက် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။ ကွယ်လွန်မီအချိန်အထိ ဆရာကြီး၏ ကျန်းမာရေးမှာ ကောင်းမွန်ခြင်းမရှိဘဲ ခြေခေါက်လဲ၍ ပေါင်အရိုးကျိုးကာ စတီးချောင်းထည့်ထားရပြီး အိပ်ရာထဲမှ မထနိုင်ကြောင်း ဆရာကြီးနှင့် ရင်းနှီးသူများက ဆိုသည်။[၃]
Remove ads
ရေးသားခဲ့သော စာအုပ်များ
- ရီလေတီဗီတီသီအိုရီ (၁၉၇၃)
- ကွမ်တမ်သီအိုရီ (၂၀၀၀)
- စူပါကြိုးမျှင်လေးသီအိုရီ (၂၀၀၁)
- အိုင်းစတိုင်း သူ့ဘဝ၊ သူ့အလုပ်၊ သူ့ဩဇာ (၂၀၀၂)
- နယူထရီနို (၂၀၀၅)
- စကြဝဠာကြီး၏ ခေတ်ကြီး ငါးခေတ် (၂၀၀၉)
- 'စကြဝဠာစုံအနှံ့ သက်ရှိရှာပုံတော်ဖွင့်ခြင်း (၂၀၁၁)
- ဗုဒ္ဓမြတ်စွာဘုရားရှင်နှင့် အိုင်းစတိုင်း သဘောချင်းတိုက်ဆိုင်အဆို (၂၀၁၂)
- စကြဝဠာ အနှံ့ သဘာဝအမှန်တရား ရှာပုံတော်ဖွင့်ခြင်း (၂၀၁၄)
- M-သီအိုရီနှင့် ကော်စမောလော်ဂျီ (၂၀၁၄)
- သိပ္ပံပညာရှင် မွေးမြူနည်းနှင့် အိုင်းစတိုင်း (၂၀၀၁၊ အခြားစာရေးဆရာများနှင့်)
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads