တင်နက်ဆီပြည်နယ်

From Wikipedia, the free encyclopedia

တင်နက်ဆီပြည်နယ်
Remove ads

အ‌မေရိကန်ပြည်‌ထောင်စု၏ အလယ်ပိုင်းပြည်နယ်တစ်ခုဖြစ် ‌သော တင်နက်ဆီ ပြည်နယ်သည် ကင်တပ်ကီးပြည်နယ်၏ ‌တောင်ဘက်တွင်ရှိ၍ အ‌နောက်ဘက် မစ်စစ်စပီမြစ်မှ အ‌ရှေ့ ဘက် ‌မြောက်ကယ်ရိုလီးနားပြည်နယ်အထိ ကျယ်ပြန့်သည်။ ထိုပြည်နယ်၏ အကျယ်အဝန်းမှာ စတုရန်းမိုင်‌ပေါင်း ၄၂၂၄၆ မိုင်ရှိ၍ လူဦး‌ရေမှာ ၁၉၅၀ ပြည့်နှစ် သန်း‌ခေါင် စာရင်းအရ ၃၂၉၁ရ၁၈ ‌ယောက်ဖြစ်၏။ မြို့‌တော်မှာ နက်ရှဗီးမြို့ဖြစ်၍ လူဦး‌ရေမှာ ၁ရ၄၃ဝရ ‌ယောက်ရှိသည်။ အကြီးဆုံးမြို့မှာ မစ်စစ်စပီမြစ်‌ပေါ်တွင်ရှိ‌သော မင်းဖစ်မြို့ဖြစ်၍ လူဦး‌ရေမှာ ၃၉၆၀၀၀ ‌ယောက်ခန့်ရှိ‌လေသည်။

အချက်တိုများ တင်နက်ဆီပြည်နယ်, နိုင်ငံ ...

ထိုပြည်နယ်၏ ‌မြေမျက်နှာပြင်ကို သဘာဝအ‌နေအထား လိုက်၍ သုံးပိုင်းခွဲခြားနိုင်သည်။ ပထမပိုင်းမှာ အ‌ရှေ့ဘက် ‌တောင် တန်း‌ဒေသဖြစ်၍ ထို‌ဒေသတွင် အက်ပလက်ချီယန် ‌တောင်တန်းရှိ၏။ ထို‌တောင်တန်းမှ ‌ကျောက်မီး‌သွေး၊ သံနှင့် ‌ကြေးနီတို့ကို ‌မြောက်မြားစွာ တူး‌ဖော်၇ရှိ‌လေသည်။ ဒုတိယပိုင်း ဖြစ်‌သော အလယ်ပိုင်းမှာ ဂျုံ၊ ‌ပြောင်းနှင့် ‌ဆေးရွက်စိုက်ပျိုးရာ ကျယ်ပြန့်‌သော‌ဒေသဖြစ်သည်။ တတိယပိုင်းဖြစ်‌သော အ‌နောက် ဘက်‌ဒေသမှာ အိုဟိုင်းအိုမြစ်တွင်းသို့ စီးဝင်‌သော တင်နက်ဆီ မြစ် ဖြတ်သန်းစီးဆင်းရာ ‌မြေနိမ့်လွင်ပြင်ဖြစ်၍ ဝါဂွမ်းစိုက်ပျိုး ရာ‌ဒေသဖြစ်၏။

တင်နက်ဆီမြစ်မှ ‌ရေအားကိုယူကာ စက်မှုလုပ်ငန်းများ၌ တွင်ကျယ်စွာ အသုံးချနိုင်သဖြင့် ထိုပြည်နယ်၏ စက်မှုလုပ်ငန်း များမှာ အ‌တော်ပင်တိုးတက်ခဲ့‌လေသည်။ ထိုပြည်နယ်သည် ‌ရှေးအခါက ရက်အင်ဒီးယန်း လူရိုင်းတို့၏‌ဒေသဖြစ်ခဲ့သည်။ ထို‌နောက် ဥ‌ရောပတိုက်သားများ ‌ရောက်ရှိလာ‌သောအခါ အဂင်္လိပ်၊ ပြင်သစ်၊ စပိန် သုံးဦးတို့သည် ထို‌ဒေသကို အပိုင်ရ ရန် ကြိုးစားကြ၏။ သို့‌သော် အဂင်္လိပ်တို့က တိုင်းရင်း သားများနှင့် ပို၍ရင်းနှီးစွာ ဆက်ဆံနိုင်သဖြင့် ထို‌ဒေသကို အဂင်္လိပ်ပိုင်အဖြစ် ပြုလုပ်နိုင်ခဲ့ကြသည်။

တင်နက်ဆီပြည်နယ်သည် အ‌မေရိကန် လွတ်လပ်‌ရေးစစ်ပွဲ အပြီးတွင်မှ တစ်စတစ်စ တိုးတက်လာ၍၊ ၁ရ၉၆ ခုနှစ်တွင် အ‌မေရိကန်ပြည်‌ထောင်စု၏ ၁၆ ခု‌မြောက် ပြည်နယ်တစ်ခု ဖြစ်လာ‌လေသည်။[]

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads