တင်မောင် (ဒေါက်တာ)
From Wikipedia, the free encyclopedia
Remove ads
ဒေါက်တာတင်မောင်သည် ပထမဆုံး ကွန်ပျူတာတက္ကသိုလ် ပါမောက္ခချုပ် ဖြစ်သည်။
ငယ်ဘဝ
ဒေါက်တာတင်မောင်ကို ၁၉၃၄ ခု ဖေဖော်ဝါရီ (၁) ရက်နေ့တွင် ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်း၊ ပုဂံဆောင်၌ ပညာရေးဝန်ကြီး ဦးကာ (ပါမောက္ခချုပ်၊ ရန်ကုန်တက္ကသိုလ်၊ ဥက္ကဋ္ဌ၊ ရာထူးဝန်အဖွဲ့)နှင့် ဒေါ်သိန်းရင်တို့မှ ဖွားမြင်သည်။
ပညာရေး
၁၉၃၉ ခုSt. Philomena’s Convent E.H.S တွင် Edward Ka အမည်နှင့် ကျောင်းပညာစသင်သည်။ မန္တလေး St. Josephs Convent E.H.S တွင် ပညာဆက်သင်သည်။
၁၉၅၂ မှာ ၁၉၅၆ အထိ ဥပစာသိပ္ပံမှ ဒုတိယရသည်။ သင်္ချာဂုဏ်ထူးတန်းကို ထူးချွန်စွာ တက်ရောက်ခွင့်ရသည်။ ၁၉၅၆ ခု အောက်တိုဘာလတွင် လန်ဒန်တက္ကသိုလ်၌ ဂုဏ်ထူးတန်း တက်ရောက်သည်။B.Sc (Special) သင်္ချာကို ပထမတန်းဂုဏ်ထူး First Class Honours ဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့သည်။
၁၉၅၇ တွင် M.Sc (Maths) သင်္ချာမဟာသိပ္ပံဘွဲ့ကို ဂုဏ်ထူးဖြင့် အောင်မြင်သည်။ အင်္ဂလန်နိုင်ငံ Cambridge Universityတွင် ပါရဂူဘွဲ့အတွက် ဆက်လက်သင်ကြားသည်။
Remove ads
ပါမောက္ခချုပ်
၁၉၅၈ မှ ၁၉၇၆ အထိ ရန်ကုန်တက္ကသိုလ်တွင် သင်္ချာကထိကအဖြစ် တာဝန်ထမ်းဆောင်သည်။ ထိုတောအတွင်း ၁၉၇ဝ အောက်တိုဘာလမှ ၁၉၇၅ မတ်လအထိ လန်ဒန်တက္ကသိုလ်သို့ ပါရဂူဘွဲ့အတွက် ထပ်မံသွားရောက်ခဲ့သည်။
၁၉၇၆ တွင် တက္ကသိုလ်များ ကွန်ပျူတာဌာန (U.C.C) သို့ ညွှန်ကြားရေးမှူးရာထူးနှင့် ရောက်ရှိတာဝန် ထမ်းဆောင်သည်။ ၁၉၈၅ အောက်တိုဘာလတွင် မန္တလေးတိုင်း ပျော်ဘွယ်မြို့နယ် အမှတ်(၂) ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ရသည်။ သိပ္ပံနှင့် နည်းပညာရေးရာ ကော်မတီဝင်ဖြစ်သည်။
၁၉၈၆ တွင် ရန်ကုန်တက္ကသိုလ် ကွန်ပျူတာဌာန၊ သိပ္ပံဌာန ဌာနမှူးတာဝန်ကို (U.C.C) ညွှန်ကြားရေးမှူးရာထူးနှင့် တွဲဖက်ထမ်းဆောင်သည်။
၁၉၈၈ မတ်လ ၂၉ ရက်တွင် တက္ကသိုလ်များကွန်ပျူတာဌာနနှင့် ကွန်ပျူတာသိပ္ပံဌာနကို ပူးပေါင်းပြီး ကွန်ပျူတာတက္ကသိုလ်ဟူ၍ ဖွင့်လှစ်ရာ ထိုတက္ကသိုလ်၌ ဒုတိယပါမောက္ခချုပ်အဖြစ် တာဝန်ထမ်းဆောင်သည်။
၁၉၈၉ ဇန်နဝါရီ ၁၂ ရက်တွင် ကွန်ပျူတာတက္ကသိုလ်၏ ပထမဆုံး ပါမောက္ခချုပ်အဖြစ် တာဝန်ထမ်းဆောင်သည်။
၁၉၉၄ ခုနှစ်တွင် ပါမောက္ခချုပ်အဖြစ်မှ အငြိမ်းစားယူခဲ့သည်။
၁၉၉၈ တွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၌ အကြံပေးအရာရှိအဖြစ် ဆောင်ရွက်သည်။ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည်။
ဘဝနိဂုံး
မြန်မာနိုင်ငံနည်းပညာရှင်များအဖွဲ့ အမှုဆောင်ဖြစ်သည်။ ၂၀ဝ၁ ခုနှစ် နိုဝင်ဘာ ၁၄ ရက်တွင် ကွယ်လွန်ခဲ့သည်။ [၁]
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads