တင်ရွှေ (မုံရွာ)

From Wikipedia, the free encyclopedia

Remove ads

တင်ရွှေ (မုံရွာ) (၁၇ ဧပြီ ၁၉၃၀ - ၈ ဇွန် ၁၉၉၇) သည် မြန်မာ့နိုင်ငံရေးသမား ဖြစ်သည်။ မန္တလေးတက္ကသိုလ် ကျောင်းသား ခေါင်းဆောင်ဟောင်းလည်းဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဖွဲ့စည်းရာတွင် တတ်သိပညာရှင်အဖွဲ့မှနေ၍ ပါဝင်ခဲ့ပြီး ဗဟို ကော်မတီဝင်တဦး အဖြစ်၊ မန္တလေးတိုင်း စည်းရုံးရေးမှူး တာဝန်ယူခဲ့သူဖြစ်သည်။သူသည် နိုင်ငံရေးယုံကြည်ချက်ကြောင့် အကျဉ်းချခံခဲ့ရပြီးနောက် ကွယ်လွန်ခဲ့သူဖြစ်သည်။

အချက်တိုများ မုံရွာတင်ရွှေ, မွေးဖွား ...
Remove ads

ငယ်ဘဝ နှင့် ပညာရေး

မုံရွာ တင်ရွှေ ကို ၁၉၃ဝခုနှစ်၊ ဧပြီလ(၁၇)ရက်နေ့တွင် အဖ ဦးဘပို၊ အမိ ဒေါ်သောင်းရင်တို့မှ မုံရွာမြို့နယ်ကိုးတန်း(ခိုးသန်း) ရွာတွင် မွေးဖွားခဲ့သည်။ မွေးချင်း ၅ယောက်အနက် အကြီးဆုံးဖြစ်သည်။၁၉၅၀ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အောင်မြင်ခဲ့ပြီး ရန်ကုန်တက္ကသိုလ်တွင် ပညာသင်ကြားခဲ့သည်။ယင်းနောက် မန္တလေးတက္ကသိုလ် သို့ ပြောင်းရွှေ့ ပညာသင်သည်။ဆက်၍ ရန်ကုန်တက္ကသိုလ် သို့ ဥပဒေပညာသင်ယူရန် ပြန်ပြောင်းပြီး ၁၉၆၅ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဘီအေဘွဲ့ ရခဲ့သည်။

Remove ads

ဘဝဖြတ်သန်းမှု

၁၉၅ဝ ခုနှစ်မှ ၁၉၅၈ ခုနှစ် အတွင်း ရန်ကုန်နှင့် မန္တလေး ကျောင်းသား လှုပ်ရှားမှုတွင် ရှေ့တန်းမှ ပါဝင် လှုပ်ရှားခဲ့သည်။ မန္တလေးတက္ကသိုလ် ကျောင်းသားသမဂ္ဂအတွင်းရေးမှူး နှင့် အဖွဲ့ဝင်လည်း ဖြစ်သည်။ကျောင်းသားလှုပ်ရှားမှုများဆောင်ရွက်နေစဉ် တကသ ခေါင်းဆောင် အဖြစ်နှင့် တရုတ်ပြည်က ဖိတ်ကြား၍ သွားခဲ့ရဖူးသည်။၁၉၆ဝခုနှစ် မှ ၁၉၇၆ ခုနှစ်အထိ ဆိုဗီယက် သံရုံး၏ ပြန်ကြားရေး ဌာနမှာ တွင် ဘာသာပြန် အယ်ဒီတာ အဖြစ် ဝင်ရောက် လုပ်ကိုင်သည်။ထိုသို့ ဆိုဗီယက် ပြန်ကြားရေး ဌာနတွင် အလုပ်လုပ်ရင်း တရုတ် ကွန်မြူနစ် ခေါင်းဆောင် ချူအင်လိုင်း ၏ အတ္ထုပ္ပတ္တိ စာအုပ်ကို ဘာသာပြန် ထုတ်ဝေရာ အလုပ် ပြုတ်ခဲ့သည်။ ၁၉၆ဝခုနှစ် မှ ၆၃ ခုနှစ်များ အတွင်း ဆရာကြီး သခင်ကိုယ်တော်မှိုင်း ဦးဆောင်ခဲ့သော ပြည်တွင်း ငြိမ်းချမ်းရေး အဖွဲ့တွင် ပါဝင်ခဲ့ပြီး အတွင်းရေးမှူး အဖွဲ့ဝင် တဦး ဖြစ်ခဲ့သည်။ဆရာကြီး အား ကမ္ဘာ့သတင်း၊ ဗမာ့ သတင်းများ ဖတ်ပြရသူများထဲ ပါဝင်ခဲ့သည့်အပြင် ဆရာကြီး၏ မှတ်ချက် ဝေဖန်ချက်များအား လည်း နာယူ မှတ်သားကြရသူများထဲပါဝင်ခဲ့၍ ၎င်းသည် မှိုင်းဗေဒ ပညာရှင် တဦး ဟု အသိအမှတ် ပြုခံခဲ့ရသည်။သူသည် ၁၉၆၇ ခုနှစ်တွင် မန္တလေး အနောက်ကျုံးထိပ်ရှိ၊ ဓမ္မဗိမ္မာန် တွင် ကျင်းပသည့် စာတမ်း ဖတ်ပွဲ တွင် ဆရာကြီး သခင် ကိုယ်တော်မှိုင်းခေတ်၊ သခင် ကိုယ်တော်မှိုင်းစာ ဆိုသည့် စာတမ်း တစောင်အား ဖတ်ခဲ့သည်။ယင်း စာတမ်းသည် ၁၉၆၈ ခုနှစ် တွင် သီးခြား စာအုပ် ထွက်ရှိသည်။သူသည် လူထု သတင်းစာ တွင် မှိုင်း စာပေ ဆောင်းပါးများလည်း ရေးသားခဲ့သည်။ ရန်ကုန်ခရိုင် ပြည်တွင်း ငြိမ်းချမ်းရေး အဖွဲ့၏ အတွင်းရေးမှူး တာဝန်ယူခဲ့သည်။ဆရာကြီး သခင် ကိုယ်တော်မှိုင်း နှင့် အတူတွဲလုပ်ရာမှ ဆရာကြီး အတ္ထုပ္ပတ္တိကို ရေးသားရန် ကြိုးစား အားထုတ်ပြီး ဆရာကြီး အကြောင်း ဆောင်းပါး အများအပြား ရေးသားခဲ့သည်။ရှေ့နေ လောကတွင် ကျော်ကြားသော ပုဂ္ဂိုလ် တဦးလည်းဖြစ်ခဲ့ပြီး ရှေ့နေ အသင်းတွင် ဒု-ဥက္ကဋ္ဌ တာဝန်ယူခဲ့သည်။ မုံရွာ တင်ရွှေ အမည်ဖြင့် ‘ပြစ်မှုဆိုင်ရာ ဥပဒေ’ စာအုပ်ကို ရေးသား ပြုစုခဲ့သည်။

Remove ads

နိုင်ငံရေးဖြတ်သန်းမှု

မဆလခေတ် ၁၉၈၃ - ၈၄ခုနှစ် တွင် ပဲခူးရိုးမ က ရောက်ရှိလာသည့် ဖမ်းဆီးခံ နိုင်ငံရေးအကျဉ်းသားရဲဘော် အားလုံး၏ တရားခံ အကျိုးဆောင် အဖြစ် တရားရုံးတော် တွင် အမှုလိုက်ပါဆောင်ရွက်ခဲ့သည်။၈၈ ရှစ်လေးလုံးအရေးတော်ပုံ တွင် စစ်ပြီးခေတ်နှင့် လွတ်လပ်ရေး ရပြီးခေတ် ကျောင်းသား သမဂ္ဂ အဖွဲ့ဝင်ဟောင်းများနှင့် လက်တွဲပြီး တိုက်ပွဲဝင်ခဲ့သည်။ မြန်မာနိုင်ငံ ရှေ့နေ အသင်း မှတဆင့်လည်း တိုက်ပွဲဝင်ခဲ့သည်။NLD စတင် တည်ထောင်စဉ်က ဗဟိုဦးစီးအဖွဲ့ဝင် တဦးဖြစ်ကာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အတတ်ပညာရှင် ၁၄ ဦးတွင် တဦး အပါအဝင် ဖြစ်သည်။ မန္တလေးတိုင်း NLD တာဝန်ခံ ဖြစ်ပြီး၊ အဖွဲ့ချုပ်၏ တာဝန်များကို တက်ကြွစွာ ထမ်းဆောင်ခဲ့သည်။ ၁၉၉ဝ ခုနှစ်၊ စက်တင်ဘာလတွင် ပြည်သူလူထုအား မငြိမ်မသက် ဖြစ်စေရန် လုပ်ဆောင်မှုနှင့် စင်ပြိုင် အစိုးရ ဖွဲ့စည်းရန် ကြိုးပမ်းမှုအစရှိသည့် စွပ်စွဲချက်များဖြင့် နဝတက ထောင်ချခဲ့သည်။ ထောင်ဒဏ်ကို နောက်ပိုင်းတွင် နဝတက ထပ်၍ တိုးခဲ့သည်။ ဦးတင်ရွှေအား မည်သည်ထောင်တွင် ထားသည်ကို ထုတ်ဖော်မပြောခဲ့ပေ။

ဘဝနိဂုံး

ထောင်ဒဏ်ကျခံနေရစဉ် ၁၉၉၇ ခုနှစ် တွင် နှလုံးရောဂါကြောင့် ၂ ကြိမ်တိုင်အောင် ဆေးဝါး ကုသ ပေးခဲ့ရသည်ဟု နဝတက ထုတ်ဖော် ပြောဆိုခဲ့သည်။ဤသို့ နဝတ စစ်အာဏာရှင်များ၏ ဖမ်းဆီး ထောင်သွင်း အကျဉ်းချထားခြင်း ခံနေရာက ၁၉၉၇ ခုနှစ်၊ ဇွန်လ ၈ ရက် တနင်္ဂနွေနေ့တွင် ဦးတင်ရွှေ (မုံရွာ) အသက် ၆၇ နှစ် သည် ရန်ကုန် ဆေးရုံကြီး၌ ဆုံးပါးသွားခဲ့သည်။ [][]

ကိုးကားချက်

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads