တနင်္ဂနွေနေ့

ရက်သတ္တပတ်၏နေ့ From Wikipedia, the free encyclopedia

Remove ads

တနင်္ဂနွေ သည် စနေနှင့် တနင်္လာကြားဖြစ်ပြီး ဂရီဂိုရီပြက္ခဒိန် အရ အမေရိကနှင့် ခရစ်ယာန်နိုင်ငံများတွင် ပထမဆုံးနေ့စွဲဖြစ်သည်။


ရာဇမတ္တဏ်ကျမ်း၌ တနင်္ဂနွေဟူသော အမည်သည် တနင်္ဂနွေဂြိုဟ်ကို စွဲ၍ မှည့်ခေါ်သောအမည်ဖြစ်သည်။ တနင်္ဂနွေ ဂြိုဟ်သည် အင်္ဂတိုင်းသား ကဿပရသေ့၏ ဇနီး၊ အဒိတိတွင်မြင်သော သားဖြစ်သည်။ ဒိနင်္ကရ ဟူသောပါဠိမှ ပုဒ်ပျက်၍ တနင်္ဂနွေ ဖြစ်လာသည်။ အလားတူပင် တနင်္လာဟူသော အမည်မှာ ပါဠိလို သသ လဉ္စနောမှ အဆင့်ဆင့် ပုဒ်ပျက်၍ ယဝနတိုင်းရှိ ခီရောဒခေါ် နို့ရည်သမုဒ္ဒရာမှ ဖြစ်ထွန်းသော တနင်္လာဂြိုဟ် ကို အစွဲပြု၍ ခေါ်သော အမည် ဖြစ်၏ဟု ဆိုသည်။ ဦးဖိုးလတ်ကမူ ပုဂံကျောက်စာ အရေးအသား၌ "တန်နှင်ကုနုယ်၊ တန်နှင်ကုနွေ၊ တန်နှင်ကနွေ" ဟု ရှိသည်။ "တန်နှင်" ကို မြန်မာဘာသာနှင့် နှီးနွယ်သော ရောင်းရင်းဘာသာစကားတို့နှင့် ချင့်ချိန်၍ အဓိပ္ပာယ်ကောက်သောအခါ "နေ့" ဟု အဓိပ္ပာယ် ရသည်။ "ကုနုယ်၊ ကုနွေ၊ ကနွေ" ဟူသည်ကား"နေ" ကို ဟောသည်။ ထို့ကြောင့် "တန်နှင်ကုနုယ်" မှာ "နေနေ့" ဟု အဓိပ္ပာယ် ရသည်။ နေမင်းကို အစွဲပြု၍ ခေါ်ခြင်းဖြစ်သည်။ []

Remove ads

ဂြိုဟ်အဆင်းအရောင်

  • ဂြိုဟ်သက် (၆)နှစ်၊
  • ဂဠုန်
  • အရှေ့မြောက်အရပ်၊
  • ပါပဂြိုဟ်
  • အနီ၊ အညို၊ အနီရောသောအဆင်း၊
  • အ၊ အာ၊ ဣ၊ ဤ၊ ဥ၊ ဦ၊ ဧ၊ ဩ၊
  • ဂျွန်းလူမျိုး

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads