အမေရိက

တိုက် From Wikipedia, the free encyclopedia

အမေရိက
Remove ads

အမေရိက ဟူသည် အနောက်ကမ္ဘာလုံးခြမ်းရှိ မြောက်အမေရိက နှင့် တောင်အမေရိက တိုက်နှစ်ခု၏ ကုန်းမြေများကို ပေါင်း၍ ခေါ်ဆိုထားခြင်း ဖြစ်သည်။ ကမ္ဘာသစ် ဟူ၍လည်း ခေါ်ကြသေးသည်။ ဆက်စပ်နေသော ကျွန်းစုများကိုပါ ထည့်သွင်းရေတွက်ပါက အမေရိက သည် ကမ္ဘာ့မျက်နှာပြင်စုစုပေါင်း၏ ၈.၃% (ကမ္ဘာ့မြေမျက်နှာပြင်၏ ၂၈.၄%) ကိုဖုံးလွှမ်းထားသည်။

အချက်တိုများ ဧရိယာ, လူဦးရေ ...
Remove ads

သမိုင်းကြောင်း

ဘီစီ ၄၀၀၀၀ နှင့် ဘီစီ ၁၅၀၀၀ အကြားလောက်တွင် အာရှမှ လူများ အမေရိကသို့ ရောက်ရှိ အခြေချခဲ့ကြသည်။ ဒုတိယမြောက် ပြောင်းရွေ့အခြေချသူများမှာ အာရှမှ နဒီနိုက်စကားပြောသူများ ဖြစ်ကြသည်။ ၃၅၀၀ ဘီစီဝန်းကျင်တွင် အင်နူရစ်လူမျိုးများ နီယိုအာတိတ် (မြောက်အမေရိကအာတိတ်ဒေသ) သို့ပြောင်းရွေ့နေထိုင်မှု၏ အကျိုးဆက်ကြောင့် အမေရိက၏ ဒေသခံလူမျိုးများ ဖြစ်ပေါ်လာခဲ့သည်။

အမေရိကသို့ ဥရောပမှ ဦးစွာအခြေချသူမှာ နော့စ်လူမျိုး နယ်သစ်ရှာဖွေသူ Leif Erikson ဖြစ်သည်။[] သို့သော်လည်း နယ်ချဲ့မှုမှာ အတည်တကျဖြစ်မလာပဲ နောက်ပိုင်းတွင် စွန့်ခွာသွားခဲ့သည်။ ၁၄၉၂ မှ ၁၅၀၂ ခုနှစ်အကြား ခရစ္စတိုဖာ ကိုလံဘတ်၏ ရေကြောင်းခရီးက အမေရိကသို့ ဥရောပ၏တန်ခိုးအာဏာ လွှမ်းခြုံစေခဲ့သည်။ ဥရောပနှင့် အာဖရိကမှ ရောဂါများက ဒေသခံလူမျိုးများအား အကြီးအကျယ် ထိခိုက်ခဲ့သည်။ အလုပ်သမားမြောက်မြားစွာပါဝင်သော ဥရောပသားများ အကြီးအကျယ် ရွေ့ပြောင်းလာမှုနှင့် အာဖရိကကျွန်များအား အတင်းအကြပ် ရွေ့ပြောင်းစေမှုတို့က ဒေသခံလူမျိုးများနေရာကို အစားထိုးယူခဲ့သည်။ ၁၇၇၆ ခုနှစ် အမေရိကန်တော်လှန်ရေးနှင့် ၁၇၉၁ ခုနှစ် ဟေရှန်တော်လှန်ရေးများက ဥရောပ၏ အမေရိက ကိုလိုနီများကို လက်လွှတ်ခဲ့ရသည်။

ယခုအချိန်တွင် အမေရိကမှ လူများမှာ လွတ်လပ်သောနိုင်ငံများတွင် နေထိုင်နေကြသော်လည်း ဥရောပသားများ၏ ပြောင်းရွေ့အခြေချမှုနှင့် ကိုလိုနီပြုမှုတို့က ဥရောပယဉ်ကျေးမှုများဖြစ်သည့် ခရစ်ယာန်ဘာသာ၊ အင်ဒိုယူရိုပီယန်ဘာသာစကားများ (အဓိကအားဖြင့် စပိန်ဘာသာ၊ အင်္ဂလိပ်ဘာသာ နှင့် ပေါ်တူဂီဘာသာ) ကို အမေရိကသို့ ရောက်ရှိပြန့်နှံ့စေခဲ့သည်။

အမေရိကတွင် လူဦးရေ သန်းကိုးရာခန့် နေထိုင်လျက်ရှိကြသည်။ လူဦးရေအထူထပ်ဆုံးနိုင်ငံများမှ အမေရိကန်ပြည်ထောင်စုဘရာဇီးနိုင်ငံနှင့် မက္ကဆီကိုနိုင်ငံများ ဖြစ်ကြပြီး လူဦးရေအထူထပ်ဆုံးမြို့များမှာ ဆောပိုလိုမြို့မက္ကဆီကိုမြို့နှင့် နယူးယောက်မြို့တို့ ဖြစ်ကြသည်။

Remove ads

နိုင်ငံများနှင့် နယ်မြေဒေသများ

နောက်ထပ် အချက်အလက်များ နိုင်ငံ သို့ ဒေသ, ဧရိယာ (km²) ...
Remove ads

မှတ်ချက်များ

  1. Includes the US state of Hawaii, which is distant from the North American landmass in the Pacific Ocean and therefore more commonly associated with the other territories of Oceania.

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads