တန်ဂန်ရီကာအိုင်

From Wikipedia, the free encyclopedia

တန်ဂန်ရီကာအိုင်
Remove ads

တန်ဂန်ရီကာအိုင်သည် အာဖရိကတွင် ရှိသော ရေအိုင်ကြီးဖြစ်သည်။ ကမ္ဘာပေါ်တွင် ရေထုထည် အားဖြင့် ဒုတိယ အကြီးဆုံးသော ရေချိုအိုင် အဖြစ် ယူဆရပြီး ဆိုက်ဘေးရီးယားရှိ ဘိုင်ကယ်အိုင် ပြီးလျှင် ဒုတိယမြောက် အနက်ဆုံး ရေအိုင် ဖြစ်သည်။ ကမ္ဘာပေါ်တွင် အရှည်လျားဆုံးသော ရေချိုအိုင်ကြီး ဖြစ်သည်။ ထိုအိုင်ကြီးသည် ဘူရွန်ဒီနိုင်ငံကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံတန်ဇေးနီးယားနိုင်ငံ နှင့် ဇမ်ဘီယာနိုင်ငံ ၄ နိုင်ငံတို့၏ နယ်နိမိတ် အတွင်းတွင် တည်ရှိပြီး ကွန်ဂိုဒီမိုကရက်တစ် သမ္မတနိုင်ငံ၏ နယ်နိမိတ် အတွင်း ၄၅ ရာခိုင်နှုန်း နှင့် တန်ဇေးနီးယားနိုင်ငံ၏ နယ်နိမိတ် အတွင်း ၄၁ ရာခိုင်နှုန်း ပါဝင်သည်။ ထိုအိုင်အတွင်းမှ ရေများသည် ကွန်ဂိုမြစ် နှင့် မြစ်ခွဲများအတွင်း စီးဝင်ကြပြီး နောက်ဆုံးတွင် အတ္တလန္တိတ် သမုဒ္ဒရာ အတွင်းသို့ စီးဝင်ကြသည်။

Thumb
တန်ဂန်ရီကာအိုင်
Remove ads
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads