ဘိုင်ကယ်အိုင်
ရုရှားနိုင်ငံရှိ ရေအိုင် From Wikipedia, the free encyclopedia
Remove ads
ဘိုင်ကယ်အိုင် (အင်္ဂလိပ်: Lake Baikal; ရုရှား: о́зеро Байка́л, tr. Ozero Baykal, IPA: [ˈozʲɪrə bɐjˈkɑl]; တမ်းပလိတ်:Lang-bxr, မွန်ဂိုးလီးယား: Байгал нуур, Baygal nuur၊ အဓိပ္ပာယ် "သဘာဝအိုင်";[၃])သည် ကမ္ဘာပေါ်တွင် ရှေးအကျဆုံး ရေကန်ဖြစ်ပြီး လွန်ခဲ့သော နှစ်ပေါင်း သန်း ၃၀ ခန့်ကတည်းကပင် တည်ရှိခဲ့သည်။ ကမ္ဘာပေါ်တွင် အနက်ဆုံးသော အိုင် ဖြစ်ပြီး ပျမ်းမျှ အနက် ၇၄၄.၄ မီတာခန့်မျှ ရှိသည်။
ရုရှားနိုင်ငံ ဆိုက်ဘေးရီးယားဒေသ တောင်ပိုင်း အာကွတ် အိုဘလတ်စ် အုပ်ချုပ်ရေး ဒေသ (Irkutsk Oblast) နှင့် ရုရှားနိုင်ငံ၏ တစိတ်အပိုင်း ဖြစ်သော ဘားရတ်နိုင်ငံ (Buryat Republic) တို့ ကြားတွင် တည်ရှိသည်။ ကမ္ဘာပေါ်တွင် ထုထည် အများဆုံး ရေချိုရေကန်ဖြစ်ပြီး ကမ္ဘာပေါ်ရှိ အေးခဲမနေသော ရေချိုများ၏ ၂၀ ရာခိုင်နှုန်းမျှ ရှိသည်။
အနက်အားဖြင့် ၅,၃၈၇ပေ( ၁၆၄၂ မီတာ) မျှ နက်သဖြင့် ဘိုင်ကယ်အိုင်သည် ကမ္ဘာပေါ်ရှိ ရေအိုင်များတွင် အနက်ဆုံး နှင့် အကြည်လင်ဆုံး ရေအိုင်ဖြစ်သည်။ ဘိုင်ကယ်အိုင်သည် တန်ဂန်ရီကာအိုင် ကဲ့သို့ပင် ရှေးခေတ်ကာလက ကျောက်လွှာများ ရွေ့လျားမှုကြောင့် ပေါ်ပေါက်လာသော ရေအိုင် ဖြစ်ပြီး လခြမ်းပုံသဏ္ဌန် ရှည်မျောမျော ရှိသည်။ ရေမျက်နှာပြင် ဧရိယာ ၁၂,၂၄၈ စတုရန်းမိုင် (၃၁,၇၇၂ စတုရန်း ကီလိုမီတာ) မျှ ရှိပြီး ဆူပီးရီးယားအိုင်နှင့် ဝိတိုရိယအိုင် တို့ထက် မျက်နှာပြင် ဧရိယာအားဖြင့် သေးငယ်သည်။ ဘိုင်ကယ်အိုင်သည် အပင်နှင့် သတ္တဝါ မျိုးစိတ်ပေါင်း ၁၇၀၀ တို့ နေထိုင်ရာ နေရာဖြစ်ပြီး ၎င်းတို့၏ သုံးပုံ နှစ်ပုံကို ကမ္ဘာပေါ်ရှိ အခြားမည်သည့်နေရာတွင်မျှ မတွေ့နိုင်ပေ။ ယူနက်စကိုမှ ကမ္ဘာ့အမွေအနှစ်နေရာ အဖြစ် ၁၉၉၆ ခုနှစ်တွင် ကြေညာခဲ့သည်။ ထို့အပြင် ထိုဒေသသည် ဘားရတ်လူမျိုးစုတို့ နေထိုင်ရာ နေရာဖြစ်ပြီး ထိုလူမျိုးစုတို့သည် ကန်၏ အရှေ့ခြမ်းတွင် နေထိုင်ကြကာ ဆိတ်၊ ကုလားအုပ်၊ နွား၊ သိုး စသည်တို့ကို မွေးမြူကြသည်။ ဒေသ အပူချိန်သည် ဆောင်းရာသီတွင် အနှုတ် ၁၉ ဒီဂရီ ဆဲလ်စီးယပ် (-၂ ဒီဂရီ ဖာရင်ဟိုက်) မှ နွေရာသီတွင် ၁၄ ဒီဂရီ ဆဲလ်စီးယပ် (၅၇ ဒီဂရီ ဖာရင်ဟိုက်) အထိ ပြောင်းလဲမှု ရှိသည်။ ဘိုင်ကယ်အိုင်ကို "ညီအမအိုင်များ၏ အစ်မကြီး" ဟု တင်စား ခေါ်ဝေါ်လေ့ ရှိကြသည်။
Remove ads
ဓာတ်ပုံများ
- OrbView-2 ဂြိုဟ်တုမှတစ်ဆင့် တွေ့မြင်ရစဉ်
- ရေခဲလျက်ရှိသော ဘိုင်ကယ်အိုင်
- ဘိုင်ကယ်အိုင်၏ မြစ်လက်တက်ဖြစ်သော ဆယ်လင်ဂါမြစ်ဝကျွန်းပေါ်ဒေသ
- ဘိုင်ကယ်အိုင်မှ တွေ့မြင်ရသော တောင်တန်းများ
- ဘိုက်ကယ်အိုင်မြင်ကွင်း
- ရေအိုင်တွင်းရှိ အော်ခွန်ကျွန်းပေါ်မှ ရှမန်ကျောက်ဆောင်
- ဧပြီအစောပိုင်းတွင် ရေခဲနေသော ဘိုင်ကယ်အိုင်ကမ်းစပ်
- ဘိုင်ကယ်အိုင်အတွင်းမှ ဖျံအုပ်စု
- ၁၉ ရာစုနှောင်းပိုင်း ရေနွေးငွေ့သုံး ရေခဲခွဲသင်္ဘော Baikal
- အော်ခွန်ကျွန်းသို့ ပြေးဆွဲသော ဖယ်ရီ
- ဘိုင်ကယ်အိုင်ရှိ အန်ဂါရာမြစ်အစ
Remove ads
ကိုးကား
ပြင်ပလင့်ခ်များ
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads