ပြန့်ပြူးမှု
From Wikipedia, the free encyclopedia
Remove ads
အာကာသဟူသော နေရာရပ်ဝန်းသဘောတရား တစ်ခု သို့မဟုတ် အာကာသ-အချိန်၏ တပြန့်ညီမှု (အင်္ဂလိပ်: flatness) ဆိုသည်မှာ ၎င်းအမှတ်ချအိမ် (coordinate system) ၏ အခြေခံဗှတ္တာ (basis) များက မည်သည့်နေရာ၊ မည်သည့်အချိန် ပြောင်းသော်လည်း အသွင်မပြောင်းခြင်းကို ဆိုလိုသည်။ တနည်းအားဖြင့် တာယွင်းမှု (curvature) မရှိခြင်း၊ ယူကလစ်ဒ် စပေ့စ်ကဲ့သို့ ဖြစ်နေခြင်းကို ဆိုလိုသည်။
ဂျီဩမေတြီ သဘောတရားနှင့် အမည်ပေးပုံ
သဘောတရားအားဖြင့် တိုင်းကြောင်း(dimension) အရေတွက် n − 1 ရှိသော စပေ့စ်တိုင်းအတွင်း၌ တိုင်းကြောင်းအရေအတွက် 0 မှ n − 1 အတွင်း ရှိလျက် တပြန့်ညီသော ဂျီဩမေတြီ ဝတ္ထုများ တည်ရှိနိုင်ကောင်း၏။[၁] ဥပမာအားဖြင့် တိုင်းကြောင်း ၂ခု ရှိသော စပေ့စ် (2D space; မျက်နှာပြင်သဘော) တစ်ခုကို စိတ်ကူးကြည့်လျှင် ၎င်းအတွင်း၌ တိုင်းကြောင်း၁ခုဖြင့် ဖြောင့်သောမျဉ်းများ ရှိနိုင်သည်။ တိုင်းကြောင်း ၃ခု ရှိသော စပေ့စ် (3D space; ထုထည်သဘော) တစ်ခုကို စိတ်ကူးကြည့်လျှင် ဤအတွင်း၌ တိုင်းကြောင်း၁ခုဖြင့် ဖြောင့်သော မျဉ်းတို့အပြင် တိုင်းကြောင်း၂ခုဖြင့် ပြန့်ပြူးသော မျက်နှာပြင်များ ရှိနိုင်သည်။
ထို့ကြောင့် အင်္ဂလိပ်စာလုံး flat အဖို့ ဤသင်္ချာသဘောတို့ကို မြန်မာစကားသို့ ဘာသာပြန်ရာတွင် ဖြောင့်ခြင်း၊ ပြန့်ခြင်း၊ ညီညာခြင်း စသည့် စာလုံးများ ထွက်ပေါ်သည်။ ထို့ကြောင့် "ပြားသော" ဟု စိတ်စွဲမှားနိုင်သည့်စကားလုံးထက် ဂျီဩမေတြီသဘောတို့ ခြုံငုံမိသည့် တပြန့်ညီမှု ဟူသော စာလုံးကို အသုံးပြုနိုင်သည်။
Remove ads
လောကလုံးဗေဒ (Cosmology) တွင်
လောကလုံးဗေဒ (Cosmology) တွင်မူ ကျယ်လွန်းလှသော တိုင်းဝန်းတာတို့အတွက် ပျမ်းမျှချကြည့်လျှင် လောက(Universe)ကြီး၏ ဒြပ်သိပ်သည်းမှုမှာ 9.9 × 10−30 g/cm3 ခန့်သာ ဖြစ်သဖြင့် လောက(Universe)ကြီး တစ်ခုလုံးစာ အာကာသစပေ့စ်၏ လောကလုံးဆိုင်ရာ ကိန်းသေ (cosmoloical constanct) တန်ဖိုးမှာ အကြမ်းဖျင်းအားဖြင့် Ω = 1.02 +/- 0.02 ခန့် ဖြစ်နေလျက် တပြန့်ညီသော အသွင် ရှိနေသည်ဟု တွက်ဆထိုက်ကြောင်း Wilkinson Microwave Anisotropy Probe အဖွဲ့က ထုတ်ပြန်ထားသည်။[၂] ဤအပိုင်း၌ ပြောဆိုကြသော တပြန့်ညီမှုမှာ အချိန်-တိုင်းကြောင်း (temporal dimension) ကိုပါ ထည့်တွက်လျက် အကြမ်းဖျင်းသဘောဖြင့် ဒြပ်ထုများ စုလိုခြင်း၊ ခွဲခွာလိုခြင်း ထူးခြားလှစွာ မရှိမှုကို ဆိုလိုသည်။ နေရာသဘောချည်းပြောသကဲ့သို့ ပြားခြင်း၊ ပြားချပ်ခြင်းကို ဆိုလိုသည် မဟုတ်။
အထွေထွေနှိုင်းရသီအိုရီသုံး စကားဖြင့် ဆိုရလျှင် လောကဇာတ်ခုံ (spacetime) ၏ တပြန့်ညီမှုသည် -
ဟု အိုင်းစတိုင်းတာအုံက သုည ဖြစ်နေမှုကို ဆိုလိုသည်။ ထိုသို့ ဖြစ်စေသည့် အကြောင်းအရင်းမှာ အမှတ်ချအိမ် (coordinate system) တို့၏ အခြေခံအလွှားစာလေးများ (bases) တို့က နေရာရွှေ့ကြည့်၊ လှမ်းကြည့်လျှင်လည်း ပုံယွင်းမှု မရှိခြင်း ဖြစ်သည်။[၃]
Remove ads
အကိုးအကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads