တလှေပွာလူမျိုး
From Wikipedia, the free encyclopedia
Remove ads
စကောကရင်(စဝှော်) မျိုးကွဲတွင် ပါဝင်သော တလှေပွာကရင် အမျိုးသားများသည် ဘောဂလိ၊ မော်ချီးကားလမ်းနှင့် ၂၅-မိုင်အကွာ တောင်ပေါ်အထက်ရွာများ ဖြစ်ကြသည့် ဝါဆို၊ ရှိုဆို၊ ဦးဘို၊ သေဂီလာ၊ ဘောခါ၊ လေးခို၊ မောတူဒါး၊ လေချီး၊ ဟိုချီး၊ တီးရှောဒေး၊ ထီးအေခေါ်၊ ထီးဒေါ်ခေါ်နှင့် ထီးဝါးလေးရွာများတွင် နေထိုင်ကြသည်။
စကောကရင်၊ ပကူးကရင်တို့နှင့် နီးစပ်ပြီး အနွယ်တူသည်။ ဘာသာစကားလည်း တူကြသည်။ တလှေပွာများ၏ ရိုးရာဓလေ့နှင့် ယုံကြည်မှုများလည်း ပကူးကရင်တို့နှင့် မကွာခြားသော်လည်း မိမိတို့ကိုယ်ကို တလှေပွာ မျိုးကွဲဟု ခံယူလိုကြသည်။ တလှေပွာလူမျိုးများသည် ပကူးကရင်လူမျိုးများကဲ့သို့ပင် ကျေးရွာအတည်တကျမရှိဘဲ တောင်ယာခုတ်ရင်း တစ်နှစ်တစ်ကြိမ် ရွှေ့ပြောင်းနေထိုင်ကြသည့် လူမျိုးများပင်ဖြစ်သည်။ [၁]
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads