တိုက်ပွဲတံဆိပ် (လောက်ကိုင်)
မြန်မာ့စစ်ဘက်ဆိုင်ရာ ဆုတံဆိပ် From Wikipedia, the free encyclopedia
Remove ads
တိုက်ပွဲတံဆိပ် (လောက်ကိုင်) သည် မြန်မာနိုင်ငံ၏ စစ်ဘက်ဆိုင်ရာ ဂုဏ်ပြုချီးမြှင့်သော ဆုတံဆိပ်တစ်မျိုးဖြစ်သည်။ ၎င်းနှင့်အတူ တိုက်ပွဲတံဆိပ် (ရွှေလင်းယုန်)တို့အား မြန်မာနိုင်ငံ၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် အသက်၊ သွေး၊ ချွေးနှင့် ကိုယ်အင်္ဂါအစိတ်အပိုင်းများကို ပေးဆပ်၍ တိုက်ပွဲဝင်ခဲ့ကြသော တပ်မတော် (ကြည်း၊ ရေ၊ လေ) မှ စစ်မှုထမ်းများအား ဂုဏ်ပြုချီးမြှင့်ရန်အတွက် ၂ဝ၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်နေ့တွင် "ကာကွယ်ရေးဌာနကောင်စီ အထူးအမိန့်အမှတ်၊ ၁၇/အထူး/၂ဝ၁၅" ဖြင့် ပြဋ္ဌာန်းခဲ့သည်။[၁][၂]
Remove ads
ချီးမြှင့်ရန် သတ်မှတ်ချက်များ
တိုက်ပွဲတံဆိပ် (လောက်ကိုင်)အား ချီးမြှင့်ရန် အောက်ပါအတိုင်း သတ်မှတ်ထားသည်–[၁][၂]
- ၂ဝ၁၅ ခုနှစ် ဖေဖော်ဝါရီ ၉ ရက်မှစ၍ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း ပြည်သာယာ စစ်ဆင်ရေးတွင် ကိုယ်တိုင်ပါဝင်တိုက်ခိုက်ခဲ့သူ တပ်မတော် (ကြည်း၊ ရေ၊ လေ) စစ်မှုထမ်းများ။
- ၂ဝ၁၁ ခုနှစ်၊ မတ်လ ၃ဝ ရက်နောက်ပိုင်း နိုင်ငံတော်နှင့် တပ်မတော်၏ ကျေးဇူးသစ္စာကို စောင့်သိရိုသေစွာဖြင့် ပေးအပ်သည့်တာဝန်များကို ကျေပွန်စွာထမ်းဆောင်လျက်ရှိသည့် တပ်မတော် (ကြည်း၊ ရေ၊ လေ) စစ်မှုထမ်းများ။
Remove ads
နောက်ထပ်ကြည့်ရန်
ရှင်းလင်းချက် မှတ်စုများ
- ရာထူး၊ အဆင့်နှင့် သင်တန်းပြီးစီးမှုပေါ်မူတည်၍ ကွဲပြားနိုင်သည်၊
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads