အရှေ့မြောက်တိုင်းစစ်ဌာနချုပ်

လားရှိုးမြို့ အခြေစိုက် တပ်မတော်တိုင်းစစ်ဌာနချုပ် From Wikipedia, the free encyclopedia

အရှေ့မြောက်တိုင်းစစ်ဌာနချုပ်
Remove ads

အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (အတိုကောက်: ရမခ) သည် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင်အခြေစိုက်သော တိုင်းစစ်ဌာနချုပ်တစ်ခုဖြစ်သည်။ ရမခ၏ အဓိကတာဝန်မှာ ရှမ်းပြည်နယ်မြောက်ပိုင်းနယ်မြေနှင့် ၎င်းနှင့်ထိစပ်နေသော နေရာဒေသများ၏ ကာကွယ်ရေး၊ လုံခြုံရေးနှင့် စစ်ဆင်ရေးဆိုင်ရာကိစ္စရပ်များအား အဓိကတာဝန်ယူဆောင်ရွက်ရသည်။ ထို့ပြင် တိုင်းစစ်ဌာနချုပ် နယ်မြေအတွင်းရှိ ၎င်း၏လက်အောက်ခံတပ်များနှင့် အခြားလက်ရုံး/ဝန်ထမ်းတပ်များ၏ စစ်ဦးစီး/ စစ်ရေး/ စစ်ထောက်ပိုင်းဆိုင်ရာ လုပ်ငန်းများကိုပါ ဖြေရှင်းဆောင်ရွက်ပေးခြင်းနှင့် အထက်ဌာနများမှ အမိန့်နှင့် ညွှန်ကြားချက်များအား ထပ်ဆင့် ညွှန်ကြားပေးခြင်းနှင့် ကြီးကြပ်ခြင်းတို့ကိုပါ ဆောင်ရွက်ရသည်။

အချက်တိုများ အရှေ့မြောက်တိုင်း‌စစ်ဌာနချုပ်, တည်ထောင် ...
Remove ads

သမိုင်း

၁၉၆၁ခုနှစ်တွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်ကို တောင်ကြီးမြို့တွင် စတင်ဖွဲ့စည်းခဲ့သည်။၁၉၇၀ ပြည့်လွန်နှစ်များတွင် ရှမ်းပြည်နယ်မြောက်ပိုင်းဒေသ၌ ဗမာပြည်ကွန်မြူနစ်ပါတီမှ အပြင်းအထန်လှုပ်ရှားလာသဖြင့် ၁၉၇၀ ပြည့်နှစ်၊ ဇွန်လတွင် မဟာဗျူဟာကွပ်ကဲမှုဌာနချုပ်ကို လားရှိုးမြို့တွင် ဖွင့်လှစ်ခဲ့သည်။ ရှမ်းပြည်နယ် (မြောက်ပိုင်း)အတွင်းရှိ တပ်များ၊ တပ်မတော်စစ်ဆင်ရေးများကို မဟာဗျူဟာကွပ်ကဲမှုဌာနချုပ်မှ တိုက်ရိုက်ကွပ်ကဲခဲ့သည်။ အင်အားကြီးထွားလာသော ဗမာပြည်ကွန်မြူနစ်ပါတီ၏ လှုပ်ရှားမှုများကို ပိုမိုထိရောက်စွာရင်ဆိုင်နိုင်ရန်အလို့ငှာ ၁၉၇၂ခုနှစ် ၊ ဇူလိုင်လ ၂၇ ရက်တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း) အား ရပခကွပ်ကဲမှုအောက်မှ ခွဲထုတ်၍ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို လားရှိုးမြို့တွင် အခြေပြုကာ ထပ်မံဖွဲ့စည်းခဲ့သည်။[] ထိုစဉ်ကတိုင်းမှူးမှာ ဗိုလ်မှူးကြီး အေးကိုဖြစ်သည်။[][]

Remove ads

ဖွဲ့စည်းပုံ

အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက်တွင် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (၁)ခု၊ အခြေချ စစ်ဗျူဟာအဖွဲ့ (၃)ဖွဲ့၊ လှုပ်ရှား စစ်ဗျူဟာအဖွဲ့ (၂)ဖွဲ့ နှင့် ၎င်း စဗဟများ ကွပ်ကဲအောက်ရှိ ခြေလျင်/ ခြေမြန်တပ်ရင်း (၁၆)ရင်းရှိသည်။

အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ရုံး

  1. တိုင်းမှူးရုံး
  2. ဒုတိုင်းမှူးရုံး
  3. တိုင်းဦးစီးချုပ်ရုံး
    1. စစ်ဦးစီးမှူး(ဗိုလ်မှူးကြီး) ရုံး
      1. စစ်ဦးစီးမှူး(ပထမတန်း) ရုံး
        1. စစ်ဆင်ရေးဌာနခွဲ
        2. တာဝန် နှင့် လေ့ကျင့်ရေးဌာနခွဲ
      2. စစ်ဦးစီးမှူး(ပထမတန်း) (စစ်ဘက်ရေးရာလုံခြုံရေးဌာနခွဲ) ရုံး
      3. စစ်ဦးစီးမှူး(ပထမတန်း) (ပြည်သူ့စစ်ဌာနခွဲ) ရုံး
    2. ဦးစီးအရာရှိ(ဗိုလ်မှူးကြီး) (စစ်ရေးဌာန) ရုံး
      1. ဦးစီးအရာရှိ(ပထမတန်း) (ငွေစာရင်းဌာနခွဲ) ရုံး
      2. ဦးစီးအရာရှိ(ပထမတန်း) (မှတ်တမ်းဌာနခွဲ) ရုံး
    3. ဦးစီးအရာရှိ(ဗိုလ်မှူးကြီး) (စစ်ထောက်ဌာန) ရုံး
      1. ဦးစီးအရာရှိ(ပထမတန်း) (ဖြည့်တင်းရေးနှင့် ထိန်းသိမ်းရေးဌာနခွဲ) ရုံး
      2. ဦးစီးအရာရှိ(ပထမတန်း) (ထောက်ပံ့ရေးနှင့် ပို့ဆောင်ရေးဌာနခွဲ) ရုံး
  4. စခန်းရုံး

ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လောက်ကိုင်)

ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လောက်ကိုင်) အား ဒေသကွပ်ကဲမှုစစ်ဌာနချုပ်မှူး(လောက်ကိုင်)မှ ဦးစီးပြီး ၎င်း၏ ကွပ်ကဲမှုအောက်တွင် ခြေလျင်/ ခြေမြန်တပ်ရင်း (၉)ရင်းရှိသည်။

အခြေချ စစ်ဗျူဟာအဖွဲ့ (ကွတ်ခိုင်)

  1. ခလရ/ ခမရ - (၃)ရင်း

အခြေချ စစ်ဗျူဟာအဖွဲ့ (ကွမ်လုံ)

  1. ခလရ/ ခမရ - (၃)ရင်း

အခြေချ စစ်ဗျူဟာအဖွဲ့ (တန့်ယန်း)[]

  1. ခမရ ၅၂၃
  2. ခမရ ၃၂၆

ခလရ/ ခမရ - (၃)ရင်း

လှုပ်ရှား အမှတ်(၁)စစ်ဗျူဟာအဖွဲ့

  1. ခလရ/ ခမရ (၄)ရင်း

လှုပ်ရှား အမှတ်(၂)စစ်ဗျူဟာအဖွဲ့

  1. ခလရ/ ခမရ (၃)ရင်း
Remove ads

တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်းရှိ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်များ

  1. အမှတ်(၁)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်

တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်းရှိ ခြေလျင်တပ်မဟာဌာနချုပ်များ

  1. အမှတ်(၁၆)ခြေလျင်တပ်မဟာဌာနချုပ်

အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးတာဝန်ထမ်းဆောင်ခဲ့သူများ

  1. ဗိုလ်မှူးကြီး အေးကို (ကြည်း - ၆၁၃၃) (၁၁-၇-၁၉၇၂ မှ ၈-၃-၁၉၇၄)
  2. ဗိုလ်မှူးကြီး တင်စိန် (ကြည်း - ၆၁၈၁) (၈-၃-၁၉၇၄ မှ ၅-၄-၁၉၇၆)
  3. ဗိုလ်မှူးကြီး လှဦး (ကြည်း - ၆၂၁၄) (၅-၄-၁၉၇၆ မှ ၂၄-၁၁-၁၉၇၇)
  4. ဗိုလ်မှူးကြီး မင်းနောင် (ကြည်း - ၆၁၂၉) (၂၄-၁၁-၁၉၇၇ မှ ၈-၄-၁၉၇၈)
  5. ဗိုလ်မှူးကြီး အေးစန် (ကြည်း - ၆၁၄၄) (၈-၄-၁၉၇၈ မှ ၁-၉-၁၉၈၀)
  6. ဗိုလ်မှူးကြီး မြင့်လွင် (ကြည်း - ၆၆၀၈) (၁-၉-၁၉၈၀ မှ ၁၉-၈-၁၉၈၁)
  7. ဗိုလ်မှူးကြီး ချစ်ဆွေ (ကြည်း - ၆၄၆၃) (ဗသက - ၈) (၁၉-၈-၁၉၈၁ မှ ၂၈-၃-၁၉၈၃)
  8. ဗိုလ်မှူးချုပ် စိန်အောင် (ကြည်း - ၆၇၄၀) (ဗသက - ၁၀) (၂၈-၃-၁၉၈၃ မှ ၄-၁၁-၁၉၈၅)
  9. ဗိုလ်မှူးကြီး ထွန်း‌ရွှေ (ကြည်း - ၇၅၀၅)
  10. ဗိုလ်မှူးကြီး မောင်အေး (ကြည်း - ၇၈၇၅) (စတသ - ၁)
  11. ဗိုလ်ချုပ် မောင်သင့် (ကြည်း - ၇၆၀၀) (ဗသက - ၁၈)
  12. ဗိုလ်ချုပ် အေးကျော်
  13. ဗိုလ်ချုပ် တင်ငွေ
  14. ဗိုလ်ချုပ် သီဟသူရ တင်အောင်မြင့်ဦး (ကြည်း - ၁၁၇၁၅) (စတသ - ၁၂)
  15. ဗိုလ်ချုပ် မြင့်လှိုင် (ကြည်း - ) (စတသ - ၁၇)
  16. ဗိုလ်ချုပ် အောင်သန်းထွဋ် (ကြည်း - ၁၄၇၅၁) (စတသ - ၂၀)
  17. ဗိုလ်ချုပ် အောင်ကျော်ဇော (ကြည်း - ၁၇၄၄၄) (စတသ - ၂၄)
  18. ဗိုလ်ချုပ် အောင်စိုး (ကြည်း - ၁၈၈၈၆) (စတသ - ၂၃)
  19. ဗိုလ်ချုပ် ဖုန်းမြတ် (ကြည်း - ၂၀၃၂၄) (ဗသက - ၇၃)
  20. ဗိုလ်ချုပ် ခင်လှိုင် (ကြည်း - ၂၂၃၈၃) (​တေဇ - ၁၇)
  21. ဗိုလ်ချုပ် အောင်ဇော်အေး (ကြည်း - ၂၀၁၇၅) (စတသ - ၂၈)
  22. ဗိုလ်ချုပ် လှမိုး (ကြည်း - ၂၉၃၅၃) (စတသ - ၃၉)
  23. ဗိုလ်ချုပ် နိုင်နိုင်ဦး (ကြည်း - ၂၅၀၈၉) (စတသ - ၃၅) (ယခု - ဒုတိယဗိုလ်ချုပ်ကြီး)[]
  24. ဗိုလ်ချုပ် စိုးတင့် (ကြည်း - ၂၁၅၉၅) (​တေဇ - ၁၆)
  25. ဗိုလ်မှူးချုပ် စိုးလှိုင် (ယခင် တပ်မ ၉၉ တပ်မမှူး) (ကြည်း - ၂၉၁၈၀) (တေဇ - ၂၄)[]
  26. ဗိုလ်မှူးချုပ် မြင့်ကျော်ထွန်း
  27. ဗိုလ်မှူးချုပ် အေးမင်းဦး (ယခင် တပ်မ​တော်နည်းပညာတက္ကသိုလ် ​ကျောင်းအုပ်ကြီး)
Remove ads

တိုက်ပွဲဖြစ်ပွားခြင်း

မရှိ

ကိုးကား

နောက်ထပ်ကြည့်ရန်

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads