တိုင်းအမျိုးသားဥယျာဉ်

From Wikipedia, the free encyclopedia

တိုင်းအမျိုးသားဥယျာဉ်map
Remove ads

တိုင်းအမျိုးသားဥယျာဉ် သည် အိုင်ဗရီကို့စ်နိုင်ငံရှိ အမျိုးသားဥယျာဉ်တစ်ခု ဖြစ်ပြီး အနောက်အာဖရိကရှိ မိုးသစ်တောများတွင် နောက်ဆုံးကျန်ရှိခဲ့သော မိုးသစ်တောများထဲမှ တစ်ခု ပါဝင်သော ဥယျာဉ်တစ်ခု ဖြစ်သည်။ ထိုဥယျာဉ်အတွင်း ပါရှိသော ဒေသရင်း တိရစ္ဆာန်များ နှင့် ဒေသရင်း အပင်များကြောင့် ယူနက်စကိုမှ ၁၉၈၂ ခုနှစ်တွင် ကမ္ဘာ့အမွေအနှစ်နေရာစာရင်း ၌ ထည့်သွင်းခဲ့သည်။ တိုင်းအမျိုးသားဥယျာဉ်အတွင်းရှိ နို့တိုက်သတ္တဝါ မျိုးစိတ် ၅ ခုမှာ အပြည်ပြည်ဆိုင်ရာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး သမဂ္ဂမှ အနီရောင် အဆင့် သတ်မှတ်ထားသော မျိုးသုဉ်းရန် စိုးရိမ်ရသည့် အခြေအနေရှိပြီး ၎င်းတို့မှာ ရေမြင်းပု၊ သံလွင်ကိုလိုဘတ်စ် မျောက်၊ ကျားသစ်များ၊ ချင်ပန်ဇီမျောက်ဝံများ နှင့် ဂျန်တင့်န် ဒရယ်ညို တို့ ဖြစ်ကြသည်။ [][][][]

အချက်တိုများ တိုင်းအမျိုးသားဥယျာဉ်, တည်နေရာ ...
အချက်တိုများ တိုင်းအမျိုးသားဥယျာဉ်*, UNESCO ကမ္ဘာ့အမွေအနှစ်နေရာများ ...

တိုင်းအမျိုးသားဥယျာဉ်သည် အိုင်ဗရီကို့စ် ကမ်းရိုးတန်းမှ ၁၀၀ ကီလိုမီတာခန့် အကွာတွင်ရှိပြီး လိုင်ဘေးရီးယားနိုင်ငံ နယ်စပ်တွင် ရှိကာ ကာဗယ်လီမြစ် နှင့် ဆက်ဆန်ဒရာမြစ်တို့ ကြားတွင် တည်ရှိသည်။ ဧရိယာ အကျယ်အဝန်းအားဖြင့် ၃,၃၀၀ စတုရန်းကီလိုမီတာရှိပြီး ၃၉၆ မီတာ အထိ ကြားခံနယ်မြေ ၂၀၀ ကီလိုမီတာ ရှိသည်။

တိုင်းသစ်တောထိန်းသိမ်းရေး နယ်မြေသည် ၁၉၂၆ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ၁၉၇၂ ခုနှစ်တွင် အမျိုးသားဥယျာဉ် အဆင့်သို့ တိုးမြှင့်ခဲ့သည်။ ၁၉၇၈ ခုနှစ်တွင် ယူနက်စကိုမှ ဇီဝရပ်ဝန်းထိန်းသိမ်းရေး နယ်မြေ အဖြစ် သတ်မှတ်ခဲ့ပြီး ၁၉၈၂ ခုနှစ်တွင် ကမ္ဘာ့အမွေအနှစ်နေရာ စာရင်းသို့ ထည့်သွင်းခဲ့သည်။

တိုင်းသစ်တောသည် အီဗိုလာ ဗိုင်းရပ်စ်များ ပေါက်ဖွားရာ သဘာဝ နေရာဖြစ်သည်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့မှ ထိုထိန်းသိမ်းရေး ဒေသသည် အပြည်ပြည်ဆိုင်ရာ လေဆိပ်ဖြစ်သော အဘစ်ဂျန် နှင့် နီးစပ်သည့် အတွက် စိုးရိမ်ကြောင်း ထုတ်ဖော်ပြောကြားထားသည်။[]


Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads