တီဟီရန်မြို့

From Wikipedia, the free encyclopedia

တီဟီရန်မြို့
Remove ads

တေဟေရန်မြို့(ပါရှန်း: تهران) သို့မဟုတ် တီဟီရန်မြို့သည် အီရန်နိုင်ငံ နှင့် တီဟီရန်ဒေသ၏ မြို့တော်ဖြစ်သည်။ ၂၀၀၆ ခုနှစ် လူဦးရေ စာရင်းအရ လူဦးရေ ၈,၄၂၉,၈၀၇ ဦး ရှိပြီး အီရန်နိုင်ငံ၏ အကြီးဆုံးသော မြို့ပြဧရိယာနှင့် မြို့တော်လည်း ဖြစ်သည်။ အနောက်အာရှရှိ အကြီးဆုံးမြို့များတွင် တစ်မြို့အပါအဝင်ဖြစ်ပြီး ကမ္ဘာပေါ်တွင် ၁၉ ခုမြောက် အကြီးဆုံးမြို့ဖြစ်သည်။

အချက်တိုများ တီဟီရန်မြို့ تهران‎, کلانشهر تهران‎ · တီဟီရန် မက်ထရိုပိုလစ် ...

၂၀ ရာစုအတွင်းတွင် တီဟီရန်မြို့သို့ အီရန်နိုင်ငံ တဝှမ်းလုံးမှ လူအများအပြား ပြောင်းရွှေ့လာခဲ့ကြသည်။ တီဟီရန်မြို့တော်တွင် သမိုင်းဝင် ဗလီများ၊ ဘုရားရှိခိုးကျောင်းများ၊ ဂျူးတို့၏ ဝတ်ပြုရာ ဘုရားကျောင်းများနှင့် ဇို့ရော့စထရီယံ ဘာသာဝင်တို့၏ ဘုရားကျောင်းများ အမြောက်အမြား ရှိသည်။ ခေတ်သစ် တီဟီရန် မြို့တော်တွင်လည်း စိတ်ဝင်စားဖွယ်ရာ အဆောက်အအုံများ ရှိပြီး အဇာဒီမျှော်စင် (လွတ်လပ်ရေး မျှော်စင်) နှင့် မီလတ်ဒ်မျှော်စင် တို့သည် တီဟီရန် မြို့တော်၏ ပြယုဂ်အဖြစ် တည်ရှိနေကြသည်။ ၂၀၀၈ ခုနှစ်တွင် လူနေမှုစရိတ် ညွှန်းကိန်းအရ တီဟီရန်မြို့တော်သည် ကမ္ဘာပေါ်တွင် စရိတ် အသက်သာဆုံးသော မြို့တော် အဖြစ် လည်းကောင်း ဒုတိယမြောက် စရိတ်အသက်သာဆုံး မြို့ကြီးတစ်ခု အဖြစ်လည်းကောင်း သတ်မှတ်ခြင်း ခံရသည်။ သို့သော်လည်း ယခုနှစ်ပိုင်း အတွင်းတွင် စရိတ်စကများ သိသိသာသာ မြင့်တက်လာခဲ့သည်။ ငွေကြေးဖောင်းပွမှုနှုန်း မြင့်မားခြင်း၊ စီးပွားရေး ပိတ်ဆို့မှုဒဏ် ခံရခြင်းနှင့် မှားယွင်းစွာ ချမှတ်သော စီးပွားရေး ပေါ်လစီများကြောင့် စရိတ်စကများသည် ယခင်ကထက် ပို၍ မြင့်တက်လာခြင်း ဖြစ်သည်။ ထို့အပြင် တီဟီရန်မြို့သည် တကမ္ဘာလုံးတွင် လူဦးရေ အားဖြင့် အဆင့် ၁၉ နေရာ၊ ဂျီဒီပီအားဖြင့် အဆင့် ၅၆ နေရာ၊ မက်ထရိုဒေသ လူဦးရေ အားဖြင့် အဆင့် ၂၉ နေရာတွင် ရှိသည်။ အီရန်နိုင်ငံ၏ ရှည်လျားသော သမိုင်းကြောင်းအရ နှစ်ပေါင်းများစွာအတွင်း မြို့တော် ပြောင်းရွှေ့မှု အများအပြား ရှိခဲ့ပြီး တီဟီရန်သည် အီရန်နိုင်ငံ၏ ၃၂ ကြိမ်မြောက် ရွှေ့ပြောင်းသော မြို့တော် ဖြစ်သည်။ မြို့တော်တွင် သုံးစွဲသော စကားမှာ ပါရှန်းဘာသာစကားကို တီဟီရန် လေယူလေသိမ်းဖြင့် ပြောကြခြင်း ဖြစ်ပြီး ၉၈ ရာခိုင်နှုန်းသော လူဦးရေမှာ ထိုအတိုင်း ပြောဆိုသုံးနှုန်းကြသည်။

Remove ads

ကိုးကား

ပြင်ပလင့်ခ်များ

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads