တောင်ကိုရီးယား စံဘာသာစကား
From Wikipedia, the free encyclopedia
Remove ads
တောင်ကိုရီးယားစံဘာသာစကား သို့မဟုတ် ဖျိုဂျွန်အော (ကိုရီးယား- 표준어၊ ဟန်ဂျာ- 標準語) သည် ကိုရီးယားဘာသာစကား၏ တောင်ကိုရီးယားစံပုံစံဖြစ်သည်။ အခြားဒေသိယစကားများမှ စကားလုံးအမျိုးမျိုးကို ချေးယူထားသော်လည်း ဆိုးလ်ဒေသိယစကားကို အခြေခံထားသည်။ ၎င်းသည် စီအီး ၁၄၄၃ ဒီဇင်ဘာလတွင် ဂျိုဆွန်းခေတ်ဘုရင် ဆယ်ဂျုံးမှ ဖန်တီးခဲ့သောဟန်ဂုလ် အက္ခရာကို အသုံးပြုထားသည်။ မြောက်ကိုရီးယားစံဘာသာစကား (မွန်ဟွာအော) နှင့် မတူဘဲ၊ တောင်ကိုးရီးယားစံဘာသာစကားတွင် တရုတ်မှ အငှားစကားလုံးများစွာအပြင် အင်္ဂလိပ်နှင့် အခြားဥရောပဘာသာစကားများမှ အချို့သော စကားများလည်း ပါဝင်သည်။
Remove ads
သမိုင်း
ကိုရီးယားနိုင်ငံသည် ဂျပန်အုပ်ချုပ်မှုအောက်တွင်ရှိစဉ် ကိုရီးယားဘာသာစကားအသုံးပြုမှုကို ဂျပန်အစိုးရက ထိန်းချုပ်ခဲ့သည်။ ဂျပန်အာဏာပိုင်များ၏ ဩဇာလွှမ်းမိုးမှုကို တန်ပြန်ရန်အတွက် ကိုရီးယားဘာသာစကားအသင်းသည် ကိုရီးယားနိုင်ငံတစ်ဝန်းမှ ဒေသိယစကားဒေတာများကို စတင်စုဆောင်းခဲ့ပြီး နောက်ပိုင်းတွင် ၎င်းတို့၏ကိုယ်ပိုင်စံဗားရှင်းဖြစ်သော ဖျိုဂျွန်အော၏ ကိုရီးယားစာလုံးပေါင်းများပေါင်းစည်းခြင်းကို ဖန်တီးခဲ့သည်။
ဆက်လက်ဖတ်ရှုရန်
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads