တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံပွဲတော်
From Wikipedia, the free encyclopedia
Remove ads
တောင်ကြီးတန်ဆောင်တိုင်ပွဲတော်သည် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် နှစ်စဉ် တန်ဆောင်မုန်းလပြည့်နေ့ အနီးဝန်းကျင်၌ ကျင်းပသည့် ရိုးရာပွဲတော် တစ်ရပ်ဖြစ်သည်။ မီးပုံပျံပွဲတော်တွင် နေ့မီးနှင့် ညမီးဟူ၍ နှစ်မျိုးခွဲကာ ပြိုင်ပွဲများ ကျင်းပလေ့ရှိသည်။ နေ့ပိုင်း အလှလွှတ် မီးပုံးပျံများသည် အများအားဖြင့် တိရစ္ဆာန် ရုပ်ပုံများ ဖြစ်ပြီး ညလွှတ်မီးပုံပျံများတွင်မူ ညမီးကြီးနှင့် စိန်နားပန်ဟူ၍ နှစ်မျိုးရှိသည်။ ညမီးကြီးမှာ မီးပုံပျံအောက်ဆွဲတွင် ယမ်းခွေပါဝင်ပြီး မီးပုံပျံ ပျံတက်သည့် ကာလအတွင်း မီးရှူးမီးပန်းများပစ်လွှတ်ကာ ညမြင်ကွင်းကို အလှဆင်ကြသည်။ စိန်နားပန်မှာမူ မီးပုံပျံ အပြင်ကိုယ်ထည်ပေါ်နှင့် အောက်ဆွဲတွင် မီးပုံးအရောင်အမျိုးမျိုးဖြင့် ရုပ်ပုံများသော်လည်းကောင်း စာလုံးများသော်လည်းကောင်း ပုံဖော်ကာ လွှတ်တင်ကြသည့် မီးပုံပျံ အမျိုးအစား ဖြစ်သည်။ တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကို မြန်မာသက္ကရာဇ် ၁၃၁၂ ခုနှစ်၊ ခရစ်နှစ် ၁၉၅၀ ပြည့်နှစ်မှစ၍ ပြိုင်ပွဲအဖြစ် ကျင်းပလာသည်။[၁]
Remove ads
ဓာတ်ပုံများ
- ညမီးကြီး
- ပွဲခင်း
- စိန်နားပန်
- ညမီးကြီးအလှ
ဗွီဒီယို
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads