ညောင်ဦး စောရဟန်း

မြန်မာဘုရင် From Wikipedia, the free encyclopedia

Remove ads

ညောင်ဦးစောရဟန်း (တောင်သူကြီးမင်း ဟုလည်း သိကြ၊ ခန့်မှန်း ၉၂၄–၁၀၀၁) သည် ပုဂံပြည်ကို ခန့်မှန်း သက္ကရာဇ် အေဒီ ၉၅၆ မှ ၁၀၀၁ အထိ အုပ်ချုပ်ခဲ့သော ဘုရင်တစ်ပါး ဖြစ်သည်။ မြန်မာရာဇဝင်ကျမ်းများတွင် သခွားခင်းဘုရင်ဟု ခေါ်ဆိုကြသည့် ညောင်ဦးစောရဟန်းသည် ကျောက်စာအထောက်အထားများအရ အတည်ပြုနိုင်သော အစောဆုံး ပုဂံမင်းတစ်ပါး ဖြစ်သည်။[] မြန်မာအက္ခရာများ ဖန်တီးခြင်းနှင့် အတူ ပုဂံပြည် အခြေကျခြင်းသည် ဤမင်းလက်ထက်တွင် စတင်ခဲ့သည်ဟု ယူဆကြသည်။[note ၁]

အချက်တိုများ ညောင်ဦး စောရဟန်း, ပုဂံပြည့်ရှင် ...
Remove ads

ရာဇဝင်လာ အဆိုများ

ညောင်ဦးစောရဟန်း ထီးနန်းရပုံကို ရာဇဝင်ကျမ်းများတွင် ဖော်ပြထားသည်မှာ ဒဏ္ဍာရီတစ်ပုဒ် ဖြစ်နိုင်ကြောင်း ပညာရှင်များက ဆိုကြသည်။ အဆိုပါ ဒဏ္ဍာရီအရ အခါတစ်ပါး သိန်းခိုမင်းသည် တောလည်ထွက်ရာမှ မျက်စေ့လည်လမ်းမှားလျက် တောင်သူကြီးတစ်ဦး၏ ယာခင်းအနီးရောက်သွားခဲ့သည်။ တောကစားထွက်ရာမှ ဆာလောင်မွတ်သိပ်လှသဖြင့် တောင်ယာခင်းရှိ သခွားသီးများကို ပိုင်ရှင်နှစ်လိုမှုရှိမရှိ ဆင်ခြင်စဉ်းစားမနေပဲ ဆွတ်ယူစားသုံးမိသည်။ ထိုအခြင်းအရာကို ယာခင်းရှင် တောင်သူကြီးမြင်လေသော် လွန်စွာအမျက်ထွက်လျက် တူရွင်းရိုးဖြင့် ရိုက်ရာ ဘုရင်ကံကုန်လေ၏။ မူးမတ်တို့သိသော် ဘုရင်မပါဘဲ နန်းတော်သို့ပြန်လျှင်လည်း ယုံမည်မဟုတ်၊ တောင်သူကြီးအား အတင်းအကျပ်ပြောသော်လည်း ထပ်၍ရိုက်သဖြင့် သေမည်စိုး၍ ဘုရင်ကိုသတ်သူသည် ဘုရင်လုပ်ရမည်ဟု တောင်သူကြီးကို မင်းစည်းစိမ်ဖြင့်သွေးဆောင်ကာ သက်သေအဖြစ် နန်းတော်သို့ ခေါ်ခဲ့ကြ၏။ နန်းတော်သို့ရောက်လျှင် မိဖုရားက မှူးမတ်များ၏ အစီအမံကိုချီးမွှမ်းလျက် တောင်သူကြီးကိုပင် ထီးနန်းတင်ရန်ဆုံးဖြတ်၏။ မူးမတ်များက တိုင်းရေးပြည်ရာ မငြိမ်မသက်ဖြစ်မည်စိုး၍ ရှင်ဘုရင်ဟောင်းလွန်လေကြောင်း မပေါက်ကြားစေပဲ တောင်သူကြီးကို နန်းဓလေ့ထုံးစံ ထီးမူနန်းဟန်တို့ တစ်ပါတ်ခန့် သင်ကြားပေးပြီးမှ ညီလာခံထွက်စေသည်။ အကြောင်းရင်းမှန်ကို မသိသော နန်းတွင်းသားအချို့က တောင်သူကြီးမင်းအား စတင်တွေ့မြင်ရစဉ်တွင် (ဟင် ငါတို့ ရွှေနန်းရှင်လည်း မဟုတ်ပါလား) စသည်ဖြင့် အံ့အားသင့် ရေရွတ်မိလေရာ နန်းမဆောင်ရှိကျောက်ရုပ်ကြီးက ထိုသူတို့အားထောင်းလေသည် ဟူ၏။[] ဤဇာတ်လမ်းသည် အိပ်ရာဝင်ပုံပြင်သဖွယ်ဖြစ်နေပြီး အလားတူဖြစ်ရပ်အတိအကျကို သုဓ္ဓမစာရီ ဖြတ်ထုံးတွင်လည်းကောင်း၊ ကမ္ဘောဒီးယားသမိုင်းတွင် ၈ ရာစုနှစ်နှင့် ၁၄ ရာစုနှစ်တို့တွင်လည်းကောင်း တွေ့ရှိနိုင်သည်။ ကမ္ဘောဒီးယားဘုရင်များသည် ဥယျာဉ်စိုက်သူများမှ ဆင်းသက်လာသည်ဟု ဆိုကြသည်။[]

Thumb
စောရဟန်းသိမ်ကျောက်စာ

ပုဂံခေတ်နှောင်း အေဒီ (၁၂၁၂) ခုနှစ်ထိုး တုရင်တောင်ပေါ်ရှိ စောရဟန်းသိမ်ကျောက်စာဖြစ်သည်။ ယင်းကျောက်စာတွင် စောရဟန်းမင်း ဆောက်လုပ်လှူဒါန်းခဲ့သော သိမ်ပျက်စီးခဲ့၍ နားတောင်းများမင်းမှ ပြန်လည်ပြုပြင်ဆောက်လုပ်ခဲ့ကြောင်း ဖော်ပြထားသည်။ ယင်းကျောက်စာအထောက်အထားအရ ရှေးရာဇဝင်များဖော်ပြလေ့ရှိသည့် အနော်ရထာမင်း မတိုင်မီ ပုဂံပြည်တွင် သာသနာမရှိဆိုသည်မှာ မဖြစ်နိုင်ကြောင်း သမိုင်းဆရာများ သုံးသပ်ကြသည်။[]

ညောင်ဦးစောရဟန်းလွန်ပြီးနောက် ကွမ်းဆော်ကြောင်းဖြူ ထီးနန်းတက်ခဲ့ကာ ယင်းနောက် ညောင်ဦးစောရဟန်း၏ သားတော်များဖြစ်သော ကျည်စိုးနှင့် စုက္ကတေးတို့ ဆက်လက်နန်းတက်ခဲ့ကြသည်။

Remove ads

ရက်စွဲများ

ညောင်ဦးစောရဟန်း၏ သက်တမ်းနှင့် နန်းသက်ကာလကို ရာဇဝင်ကျမ်းများက အမျိုးမျိုး ဖော်ပြကြသည်။[] သက်တမ်းအရင့်ဆုံးဖြစ်သော ဇာတာတော်ပုံ ရာဇဝင် သည် ပုဂံခေတ်ကာလအတွက် အတိကျဆုံးအထောက်အထားဟု ယူဆကြသည်။[note ၂] အောက်ပါဇယားသည် အဓိက ရာဇဝင်ကျမ်းလေးစောင်တွင် ဖော်ပြပါရှိသော ရက်စွဲများ ဖြစ်သည်။ မှန်နန်းပါရက်စွဲများကို အနော်ရထာ၏ ကျောက်စာပါ အတည်ပြု နန်းတက်ခုနှစ် ၁၀၄၄ ဖြင့် ချိန်ညှိထားသည်။[]

နောက်ထပ် အချက်အလက်များ ရာဇဝင်ကျမ်း, မွေးဖွား–ကွယ်လွန် ...
Remove ads

မှတ်စု

  1. (Aung-Thwin 2005: 38): The earliest radiocarbon date of the Pagan walls (c. 980 CE) points to his reign although the more probable date is c. 1020 CE. (Aung-Thwin 2005: 167–178, 197–200): The earliest evidence of Burmese script (984 CE) points to his reign if a recast 18th century copy of an original stone inscription is permissible as evidence. The earliest evidence of original Burmese script (the copper-gilt umbrella inscription of the Mahabodhi Temple) is dated to 1035.
  2. (Maha Yazawin 2006: 346–349): Among the four major chronicles, only Zatadawbon Yazawin's dates line up with Anawrahta's inscriptionally verified accession date of 1044 CE. (Aung-Thwin 2005: 121–123): In general, Zata is considered "the most accurate of all Burmese chronicles, particularly with regard to the best-known Pagan and Ava kings, many of whose dates have been corroborated by epigraphy."

ကိုးကား

ကျမ်းပြုစာရင်း

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads