မှန်နန်း ရာဇဝင်
မှန်နန်းရာဇဝင် From Wikipedia, the free encyclopedia
Remove ads
ကုန်းဘောင်မင်းဆက် သတ္တမမြောက်မင်း ဖြစ်သော စစ်ကိုင်းမင်း (ခေါ်) ဘကြီးတော်(စစ်ကိုင်းမင်း) လက်ထက်တွင် ရဟန်းပညာရှိ၊ လူပညာရှိတို့ကို ညှိုနှိုင်းတိုင်ပင်၍ ရာဇဝင် တစ်ဆောင်ကိုဆောင်ရွက် ပြုစုစေသည်။ ထိုရာဇဝင်ကြီးကို မောင်းထောင်ဆရာတော် လူထွက်ပညာရှိ အမတ်ကြီး မဟာဓမ္မသင်္ကြံအကြီးအမှူးအုပ်ချုပ်၍ ၁၁၉၁-ခုနှစ်မှ စတင်ကျမ်းပြုစေသည်။ ထိုရာဇဝင်ကြီးတော်ကို မှန်နန်းတော်ဦးတွင် ရေးသားပြုစုရသောကြောင့် မှန်နန်းမဟာရာဇဝင်ကြီး ဟုခေါ်တွင်သည်။
ထိုရာဇဝင်ကြီးတွင် ကမ္ဘာဦးကာလမှ မြန်မာသက္ကရာဇ် ၁၁၈၃-ခုနှစ်၊ နတ်တော်လ(ခရစ်-၁၈၂၁-ခု၊ နိုဝင်ဘာလ) အထိ အဖြစ်အပျက်များသာ ပါဝင်သည်။ ထို့ကြောင့် မင်းတုန်းမင်းတရားလက်ထက်တွင် ဆက်လက်ပြုစုစေရာ ထိုရာဇဝင်တော်ကြီးကို ဒုတိယ မဟာရာဇဝင်တော် ဟု ခေါ်ဆိုလေသည်။ [၂] ရေးသားသော အဖွဲ့စာရင်း
ပထမ မှန်နန်းမဟာရာဇဝင်ကြီးကို
- မုံရွေးဇေတဝန်ဆရာတော်
- သော်ကပင်ဆရာတော်
- မဟာဓမ္မသင်္ကြံ (ခြည်ပါ တောင်ရွာမြောက်ရွာစား)
- မြင်းစုဝန်ကြီးဦးရောက်
- ဗြဲတိုက်သံတော်ဆင့် ဦးချိန်
- စာရေးတော်ကြီး ဦးဖျော်
- ဘိသိက်တော်ဆက်ပုဏ္ဏားတော်ပညာရှိ ရာဇဒေဝ
- ဗြဲတိုက်သံတော်ဆင့် ဦးရွဲ
- စာရေးတော်ကြီး ဦးလူကြီး
- စာရေးတော်ကြီး ဦးအောင်သာ
- အတွင်းဝန် ဆောမြို့စား မင်းကြီး သီရိမဟာနန္ဒမသင်္ကြံ
- အတွင်းဝန်၊ အသည်ဝန် စဉ့်ကူးမြို့စား
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads