တောမကျေးရွာအုပ်စု
From Wikipedia, the free encyclopedia
Remove ads
တောမကျေးရွာအုပ်စု မှာ မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မိတ္ထီလာမြို့နယ်၊ တွင်တည်ရှိသည်။ မိတ္ထီလာမြို့၏ အရှေ့ ၄.၇ကီလိုမီတာ အကွာတွင် တည်ရှိသည်။
Remove ads
အုပ်ချုပ်ရေး
တောမရွာမှာ အုပ်စုရွာတစ်ရွာဖြစ်သည်။
တောမရွာ၏ လက်အောက်တွင် တောမရွာအပါအဝင် ကျေးရွာပေါင်း ၁၀ ရွာရှိသည်။
ထိုကျေးရွာများမျာ-
- လက်ပန်ခေါင်း
- ပေါက်ပင်သာ
- တောမ
- ရေချို
- ချောက်ပင်
- ပြည်တော်သာ
- ပန်းတော်ဆက်
- မကျီးပင်ပု
- ဥယျာဉ်
- ရွာသစ် တို့ဖြစ်သည်။
လမ်းပန်းဆက်သွယ်ရေး
လမ်းပန်းအဆက်အသွယ်ရေးမှာ ကုန်းလမ်းခရီးတစ်ခုသာ ရှိပြီး မိတ္ထီလာ-သာစည် လမ်းမကြီးပေါ်တွင် တည်ရှိပြီး ရွာတွင်းမှဖြတ်ဖောက်ထားသည်။ သာစည်-မိတ္ထီလာ-မြင်းခြံ ရထားလမ်းသည် ရွာ၏အနောက်ဘက်ခြမ်းတွင် တည်ရှိပြီး တောမဘူတာ ဟူ၍ ဘူတာတစ်ခုထားရှိထားသည်။
တောမဈေး
တောမရွာ၏ အနောက်ဘက်တွင် တည်ရှိပြီး နေ့စဉ်ဈေးဆိုင်ခန်း များဖြင့် ရောင်းဝယ်ဖောက်ကားလျက်ရှိသည်။ ၅ ရက်လျှင်တစ်ကြိမ် တောမဈေးနေ့ဟူ၍ အထူးရက်တစ်ရက်ရှိပြီး ရွာ၏ ပတ်ဝန်းကျင်မှ ဒေသခြံစိုက်တောင်သူများမှ မိမိတို့၏ သီးနှံများကိုလည်း လာရောက် ရောင်းဝယ်လေ့ရှိသည်။
ပညာရေး
တောကျေးရွာ အခြေခံပညာအလယ်တန်းကျာင်းခွဲ တည်ဆောက်ထားပြီး ပညာရေးအတွက် သင်ကြားပေးလျက်ရှိသည်။
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads