မိတ္ထီလာမြို့နယ်
မြန်မာနိုင်ငံ၊ မန္တလေးတိုင်းဒေသကြီးရှိ မြို့နယ် From Wikipedia, the free encyclopedia
Remove ads
မိတ္ထီလာမြို့နယ် သည် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင် တွင်ပါဝင်သည့် မြို့နယ်ဖြစ်သည်။ မြို့နယ်ရုံးစိုက်ရာမြို့မှာ မိတ္ထီလာမြို့ ဖြစ်သည်။
Remove ads
သမိုင်းကြောင်း
ရှေးယခင်က သျှိသျှားကန်ကို အစွဲပြု၍ သျှိသျှားမြို့ဟု အမည်တွင်ခဲ့သည်။ သက္ကရာဇ် ၄၁၄ခုနှစ်တွင် ထိုကန်ကို ပြုပြင်ဆည်ဖို့ရာ ၄၁၆ခုနှစ်တွင် ပြီးစီးခဲ့ပြီး ပြုပြင်နေစဉ်အချိန်က အနော်ရထာမင်းစောသည် အမတ်ကြီး နရပတေ့အား ယာယီနန်းမြို့ တည်စေခဲ့သည်။ ထိုစဉ်က သျှိသျှားကန်သည် ပုပ္ပါးတောင်နှင့် ဆက်စပ်မှု ရှိမရှိကို မြင်းသည်တော်တစ်ဦးအား သွားရောက်စုံစမ်းခိုင်းရာ မထိလာပါဟု ဖြေကြားသဖြင့် မထိလာကန်၊ မထိလာမြို့ဟု အမည်တွင်စေခဲ့သည်။နောင်တွင် မိတ္ဖီလာကန်၊ မိတ္ထီလာမြို့ဟု ဖြစ်လာခဲ့သည်။၃၁.၂.၁၉၇၃တွင် မိတ္ထီလာမြို့မှာ တရားဝင်မြို့ဖြစ်လာခဲ့သည်။[၂]
Remove ads
ပထဝီဝင်အနေအထား
မြောက်လတ္တီတွဒ် ၂၀ဒီဂရီ ၄၀မိနစ်နှင့် ၂၁ဒီဂရီ ၅၃မိနစ် အကြား၊ အရှေ့လောင်ဂျီတွဒ် ၉၅ဒီဂရီ ၃၀မိနစ်နှင့် ၉၆ဒီဂရီ ၀၀မိနစ်အကြားတွင် တည်ရှိသည်။ အရှေ့မှ အနောက်သို့ မိုင်၃၀၊ တောင်မှမြောက်သို့ ၂၂မိုင်ရှိပြီး ၃၇၄.၂၈၇စတုရန်းမိုင် ကျယ်ဝန်းသည်။[၂]
နယ်နိမိတ်
မိတ္ထီလာမြို့နယ်၏ အရှေ့ဘက်တွင် သာစည်မြို့နယ်၊တောင်ဘက်တွင် ပျော်ဘွယ်မြို့နယ်၊အနောက်ဘက်တွင် မလိှုင်ြမို့နယ်
ကျောက်ပန်းတောင်းမြို့နယ်၊ မြောက်ဘက်တွင် ဝမ်းတွင်းမြို့နယ်များ တည်ရှိသည်။
မြေမျက်နှာသွင်ပြင်
ပင်လယ်ရေမျက်နှာပြင်အထက် ပျှမ်းမျှ ၇၅၀ပေအထက်တွင် တည်ရှိသည်။ ကုန်းမြေမြင့်နည်းပါးပြီး အများအားဖြင့် မြေပြန့်ဖြစ်သည်။ အမြင့်ဆုံးတောင်မှာ တောင်မြဲတောင်ဖြစ်ပြီး ၁၅၉၆ပေမြင့်သည်။
Remove ads
လူဦးရေ
မိတ္ထီလာမြို့နယ်တွင်နေထိုင်ကြသော တိုင်းရင်းသားလူမျိုးစုများတွင် ဗမာလူမျိုးများ အများဆုံးနေထိုင်ကြသည်။ ထို့နောက် ကရင်၊ရခိုင်၊ချင်း၊ရှမ်း၊ကချင်၊မွန်နှင့် အခြားလူမျိုးများ အစဉ်လိုက်များပြားစွာနေကြသည်။ ကိုးကွယ်မှုအနေဖြင့် ဗုဒ္ဓဘာသာကို အများဆုံး ကိုးကွယ်ကာ အစ္စလာမ်၊ခရစ်ယာန်၊ဟိန္ဒူကိုးကွယ်သူဦးရေမှာ အစဉ်လိုက်များပြားသည်။ မြို့နယ်ဦးရေ၏ ၀.၀၇၀%မှာ အခြားသော နိုင်ငံခြားလူမျိုးနွယ်ဝင်များဖြစ်သည့် တရုတ်၊အိန္ဒိယ၊အခြားနှင့် ပါကစ္စတန်စသည့်လူမျိုးများဖြစ်သည်။
စီးပွားရေး
မိတ္ထီလာမြို့နယ်သည် မန္တလေးတိုင်းအတွင်းရှိ စီးပွားရေးအရ ဖွံ့ဖြိုးတိုးတက်သော မြို့နယ်ဖြစ်သည်။ မြို့နယ်နေလူထုသည် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်သည်။ ထို့အပြင် လျှပ်စစ်ပစ္စည်း၊ အိမ်ဆောက်ပစ္စည်း၊ လယ်ယာသုံးပစ္စည်း၊ အဝတ်အထည်နှင့် တောင်သူသုံးပစ္စည်းများရောင်းဝယ်ခြင်း စသည့် ကုန်သွယ်မှုလုပ်ငန်းများလည်း လုပ်ကိုင်သည်။ မြို့နယ်၏ အဓိကထွက်ကုန်မှာ စပါး၊ပဲ၊ပြောင်း၊နှမ်း၊ဝါ၊ ဟင်းသီးဟင်းရွက်နှင့် ဒေသထွက် ချည်ထည်များဖြစ်ပြီး မြန်မာနိုင်ငံအနှံ့သို့ တင်ပို့ရောင်းချသည်။ အခြားဒေသမှ အဝတ်အထည်နှင့် စားသောက်ကုန်များ အဓိကတင်သွင်းသည်။ မိတ္ထီလာစက်မှုဇုန်မှ စက်ရုံ ၃၅၃ရုံ၊မြို့နယ်အတွင်း အခြားစက်ရုံ ၃၅၃ရုံ၊အလုပ်ရုံ ၅၄ရုံ၊ အိမ်တွင်းစက်မှုလက်မှုလုပ်ငန်း ၇၃ခု တည်ရှိသည်။
ဈေးများ
- ဈေးကြီး
- ဗဟိုဈေး
- ပိတောက်မြိုင်ဈေး
- မြို့သစ်ဈေး
- ပေါက်ချောင်းဈေး
- ပုလဲဈေး
- ရန်မျိုးအောင်ဈေး
- ဝန်ဇင်းဈေး
- ပြည်သာယာဈေး
Remove ads
ပို့ဆောင်ဆက်သွယ်ရေး
မိတ္ထီလာမြို့တွင် ရှမ်းတဲလေကြောင်းအတတ်သင် လေတပ်စခန်းဌာနချုပ်ရှိသည်။ မိတ္ထီလာမြို့သည် ကုန်းလမ်းကြောင်းများ ဆုံရာဒေသလည်းဖြစ်သည်။ ရန်ကုန်-မန္တလေး ကားလမ်း၊ ရန်ကုန်-မန္တလေး အမြန်လမ်း၊ မိတ္ထီလာ-တောင်ကြီး-ကျိုင်းတုံ-တာချီလိတ် ပြည်ထောင်စုလမ်း တို့မှာ ထင်ရှားလှသည်။
ပညာရေး
အဆင့်မြင့်ပညာ
- မိတ္ထီလာတက္ကသိုလ်
- မိတ္ထီလာစီးပွားရေးတက္ကသိုလ်
- နည်းပညာတက္ကသိုလ်(မိတ္ထီလာ)
- ကွန်ပျူတာတက္ကသိုလ်(မိတ္ထီလာ)
- မြန်မာနိုင်ငံလေကြောင်းနှင့်အာကာသပညာတက္ကသိုလ်
- မိတ္ထီလာပညာရေးကောလိပ်
- သူနာပြုသင်တန်းကျောင်း(မိတ္ထီလာ)
အခြေခံပညာ
အထက
အထက်တန်းကျောင်း ၁၁ကျောင်းရှိသည်။
- အထက ၁
- အထက ၂
- အထက ၃
- အထက ၄
- အထက ၅
- အထက ၆
- အထက ညောင်ကိုင်း
- အထက ရေဝေ
- အထက ရေချို
- အထက ချည်စက်
- အထက အလယ်ရွာ
အထက(ခွဲ)/အလက
- အလက (ထ(ခွဲ)) တည်ပင်ကုန်း
- အလက (ထ(ခွဲ)) ကွက်ငယ်
- အလက (ထ(ခွဲ)) သရက်ပင်
- အလက (ထ(ခွဲ)) အောင်ဇေယျာ
- အလက (ထ(ခွဲ)) ရွှေစစ်သည်
- အလက (ထ(ခွဲ)) ဂွေ့အိုင်
- အလက (ထ(ခွဲ)) တောမ
- အလက (ထ(ခွဲ)) မွေ
- အလက (ထ(ခွဲ)) န-ကျောက်ဖူး
- အလက (ထ(ခွဲ)) မုန်တိုင်
- အလက ၂
- အလက ၃
- အလက ၉
- အလက လေတပ်
- အလက ကုက္ကိုကုန်း
- အလက ကျားထူး
- အလက ဇရပ်ကုန်း
- အလက ဖက်တော
- အလက ဒီးဒုတ်တောင်
- အလက တုံးအိုင်
အမက
မူလတန်း၊မူလွန်၊အလယ်တန်း(ခွဲ) ၂၁၄ကျောင်းရှိသည်။
Remove ads
ကျန်းမာရေး
- ပြည်သူ့ဆေးရုံ
- ရှင်းမငယ်ဆေးရုံ
- အလည်ရွာဆေးရုံ
- တပ်မတော်စစ်ဆေးရုံ
ထင်ရှားသောနေရာများ
- မိတ္ထီလာကန်
- ဖောင်တော်ဦးဘုရား
- နဂါးရုံဘုရား
- ထီးသုံးဆင့်ဘုရား
- ရွှေမြင်တင်ဘုရား
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads