တွံတေးမြို့
From Wikipedia, the free encyclopedia
Remove ads
တွံတေးမြို့သည် ရန်ကုန်တိုင်းဒေသကြီးတွင် ပါဝင်သော မြို့တစ်ခုဖြစ်သည်။ ရန်ကုန်မြို့၏ အနောက်ပိုင်း လှိုင်မြစ်တလျှောက်တွင် တည်ရှိသည်။ မွန်ဘာသာအရ တွံ-ကုန်းမို့၊ တေ-ထရွာ၊ ကုန်းမို့ရွာဟု အဓိပ္ပာယ်ရသည်။[၃] တွံတေးမြို့နယ်ရှိ ရွာပေါင်း(၂၂၀)ရွာကို ကျေးရွာစု (၆၅)စုနှင့် ရပ်ကွက် (၈)ခုတို့အဖြစ် ဖွဲ့စည်းထားသည်။
Remove ads
သမိုင်း
တွံတေးမြို့သည် ရန်ကုန်တိုင်းဒေသကြီးတွင် ပါပြီး တွံတေးတူးမြောင်းနံဘေးတွင် တည်ရှိသည်။ တွံတေးကို ပုဂံခေတ်က တလ(ဒလ)မြို့ဟု ခေါ်ဆိုခဲ့ကြသည်။ ယင်းကာလမတိုင်မီကမူ အိုးလုပ်ငန်းလုပ်ကိုင်ရာ ကလသပူရဟု ခေါ်ဆိုခဲ့ကြောင်း ထန်မင်းဆက်သမိုင်းသစ်က ဆိုသည်။ ပုဂံခေတ်တွင် ပုဂံဘုရင်များ လက်အောက်ခံဖြစ်သော်လည်း အင်းဝခေတ်သို့ရောက်သောအခါ ဟံသာဝတီဘုရင်က အုပ်ချုပ်ခဲ့သည်။ ရှေးဒလမြို့တော်သည် ခံတပ်မြို့ဖြစ်ပြီး တံတိုင်းအခိုင်အခန့်ဖြင့် တည်ဆောက်ထားသည်။ တံတိုင်းများမှာ ယနေ့တိုင်တွေ့မြင်နိုင်ပါသေးသည်။
Remove ads
လူဦးရေ
၁၈၅၂ ခုနှစ် ဗြိတိသျှလက်အောက်ကျရောက်စဉ် သံလွင်ခရိုင်၏ ခရိုင်ခွဲ (ဆပ်ဒီဝီဇံ)ရုံးစိုက်ရာမြို့ ဖြစ်ခဲ့သည်။ ၁၈၇၈ ခုနှစ်တွင် လူဦးရေ ၁၈၇၀ ဦးရှိပြီး ၁၉၀၁ တွင် ၄၆၈၄ ဦး နေထိုင်ခဲ့သည်။
ဗမာ၊ ကရင်၊ ရှမ်း၊ ရခိုင်၊ မွန် နှင့် ချင်းလူမျိုးများ အများစုနေထိုင်ကြသည်။ ၂၀၁၉ ခုနှစ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ စစ်တမ်းအရ လူဦးရေမှာ ၂၂၉၀၁၇ ရှိသည်။ [၄]
တွံတေးတူးမြောင်း
တွံတေးတူးမြောင်းကို ၁၈၃၃ခု မေလတွင် စတင်ဖွင့်လှစ်ခဲ့ရာ လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်လာခဲ့သည်။ တူးမြောင်းအလျားမှာ ၂၂ မိုင်ရှည်ပြီး ငွေကျပ် ၁၀၃ သိန်းကျော် ကုန်ကျခဲ့သည်။
စေတီပုထိုးများ
တွံတေးမြို့ ရွှေဆံတော်ဘုရားမှာ သမိုင်းဝင်စေတီတစ်ဆူ ဖြစ်သည်။ ဗောင်းတော်ချုပ်စေတီသည်လည်း တွံတေးမြို့ရှိ ထင်ရှားသောစေတီ ဖြစ်သည်။ [၅]
အနော်ရထာ တည်ထားခဲ့သော မောင်ဒီဘုရားမှာ ယခုတိုင် တည်ရှိနေသည်။ [၆]
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads