ထမ်းဆမ်းလိုဏ်ဂူ

From Wikipedia, the free encyclopedia

ထမ်းဆမ်းလိုဏ်ဂူ
Remove ads

ထမ်းဆမ်းလိုဏ်ဂူ သည် တောင်ကြီးမြို့ မှ ဟိုပုံးသို့ ၁၂ မိုင်၊ ဟိုပုံးမှ လွိုင်လင် လမ်းအတိုင်း ၁၄ မိုင်ခန့်တွင် တည်ရှိသည်။ ကားလမ်းအောက်ဘက် ပေ ၁၅၀ ခန့်တွင် ရှိပြီး ဂူ အမြင့်က အမြင့်ဆုံးနေရာတွင် ပေ ၆၀ ခန့် မြင့်ပြီး အကျယ်ဆုံးနေရာတွင် ပေ ၂၀၀ ခန့် ကျယ်ပါသည်။ ထမ်းဆမ်းဂူသည် သက်ရင့်ထုံး ကျောက်ဂူ အတွင်း အလွန်လှပသော ကျောက်စက်ပန်းဆွဲများ ပုံစံအမျိုးမျိုး၊ မြေပေါ်မှ ထိုးထွက်နေသော ကျောက်သားတိုင် ပုံစံ အမျိုးမျိုး တို့ဖြင့် ဖွဲ့စည်းထားသည်။

Thumb
ထမ်းဆမ်းလိုဏ်ဂူအဝင်ဝ
Thumb
ထမ်းဆမ်းဂူအတွင်းတစ်နေရာ

ကျောက်စက်ပန်းဆွဲများသည် အဖြူရောင်၊ အဝါရောင်၊ အညိုရောင် စသည် ဖြင့် အရောင်အမျိုးမျိုး ရှိသကဲ့သို့ သစ်သီးပုံများ၊ လှံ၊ ဓားပုံများ၊ လိုက်ကာကဲ့သို့ အတွန့်အလိပ်များ၊ ထီးဖြူ၊ မီးခိုးရောင် ပုံသဏ္ဌာန်များ စသည်ဖြင့် လှပစွာ ရှိသည်။ ကျောက်သားတိုင်များ ၏ အရစ်လိုက် ဖွဲ့စည်းဖြစ်ပေါ်နေမှုများ၊ နံရံများ၌ ကျောက်စက် ပန်းဆွဲများ ကျနေပုံများသည် လွန်စွာထူးခြား လှပသည်။

ဆရာတော် ဦးပေါရိဿ (ဟိုပုံးကိုရင်လေး)သည်၎င်း၏ အိပ်မက်အရ ရှာဖွေ တွေ့ရှိခဲ့ပြီး ၂၀၀၉ ခုနှစ်၊ ဇူလိုင်လ ၆ ရက်နေ့မှစ၍ ဖွင့်နိုင်အောင် ကြိုးပမ်း ခဲ့သည်။

ဂူအရှည် မှာ အတိအကျ မသိရသော်လည်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ ပအိုဝ်း တိုင်းရင်းသားများက ပေ ၆၀၀၀ ခန့် အထိ ရှင်းလင်းပြီး ဖြစ်သည်။ ဝင်ရောက်လေ့လာနိုင်သည့် ဂူအလျားမှာ ပေ ၃,ဝဝဝ ခန့် ဖြစ်သည်။ []

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads