ထွန်းထွန်းနိုင် (ရုပ်ရှင်သရုပ်ဆောင်)

From Wikipedia, the free encyclopedia

Remove ads

ထွန်းထွန်းနိုင် (သရုပ်ဆောင် ဒါရိုက်တာ နောင်ထွန်းလွင်)

ထွန်းထွန်းနိုင်
မွေးသက္ကရာဇ် ၁၉၅၂ - ၂၃ ဒီဇင်ဘာ ၂၀၀၈
နိုင်ငံ မြန်မာ
အမည်ရင်း မောင်မောင်
မိဘအမည် ဦးရွှေဒုံးထွန်းလွင်+ဒေါ်ခင်စိန်
မွေးဖွားရာ ဒေသ
ထင်ရှားကျော်ကြားမှု ရုပ်ရှင်ဗီဒီယို ဒါရိုက်တာ
ရရှိခဲ့သောဆုများ အကောင်းဆုံး အမျိုးသားဇာတ်ပို့ဆု (၁၉၈၅)

ထွန်းထွန်းနိုင်သည် ရုပ်ရှင်သရုပ်ဆောင်၊ ရုပ်ရှင်ဗီဒီယို ဒါရိုက်တာ ဖြစ်သည်။

ရုပ်ရှင်သရုပ်ဆောင်အဖြစ် "ချစ်ချိုသဲရယ်" ဇာတ်ကားတွင် စတင်သရုပ်ဆောင်ခဲ့ပြီး ၁၉၈၅ တွင်"ချစ်မီးလျှံထဲကမေချို" ဖြင့် အကယ်ဒမီဇာတ်ပို့ဆုရရှိသည်။ နောက်ပိုင်းတွင် ညီဖြစ်သူ ညီညီထွန်းလွင်နှင့် တွဲကာ နောင်ထွန်းလွင် အမည်ဖြင့် ဒါရိုက်တာအဖြစ် ကူးပြောင်းကာ ရုပ်ရှင် (၁၅)ကားခန့် ဖန်တီးခဲ့သည်။

အဖ ဦးရွှေဒုံးထွန်းလွင် အမိဒေါ်ခင်စိန် တို့မှ မွေးဖွားသည်။ မြို့မ အထက်တန်းကျောင်း တွင် တက်ရောက်ခဲ့သည်။

ဒါရိုက်တာ ညီညီထွန်းလွင်၊ ဒေါ်ယဉ်ထွန်းလွင် တို့၏ အစ်ကိုဖြစ်သည်။ ငယ်အမည် မောင်မောင် ဖြစ်သည်။

ဇနီးသည်မှာ ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ဒေါ်မြင့်မြင့်ခင်၏ သမီး ဒေါ်တင်အေးမြင့်(ခ)သီရိကေခိုင် ဖြစ်သည်။

အမှတ်(၁) ရှင်စောပုလမ်းသွယ်၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့နေထိုင်သည်။

Remove ads

အိမ်ထောင်သည်ဘဝ

၁၉၇၃ ခုနှစ်တွင် ရုပ်ရှင် ဒါရိုက်တာ ဦးကြီးမြင့် နှင့် ဒေါ်မြသန်း (ယမုံနာ ရှပ်ရှင်) တို့၏ သမီးကြီး ဒေါ်မြင့်မြင့်သန်းနှင့် တရားဝင်လက်ထပ်ခဲ့ပြီး တစ်ဦးတည်းသောသား သူရိန်ဦး (ခ) သားကြီး (တေးရေးတေးဆို မျိုးချစ်မြန်မာ) ကို ၁၉၇၄ ခုနှစ် တွင် မွေးဖွားခဲ့သည်။

၁၉၈၃ ခုနှစ်တွင် ဒေါ်မြင့်မြင့်သန်း နှင့် စိတ်သဘောထား မတိုက်ဆိုင်မှုကြောင့် တရားဝင်ကွာရှင်းပြတ်စဲခဲ့သည်။

၁၉၉၁ ခုနှစ်တွင် ရှေ့နေကြီး ဦးခင်မောင်ညွန့် နှင့် သရုပ်ဆောင် ဒေါ်မြင့်မြင့်ခင် တို့ ၏ သမီးကြီး ဒေါ်တင်အေးမြင့် (သရုပ်ဆောင် သီရိကေခိုင်) နှင့် တရားဝင်လက်ထပ်ခဲ့သည်။

ကွယ်လွန်ချိန်ထိ ဒေါ်သီရိကေခိုင် နှင့် သားသမီး မထွန်းကားခဲ့ပေ။

Remove ads

ဘ၀နိဂုံး

သွေးတိုးရောဂါဖြင့် အသက်(၅၇-နှစ်) အရွယ် ဦးထွန်းထွန်းနိုင်သည် ၂၃-၁၂-၂၀၀၈ ရက်နေ့နံနက် ၅နာရီတွင် မြေနီကုန်းရှိ မဟာမြိုင်အထူးကုဆေးခန်းတွင် ကွယ်လွန်သည်။

ရည်ညွှန်းကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads