ဒဂုံတက္ကသိုလ်
From Wikipedia, the free encyclopedia
Remove ads
ဒဂုံတက္ကသိုလ်(Dagon University)သည် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်ထဲတွင် တည်ရှိသည်။ မြန်မာနိုင်ငံ၏ ကျောင်းသားဦးရေ အများဆုံးနှင့် အကြီးဆုံးသော တက္ကသိုလ်တစ်ခုဖြစ်သည်။ ၁၉၉၃ ခုနှစ်တွင်စတင်တည်ထောင်ခဲ့ပြီး ဝိဇ္ဇာဘာသာရပ်၊ သိပ္ပံဘာသာရပ် များကို သင်ကြားပို့ချလျက်ရှိသော တက္ကသိုလ်ဖြစ်သည်။
Remove ads
သမိုင်းကြောင်း
ဒဂုံတက္ကသိုလ်ကို ၁၉၉၃ ခုနှစ် အောက်တိုဘာလ (၂၇) ရက်နေ့တွင် ဖွင့်လှစ်ခဲ့ပြီး ကျောင်းသားများကို ၁၉၉၃ ခုနှစ် နိုဝင်ဘာလ (၁၅)ရက်နေ့တွင် စတင်လက်ခံသင်ကြားခဲ့သည်။ ခွင့်ပြုသည့် ကျောင်းသားဦးရေမှာ (၆၀၀၀၀) ဖြစ်သည်။ ၁၉၉၃-၉၄ ကျောင်းဖွင့်စ ပညာသင်နှစ်တွင် ဘာသာရပ်ဌာန(၈)ခု၌ ပထမနှစ် ကျောင်းသား၊ ကျောင်းသူ (၁၂၉၈) ဦးကို လက်ခံသင်ကြားပေးခဲ့သည်။[၂]၂၀၀၂-၂၀၀၃ ပညာသင်နှစ်အစတွင် ကျောင်းသားဦးရေ (၁၅၀၀၀) ကျော်ကို လက်ခံသင်ကြားပေးခဲ့သည်။ ၂၀၀၃-၂၀၀၄ ခု ပညာသင်နှစ်တွင် ကျောင်းသားဦးရေ (၂၁၄၆၃) ကိုလက်ခံသင်ကြားပေးခဲ့သည်။ ၂၀၀၄-၂၀၀၅ ခု ပညာသင်နှစ်တွင် ကျောင်းသားကျောင်းသူဦးရေ (၂၂၅၉၁)ကို လက်ခံသင်ကြားပေးခဲ့သည်။ ၂၀၀၅-၂၀၀၆ ခု ပညာသင်နှစ်တွင် ကျောင်းသားကျောင်းသူ ဦးရေ (၂၄၃၁၄) ကို လက်ခံသင်ကြားပေးခဲ့သည်။ ဒဂုံတက္ကသိုလ်မှ ဆရာ၊ ဆရာမများသည် အဝေးသင်ကျောင်းသားကျောင်းသူများ ၏သင်ကြားရေးကိုလည်း တာဝန်ယူဆောင်ရွက်ရသည်။ ၂၀၀၄-၂၀၀၅ ပညာသင်နှစ်တွင် ကျောင်းသားကျောင်းသူ ဦးရေစုစုပေါင်း (၅၉၁၄၄) ဦး၊ ၂၀၀၅-၂၀၀၆ ပညာသင်နှစ်တွင် ကျောင်းသားကျောင်းသူဦးရေ စုစုပေါင်း (၆၂၈၉၈) ဦး၏ သင်ကြားရေးကို တာဝန်ယူခဲ့သည်။
Remove ads
တည်နေရာ
မင်းရဲကျော်စွာလမ်း ၊ (၅၂) ရပ်ကွက် ၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် ၊ ရန်ကုန်မြို့တွင် တည်ရှိသည်။ အကျယ်အဝန်းမှာ ၁၅၈၂.၁၄ဧက ကျယ်ဝန်းသည်။
ဖွဲ့စည်းပုံ
ဒဂုံတက္ကသိုလ် ယာယီအုပ်ချုပ်ရေးကောင်စီ
ဒဂုံတက္ကသိုလ်၏ ကြားကာလအတွင်း အုပ်ချုပ်ရေးနှင့်ပညာရေးကိစ္စအဝဝကိုစီမံခန့်ခွဲနိုင်ရန်အတွက် ဒဂုံတက္ကသိုလ်ယာယီအုပ်ချုပ်ရေးကောင်စီ ကို ဆရာသမဂ္ဂ ကိုယ်စားလှယ်များ ၊ ကျောင်းသားသမဂ္ဂ ကိုယ်စားလှယ်များ ၊ ဝန်ထမ်းသမဂ္ဂ ကိုယ်စားလှယ်များဖြင့် ၂၀၂၁ ခုနှစ် ၊ ဧပြီလ ၂၂ ရက်နေ့တွင် ဖွဲ့စည်းခဲ့ပြီး အကြမ်းဖက်စစ်အုပ်စုအား တော်လှန်ရေးကာလအတွင်း တက္ကသိုလ်၏ စီမံခန့်ခွဲရေးဆိုင်ရာ အမြင့်ဆုံး အာဏာပိုင်အဖွဲ့အစည်းဖြစ်သည်။
ဘာသာရပ်သင်တန်းများ
အထူးပြုဘာသာရပ်ဌာန (၁၈) ခုရှိပြီးသင်ကြားပို့ချသော အထူးပြုဘာသာရပ်များအနက်
- ဝိဇ္ဇာဘာသာရပ်များအနေဖြင့် သင်ကြားပို့ချသော အထူးပြု ဘာသာရပ်များမှာ –
- မြန်မာစာ၊
- အင်္ဂလိပ်စာ၊
- ပထဝီဝင်၊
- သမိုင်း၊
- ဒဿနိကဗေဒ၊
- စိတ်ပညာ၊
- ဥပဒေပညာ၊
- အရှေ့တိုင်းပညာ၊
- နိုင်ငံတကာဆက်ဆံရေးပညာ၊
- မနုဿဗေဒ၊
- ရှေးဟောင်းသုတေသနပညာ၊
- မြန်မာမှုပညာ နှင့်
- ရသစာပေ တို့ဖြစ်သည်။
- သိပ္ပံဘာသာရပ်များမှာ
- ဓာတုဗေဒ၊
- ရူပဗေဒ၊
- သင်္ချာ၊
- သတ္တဗေဒ၊
- ရုက္ခဗေဒ၊
- ဘူမိဗေဒ၊
- ကုန်ထုတ်ဓာတုဗေဒ၊
- ဇီဝဓာတုဗေဒ၊
- မိုးလေဝသဗေဒ၊
- ဇလဗေဒ၊
- ကွန်ပျူတာသိပ္ပံ၊
- အဏုဇီဝဗေဒ၊
- ဇီဝနည်းပညာ နှင့်
- အားကစားပညာ တို့ဖြစ်သည်။
စုစုပေါင်း အထူးပြုဘာသာရပ်နှင့် ပေါင်းစပ် ဘာသာရပ်(၂၇) ခုကို ဒဂုံတက္ကသိုလ်တွင် သင်ကြားလျက်ရှိသည်။ စုစုပေါင်း ပုံမှန်နေ့သင်တန်း ကျောင်းသား ကျောင်းသူဦးရေမှာ (၂၄၃၁၄) ဦးဖြစ်သည်။
ဒဂုံတက္ကသိုလ်မှ အပ်နှင်းသော ဘွဲ့၊ မဟာဘွဲ့ နှင့် ပါရဂူဘွဲ့များ
Remove ads
တက္ကသိုလ် အကြီးအကဲများ
ဒဂုံတက္ကသိုလ်၏ ပါမောက္ခချုပ်များ
အသင်းအဖွဲ့များ
ကျောင်းသားများသမဂ္ဂ
ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂကို ၁၉၉၆ ခုနှစ် ၊ ဒီဇင်ဘာလ (၅) ရက်နေ့တ္ငင် စတင်ဖွဲ့စည်းခဲ့သည်။ စစ်အစိုးရ၏ ဖိနှိပ်မှုများကြောင့် ၁၉၉၆ ခုနှစ် ၊ ဒီဇင်ဘာလ (၉) ရက်နေ့တ္ငင် ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂက ဦးဆောင်ပြီး ၁၉၉၆ ကျောင်းသားလှုပ်ရှားမှု[၃]ကို စတင်ခဲ့သည်။ သမဂ္ဂ ဖွဲ့စည်းပြီး လပိုင်းအတွင်း ဖြိုခွင်း ဖမ်းဆီးခံခဲ့ရသည်။ ၂၀၁၂ ခုနှစ် ၊ ဇူလိုင်လ (၂၃) ရက်နေ့တ္ငင် သမဂ္ဂကို ပြန်လည်ဖွဲ့စည်းခဲ့သည်။ သမဂ္ဂရွေးကောက်ပွဲကို လျှို့ဝှက်ဆန္ဒမဲစနစ်ဖြင့် တစ်ကျောင်းလုံးမှဆန္ဒပြုကြသည်။ တတိယအကြိမ်မြောက် ဒဂုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဗဟိုအလုပ်မှုဆောင် အထွေထွေရွေးကောက်ပွဲကို ၂၀၁၉ ခုနှစ် ၊ ဇန်နဝါရီ ၂၅ ရက်တွင်ကျင်းပခဲ့ပြီး Future The DAGON အသင်း နှင့် Unity & Progress အသင်းတို့မှ ကျောင်းသားကိုယ်စားလှယ် ၂၈ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။[၄]
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads