ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်

ရန်ကုန်တိုင်းရှိမြို့နယ် From Wikipedia, the free encyclopedia

Remove ads

ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်သည် ရန်ကုန်မြို့၏ အရှေ့တောင်ပိုင်းတွင် တည်ရှိသည်။ ဒဂုံမြို့သစ်တောင်ပိုင်း၏ မြောက်ဘက်တွင် ဒဂုံမြို့သစ်မြောက်ပိုင်းနှင့် ဒဂုံမြို့သစ်အရှေ့ပိုင်း၊ အနောက်ဘက် ပုဇွန်တောင်ချောင်းတလျှောက်တွင် သင်္ဃန်းကျွန်းမြို့နယ်၊ အရှေ့ဘက်တွင် ပဲခူးမြစ်နှင့် တောင်ဘက်တွင် ဒဂုံမြို့သစ်ဆိပ်ကမ်းတို့ တည်ရှိသည်။

အချက်တိုများ ဒဂုံမြို့သစ်တောင်ပိုင်း, နိုင်ငံ ...

ဒဂုံမြို့သစ်တောင်ပိုင်းကို ရပ်ကွက်ပေါင်း (၂၆)ခုနှင့် ကျေးရွာစု (၃)စုဖြင့် ဖွဲ့စည်းထားသည်။ ဤမြို့နယ်သည် (၁၉၈၉)ခုနှစ်တွင် တပ်မတော်အစိုးရ တည်ထောင်ခဲ့သော မြို့သစ်များထဲတွင် တစ်ခုအပါအဝင်ဖြစ်သည်။

အစိုးရ မူလတန်းကျောင်း (၃၁) ကျောင်း၊ အလယ်တန်းကျောင်း (၇) ကျောင်း၊ အထက်တန်းကျောင်း (၃) ကျောင်းရှိသည်။

အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)သည် ဤမြို့နယ်တွင် တည်ရှိသည်။

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads