ဒရူပါဒီ မာမူ
From Wikipedia, the free encyclopedia
Remove ads
ဒရူပါဒီ မာမူ (အင်္ဂလိပ်: Droupadi Murmu) သည် အိန္ဒိယနိုင်ငံ၏ လက်ရှိသမ္မတဖြစ်သည်။ ပရာတီဘာ ပါတေးပြီးနောက် အိန္ဒိယနိုင်ငံ၏ ဒုတိယမြောက် အမျိုးသမီးသမ္မတလည်း ဖြစ်သည်။[၁] သမ္မတမဖြစ်မီက ဂျဟာခန်ပြည်နယ်၏ အုပ်ချုပ်ရေးမှူးအဖြစ် ၂၀၁၅ခုနှစ်မှ ၂၀၂၁ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၀၀ပြည့်နှစ်မှ ၂၀၀၄ခုနှစ် အထိ ဩရိဿပြည်နယ် အစိုးရအဖွဲ့တွင် ရာထူးအမျိုးမျိုးဖြင့် တာဝန်ထမ်းဆောင်ခဲ့သည်။ နိုင်ငံရေးသို့ မဝင်ရောက်မီ ၁၉၇၉ခုနှစ်မှ ၁၉၈၃ခုနှစ်အထိ ဆည်မြောင်းဌာနတွင် စာရေး၊ ထို့နောက် ၁၉၉၇ခုနှစ်အထိ ကျောင်းဆရာမအဖြစ် လုပ်ကိုင်ခဲ့သည်။[၂]
Remove ads
ပုဂ္ဂိုလ်ရေးဘဝ
ဒရူပါဒီ မာမူကို ၁၉၅၈ခုနှစ် ဇွန်လ (၂၀) ရက်နေ့တွင် ဩရိဿပြည်နယ်၌ ဆန်သာမျိုးနွယ်စုဝင် မိသားစုမှ မွေးဖွားခဲ့သည်။ မိသားစုမှပေးသော အမည်မှာ ပုတီတုဒူ ဖြစ်သည်။ ကျောင်းတက်ရောက်ရာတွင်မှ ဆရာက ဒရူပါဒီဟု အမည်ပြောင်းပေးခဲ့သည်။ ၎င်း၏အမည်ကို ယခင်က "ဒါပါဒီ"၊ "ဒေါ်ပဒီ" ဟုလည်းခေါ်ဆိုခဲ့ကြသည်။ ဖခင်နှင့် အဘိုးတို့မှာ ကျေးရွာကောင်စီ၏ အကြီးအကဲများ ဖြစ်ခဲ့ကြသည်။ ရာမဒေဝီအမျိုးသမီးကောလိပ်မှ ဘွဲ့ရခဲ့သည်။ ၎င်းအနေဖြင့် မူလတန်းပညာသင်ကြားနိုင်ရေးကိုပင် အိပ်မက်ဖြစ်ခဲ့ကြောင်း ဒရူပါဒီမာမူက ပြောခဲ့ဖူးသည်။ အခက်အခဲများကို ကျော်ဖြတ်ခဲ့ရာမှ ၎င်းတို့ကျေးရွာတွင် ပထမဆုံးသော တက္ကသိုလ်တက်ခွင့်ရသည့် အမျိုးသမီး ဖြစ်လာခဲ့သည်။[၁][၃]
၁၉၈၀ပြည့်နှစ်တွင် ဘဏ်လုပ်ငန်းရှင်တစ်ဦးနှင့် လက်ထပ်ခဲ့ကာ သားနှစ်ဦး၊ သမီးတစ်ဦး ထွန်းကားခဲ့သည်။ ဒရူပါဒီသည် ၂၀၀၉ခုနှစ်မှ ၂၀၁၅ခုနှစ် (၇)နှစ်အတွင်း ခင်ပွန်း၊ သား(၂)ဦး၊ မိခင်၊ အကိုတို့အား ဆုံးရှုံးခဲ့ရသည်။
Remove ads
သမ္မတသက်တမ်း


အာဏာရ ဘာရာတီယာ ဂျာနာတာပါတီပါဝင်သော အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့၏ သမ္မတလောင်းအဖြစ် ရွေးချယ်ခံခဲ့ရသည်။ ကြီးမားသော နိုင်ငံရေးအင်အားထောက်ပံ့မှုဖြင့် နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်ခံခဲ့ရပြီး ၂၀၂၂ခုနှစ် ဇူလိုင်လ (၂၅)ရက်နေ့တွင် သမ္မတအဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့သည်။[၄] ဒရူပါဒီသည် အိန္ဒိယနိုင်ငံသမိုင်းကြောင်း၌ အငယ်ဆုံးသမ္မတဖြစ်လာကာ လွတ်လပ်ရေးရပြီးနောက် မွေးဖွားခဲ့သည့် ပထမဆုံးသမ္မတလည်းဖြစ်သည်။[၂]
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads