ဒါကာမြို့

From Wikipedia, the free encyclopedia

ဒါကာမြို့
Remove ads

ဒါကာမြို့သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ မြို့တော် ဖြစ်ပြီး ဒါကာပြည်နယ်၏ မြို့တော်လည်း ဖြစ်သည်။ ဒါကာ သည် မက်ဂါမြို့တော် အဆင့်ရှိသော မြို့တော်တစ်ခုဖြစ်ပြီး အာရှတောင်ပိုင်း၏ အရေးပါသော မြို့တစ်မြို့လည်း ဖြစ်သည်။ ဒါကာမြို့တော်နှင့် ၎င်း၏ မက်ထရိုပိုလစ်တန် ဒေသတို့သည် ဘူရိဂင်္ဂါမြစ်ကမ်းပေါ်တွင် တည်ရှိသည်။ ၂၀၁၁ ခုနှစ်တွင် လူဦးရေ ၁၆ သန်းမျှ ရှိပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အကြီးဆုံးမြို့အဖြစ် တည်ရှိသည်။ ကမ္ဘာပေါ်ရှိမြို့ကြီးများတွင် နဝမမြောက် အကြီးဆုံးဖြစ်ပြီး လူဦးရေ အသိပ်သည်းဆုံးမြို့များတွင် အဆင့် ၂၈ ရှိသည်။ ဒါကာမြို့ကို ဗလီများ၏မြို့တော် ဟုလည်း ခေါ်ဝေါ်လေ့ ရှိကြသည်။ မြို့တော်၏ လမ်းများပေါ်တွင် ဆိုက်ကားစီးရေ ၄ သိန်းမျှ နေ့စဉ်သွားလာနေသဖြင့် ကမ္ဘာ့ဆိုက်ကားမြို့တော် ဟုလည်း ခေါ်ကြသည်။

အချက်တိုများ ဒါကာမြို့ ঢাকা, Dhaka Metropolitan Area ...
Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads