ဒါနမုဒြာ
From Wikipedia, the free encyclopedia
Remove ads
အလှူပေးဟန်ဟု ခေါ်သည်။ ကောင်းချီးပေးဟန် ဆုပေးဟန်နှင့် ဆင်တူဖြစ်သည်။ ဝရဒမုဒြာကိုလည်း ရှုပါ။

လက်ျာလက်ကို မြေကြီးသို့ အောက်စိုက်ချထားကာ လက်ဝါးကို အပြင်ဘက်သို့ ညွှန်၍ပြထားသည်။ လက်ချောင်းများကို ဖြန့်ပြထားပြီး တစုံတခု ပေးတော့မည့် ပုံဟန်ကို ဆောင်သည်။ ဘူမိဖဿမုဒြာနှင့် လက်ဝါးထားပုံ ပြောင်းပြန်ဖြစ်သည်။
တခါတရံ လက်ချောင်းများကို ကွေးထား၍ တစုံတခုကို ကိုင်တွယ်ပြီး အလှူပေးတော့မည့် ဟန်ဖြင့် ရှိတတ်သည်။
အနှစ်သာရအားဖြင့် ဒါနမင်္ဂလာ, ပူဇာ စ ပူဇနေယျာနံ မင်္ဂလာများကို သရုပ်ဆောင်ထားခြင်း ဖြစ်သည်။
ဒါနပါရမီစခန်းသို့ ညွှန်ပြလျက် ရှိသည်။
ဝီရရသ, သန္တရသများကို ဖော်ဆောင်သည်။
ပုံစံအားဖြင့် ရတနသမ္ဘဝဈာနိ ဗုဒ္ဓဘုရားပုံတော်ကို ဤ ဒါနမုဒြာဖြင့် တွေ့ရတတ်သည်။ လောက သုံးပါးကို ဖန်ဆင်းပေးတော်မူသော သဘာဝကို ဖော်ပြထားခြင်းဖြစ်သည်ဟု ဆိုသည်။ ဖူးမြော်လာသူအား ကိုးကွယ်လည်းလျောင်း အားထားစရာ ရတနာသုံးပါးတည်းဟူသော ဘုရား, တရား, သံဃာတို့ကို ပေးတော်မူ၏။ ခံယူကိုးကွယ်ကြပါလောဟု တိုက်တွန်းသတိပေးသည့် အနက်အဓိပ္ပါယ်ကို ဆောင်ပေသည်။
ဒါနမုဒြာပါသော ရုပ်ပွားဆင်းတုကို ထုလုပ်ကိုးကွယ်သူသည် လာဘ်ရွှင်ခြင်း, ရွှေငွေ့ဥစ္စာ ရတနာ ဆင် မြင်းစသော စီးပွားရေးတွင် အောင်မြင်ခြင်း, ကြွေးမြီဟောင်းကို တောင်းခံရာ၌ လွယ်လင့်တကူ ရနိုင်ခြင်း, သူတပါးထံမှ လက်ဆောင်ပဏ္ဏာများကို ရနိုင်ခြင်း, ခွန်တုတ်ပန္နာများ ပေါများ ကြွယ်ဝစွာ ရရှိနိုင်ခြင်း, တိုင်းပြည်နိုင်ငံအတွင်း ဆန်ရေစပါး ပေါများခြင်းစသော အကျိုးထူးများကို ခံစားရသည်ဟု တန္တရာယာနကျမ်း လောကီကျမ်းများ၌ ဖော်ပြထားပေသည်။
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads