ဒိုင်နိုဆော ခရိုင်ဥယျာဉ်

ကနေဒါနိုင်ငံ၊ အယ်လ်ဘာတာပြည်နယ်ရှိ ခရိုင်ဥယျာဉ် From Wikipedia, the free encyclopedia

ဒိုင်နိုဆော ခရိုင်ဥယျာဉ်
Remove ads

ဒိုင်နိုဆော ခရိုင်ဥယျာဉ် သည် ကနေဒါနိုင်ငံ အယ်လ်ဘာတာပြည်နယ် ကယ်လ်ဂရီမြို့ ၏ အရှေ့တောင်ဘက် ၂ နာရီခွဲခန့် ကားမောင်းသွားရသည့် နေရာ သို့မဟုတ် ၃၀မိုင် (၄၈ ကီလိုမီတာ) အကွာတွင် တည်ရှိပြီး အယ်လ်ဘာတာပြည်နယ် ဘရွတ်ခ်မြို့မှ နာရီဝက်ခန့် ကားမောင်းသွားရသော နေရာတွင် ရှိသည်။

အချက်တိုများ ဒိုင်နိုဆောခရိုင်ဥယျာဉ်*, UNESCO ကမ္ဘာ့အမွေအနှစ်နေရာများ ...

ထိုဥယျာဉ်သည် ဘက်လန်း မြေမျက်နှာသွင်ပြင် ထင်ရှားစွာ ရှိသော ရက်ဒီးယား မြစ်၏ မြစ်ဝှမ်း အတွင်း တည်ရှိသည်။ ထိုဥယျာဉ်သည် ကမ္ဘာပေါ်တွင် ဒိုင်နိုဆော ရုပ်ကြွင်း အများဆုံး ရှိသည့် အတွက် ထင်ရှားသည်။ ဒိုင်နိုဆော မျိုးစိတ်ပေါင်း ၄၀ ကို ဥယျာဉ်အတွင်း ရှာဖွေတွေ့ရှိခဲ့ပြီး ဥပမာ ၅၀၀ ခန့်ကို ထိုဥယျာဉ် အတွင်းမှ သယ်ဆောင်၍ ကမ္ဘာတဝှမ်းရှိ ပြတိုက်များတွင် ပြသထားသည်။ မိုက်ခရိုစကုပ်ဖြင့် ကြည့်ရသော ရေညှိမှစ၍ အသားစားသော ဒိုင်နိုဆောကြီးများ အထိ မျိုးစိတ်ပေါင်း ၅၀၀ ခန့်၏ ကျောက်ဖြစ်ရုပ်ကြွင်းများ စုစည်းနေသဖြင့် ၁၉၇၉ ခုနှစ်တွင် ကမ္ဘာ့ အမွေခံနေရာ တစ်ခု အဖြစ်သတ်မှတ်ခဲ့သည်။

Remove ads
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads