ဒိုင်းနက်လူမျိုး

From Wikipedia, the free encyclopedia

ဒိုင်းနက်လူမျိုး
Remove ads

ဒိုင်းနက်လူမျိုး (သက္ကမလူမျိုး[]) သည် မြန်မာနိုင်ငံရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ဒေသခံတိုင်းရင်းသားများ ဖြစ်သည်။ ဒိုင်းနက်လူမျိုးများသည် မြန်မာနိုင်ငံအစိုးရမှ တရားဝင်အသိအမှတ်ပြုထားသော တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးတွင် အပါအဝင် ဖြစ်သည်။ ဒိုင်းနက်လူမျိုးသည် တိဘက်-ဗမာနွယ် လူမျိုးကြီးအုပ်စုတွင် အပါအဝင်ဖြစ်ပြီး မျိုးရိုးဗီဇအရ တိဘက်လူမျိုးဗမာလူမျိုးနှင့် ရခိုင်လူမျိုးများနှင့် နီးစပ်သည်။ ဒိုင်းနက်လူမျိုးများ၏ ၁၉၉၅ ခုနှစ် စာရင်းများအရ လူဦးရေ ၆၀,၀၀၀ ခန့်ရှိခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် ၈၀,၀၀၀ အထိ ရှိလာခဲ့သည်။ အသွင်အပြင်အရ ရခိုင်လူမျိုးများနှင့် ခွဲခြားရန်ခက်သော်လည်း ဒိုင်းနက်လူမျိုးများတွင် ကွဲပြားသော ဘာသာစကားနှင့် ယဉ်ကျေးမှုများ ရှိကြသည်။ လူမျိုးစုအရ ဒိုင်းနက်လူမျိုးများသည် ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်းရှိ သက္ကမလူမျိုးများနှင့် နီးစပ်သည်။ ဒိုင်းနက်နှင့် သက္ကမလူမျိုးတို့၏ ဘာသာစကားစကားမှာ အပြန်အလှန်နားလည်နိုင်စွမ်းရှိသည်။

အချက်တိုများ လူဦးရေ စုစုပေါင်း, အများစု နေထိုင်သည့် နေရာ ...


ဒိုင်းနက်လူမျိုးများသည် ဒိုင်းပညာရပ်များကို တတ်ကျွမ်းသူများ ဖြစ်ခဲ့ကြ၍ ဒိုင်းနက်လူမျိုးဟု​ခေါ်တွင်​ကြောင်း သိရသည်။ မူလ ဒိုင်းတတ် မှ ဒိုင်းဒက် ဒိုင်းနက်ဟုပြောင်းလဲလာသည်။ ဒိုင်းနက်လူမျိုးတွင် မျိုးနွယ်ကွဲ ၈မျိုးရှိသည်။ ဒိုင်းနက်တို့သည် ဗုဒ္ဓဘာသာဝင်များဖြစ်ကြသည်။

ဒိုင်းနက်အများဆုံး ​နေထိုင်ရာ​ဒေသမှာ စစ်​တွေမြို့နယ်ပင်ဖြစ်သည်။ ဒိုင်းနက်၈ မျိုးအနက် လက်ဝဲ​ထောင်ဒိုင်းနက်များသည် ကျောက်​တော်၊ပုဏ္ဏားကျွန်း မြို့များတွင်​နေထိုင်ကြသည်။​ မောင်ညို​ထောင် ဒိုင်းနက်တို့သည် မြောက်ဦး၊မင်းပြား၊ရ​သေ့​တောင်တို့တွင် ​နေထိုင်ကြသည်။ ဒိုင်းနက်တို့သည် ဘူးသီး​တောင်​မောင်​တော မြို့နယ်များနှင့် ​လေးမြို့​ချောင်းဖျားတွင်လည်း ​နေထိုင်ကြသည်။

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads