မြန်မာတိုင်းရင်းသားမျိုးနွယ်များ

ဝီကီပီးဒီးယားစာရင်းဆောင်းပါး From Wikipedia, the free encyclopedia

မြန်မာတိုင်းရင်းသားမျိုးနွယ်များ
Remove ads

မြန်မာနိုင်ငံတွင် နိုင်ငံတော်အစိုးရက အသိအမှတ်ပြုထားသော တိုင်းရင်းသားမျိုးနွယ်စု ၁၃၅ မျိုးရှိသည်။ ယင်းတို့ကို အဓိကလူမျိုးစုကြီးရှစ်ခုအဖြစ် အောက်ပါအတိုင်း အုပ်စုခွဲထားသည်။[]

  1. ကချင်
  2. ကယား
  3. ကရင်
  4. ချင်း
  5. မွန်
  6. မြန်မာ
  7. ရခိုင်
  8. ရှမ်း[]
Thumb
မြန်မာနိုင်ငံ၏ လူမျိုးနှင့် ဘာသာဗေဒပြ မြေပုံ

၁၉၉၀ ပြည့်နှစ်၊ စက်တင်ဘာလ ၂၆ ရက်နေ့ထုတ် လုပ်သားပြည်သူ နေ့စဉ်သတင်းစာတွင် ယင်းလူမျိုးစုစာရင်းများမှာ ၁၉၃၁ ခုနှစ်တွင် ပြုစုခဲ့သော သန်းခေါင်စာရင်းအရ လူမျိုးစုစာရင်းအခြေခံ၍ လည်းကောင်း၊ ၁၉၅၃-၁၉၅၄ ခုနှစ် လူမျိုးစုစာရင်းအရလည်းကောင်း၊ ၁၉၆၀ ပြည့်နှစ်တွင် ယဉ်ကျေးမှုဝန်ကြီးဌာန လက်အောက်ရှိ ရှေးဟောင်းစာပေနှင့်ယဉ်ကျေးမှုရုံး၏ အကြံပြုချက်နှင့် ယင်းနှစ်တွင် မြန်မာနိုင်ငံသမိုင်းကော်မရှင်၏ အကြံပေးချက်အရလည်းကောင်း၊ ၁၉၇၂ ခုနှစ် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ဗဟိုကော်မတီဌာနချုပ် တိုင်းရင်းသားလူမျိုးစုရေးရာကော်မတီ၏ ညှိနှိုင်းပေးချက်အရ လည်းကောင်း လူမျိုးစုစာရင်းများကို အချိန်ယူပြုစုခဲ့ကြပြီး ၁၉၈၃ ခုနှစ် သန်းခေါင်စာရင်းတွင် အသုံးပြုခဲ့ကြောင်း ဖော်ပြထားသည်။[]

"အဓိကလူမျိုးစုကြီးများ" ကို ပြောဆိုကြသော ဘာသာစကား သို့မဟုတ် တိုင်းရင်းသားနှီးနွယ်မှုများထက် နေထိုင်ရာဒေသအလိုက် အုပ်စုခွဲထားခြင်း ဖြစ်သည်။ ဥပမာ ရှမ်းလူမျိုးစုကြီးတွင် မတူညီသော ဘာသာစကားအုပ်စု လေးခုရှိ ဘာသာစကားများကို ပြောဆိုသုံးနှုန်းကြသော တိုင်းရင်းသား ၃၃ မျိုးပါဝင်သည်။[]

ထို့အပြင် အသိအမှတ် မပြုထားသော အခြား လူမျိုးစုများလည်း ရှိနေပြီး အများဆုံးမှာ တရုတ်မြန်မာလူမျိုးများနှင့် ပန်းသေးလူမျိုးများ (ယင်းနှစ်စုသည် လူဦးရေ၏ ၃%)၊ အိန္ဒိယမြန်မာနွယ်များ (လူဦးရေ၏ ၂%)၊ အင်္ဂလိပ်မြန်မာနွယ်များနှင့် ဂေါ်ရခါးလူမျိုးများ ဖြစ်ကြသည်။ နောက်ဆုံးအုပ်စုနှစ်ခုအတွက် တိကျသော တရားဝင်စာရင်းထုတ်ပြန်ချက် မရှိသော်လည်း အင်္ဂလိပ်မြန်မာနွယ်များသည် မြန်မာနိုင်ငံတွင်းတွင် ၅၂,၀၀၀ ခန့်နှင့် နိုင်ငံပြင်ပတွင် ၁.၆ သန်းခန့် ရှိမည်ဟု ခန့်မှန်းထားသည်။

နောက်ထပ် အချက်အလက်များ မြန်မာနိုင်ငံရှိ လူမျိုးစုများ အချိုး (အကြမ်းဖျင်းခန့်မှန်း) ...
Remove ads

တရားဝင် အသိအမှတ်ပြု တိုင်းရင်းသား မျိုးနွယ်စုများ

အောက်ပါတို့သည် မြန်မာနိုင်ငံ အစိုးရမှ တရားဝင် အသိအမှတ်ပြုထားသော မြန်မာနိုင်ငံ၏ တိုင်းရင်းသား မျိုးနွယ်စုများ ဖြစ်သည်။[][][]

ကချင်

ကချင်လူမျိုးစုကြီးတွင် မျိုးနွယ်စု ၁၂ ခု ပါဝင်သည်။

ကယား

ကယားလူမျိုးစုကြီးတွင် မျိုးနွယ်စု ၉ ခု ပါဝင်သည်။[note ၁][]

  1. The source of this list is the nine captions from an unscientific Italian book, using Italian spelling.

ကရင်

ကရင်လူမျိုးစုကြီးတွင် မျိုးနွယ်စု ၁၁ ခု ပါဝင်သည်။

ချင်း

ချင်းလူမျိုးစုကြီးတွင် မျိုးနွယ်စု ၅၃ ခု ပါဝင်သည်။

ဗမာ

ဗမာလူမျိုးစုကြီးတွင် မျိုးနွယ်စု ၉ ခု ပါဝင်သည်။

မွန်

မွန်လူမျိုးစုကြီးတွင် မျိုးနွယ်စု ၁ ခု ပါဝင်သည်။

ရခိုင်

ရခိုင်လူမျိုးစုကြီးတွင် မျိုးနွယ်စု ၇ ခုပါဝင်သည်။

ရှမ်း

ရှမ်းလူမျိုးစုကြီးတွင် မျိုးနွယ်စု ၃၂ ခု ပါဝင်သည်။

Remove ads

အသိအမှတ်မပြုထားသော မျိုးနွယ်စုများ

မြန်မာအစိုးရ၏ တရားဝင်အသိအမှတ်ပြုထားသော တိုင်းရင်းသားမျိုးနွယ်စု ၁၃၅ မျိုးတွင် မပါဝင်သော အစိုးရမှ အသိအမှတ်မပြုထားသည့် မျိုးနွယ်စုများလည်း ရှိသေးသည်။

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads