ဒိုးလုံး
From Wikipedia, the free encyclopedia
Remove ads
ဒိုးလုံး (၁၉၇၈-၂၀၀၃) သည် ခရစ်ယာန် ဘာသာဝင် ပအိုဝ်းလူမျိုး အော်တာနေးတစ် အဆိုတော်ဖြစ်သည်။
ငယ်ဘဝ
ဦးခွန်စတင်းဖို့ဒ်နှင့် ဒေါ်နန်းဌေးဌေးယုတို့မှ ၁၉၇၈ ခုနှစ်၊ဇန်နဝါရီလ (၁၄) ရက်နေ့တွင်မွေးသည်။ အမည်ရင်းမှာ ခွန်နေလင်းနိုင် ဖြစ်သည်။
အနုပညာခရီး
The Ants အဖွဲ့နှင့်အတူ တောင်ကြီးမှ ရန်ကုန်သို့ လာသည်။ နောင်သော် ထုတ်လုပ်သူနှင့် ပတ်သက်၍ သဘောထားမတိုက်ဆိုင်သောကြောင့် သီးသန့်ခွဲထွက်ကာ မိခင်က ထုတ်ဝေသူလုပ်၍ ကိုယ်တိုင် ခွေထုတ်သည်။ ကွင်း (Queen)၊ ဆဘက်ရှန်ဘာ့ (Sebastian Bach (Skid Row)), အဲလက်အင်ချိန်း (Alex in Chains) နှင့် ကတ်ကိုဘိန်း (Kurt Cobain) တို့ကို သဘောကျကြောင်း ဖွင့်ဟဖူးသည်။ [၁]
ဘဝနိဂုံး
၂၀၀၃ ခု၊ စက်တင်ဘာလ ၂ ရက်တွင် ကွယ်လွန်သည်။ ထိုအခါက အသက် ၂၅ နှစ် သာ ရှိသေးသည်။ ဇနီးသည် ချောစုခင် ကျန်ရစ်သည်။
တေး စီးရီးများ
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads