မျိုးကျော့မြိုင်
From Wikipedia, the free encyclopedia
Remove ads
မျိုးကျော့မြိုင် သည် မြန်မာနိုင်ငံသား အဆိုတော်၊ အသံသွင်း ထုတ်လုပ်သူ၊ အသံ အင်ဂျင်နီယာတစ်ယောက်ဖြစ်သည်။ သူသည် မြန်မာပြည်ရဲ့ Hip Hop လောကကို စတင်ခဲ့သူဖြစ်ပြီး သီချင်းကောင်းများစွာကို ကိုယ်တိုင်ရေးစပ်သီဆိုခဲ့သူဖြစ်သည်။ သူသည် ၁၉၉၀ ခုနှစ်နှင့် ၂၀၀၀ ခုနှစ်များက အအောင်မြင်ဆုံး အဆိုတော်တစ်ယောက်ဖြစ်ခဲ့သည်။ မြန်မာနိုင်ငံ၌ ဟစ်ဟော့ တေးဂီတနှင့်ပတ်သက်၍ အလွှမ်းမိုးဆုံး အနုပညာရှင်တစ်ယောက်အဖြစ် ယူဆထားသည်။ သူသည် အနည်းဆုံး အလ်ဘမ်ပေါင်း ၁၁ အထိ ထုတ်လုပ်ခဲ့သည်။[၁] မျိုးကျော့မြိုင် သည် ကုန်းဘောင်ခေတ် မြန်မာဘုရင် ဗဒုံမင်း(ခေါ်) ဘိုးတော်ဘုရား နှင့် ဘကြီးတော်ဘုရား လက်ထက်တွင် "မင်းကျော်သီဟသူ" ဟူသော ရွှေဘွဲ့တော်ကို ချီးမြှင့်ခြင်းခံရသော ဒလမြို့စား မွန်လူမျိုးစစ်ကဲကြီးမောင်ထော်လေး (နောင်အခါ မော်လမြိုင်မြို့ စစ်ကဲ တရားသူကြီး)မှ ဆင်းသက်လာသူဖြစ်သည်။[၂]
Remove ads
အနုပညာလှုပ်ရှားမှု
မျိုးကျော့မြိုင်သည် အနုပညာအလုပ်တွေကို ၁၉၈၆ ခုနှစ်နောက်ပိုင်းမှာကတည်းက လုပ်ကိုင်လာခဲ့သူဖြစ်သည်။[၃] မြန်မာပြည်ရဲ့ Hip Hop လောကကို စတင်ခဲ့သူဖြစ်ပြီး သီချင်းကောင်းများစွာကို ကိုယ်တိုင်ရေးစပ်သီဆိုခဲ့သူဖြစ်သည်။ မြန်မာနိုင်ငံတွင် ပရိသတ်အကြိုက်ဆုံးနဲ့ စိတ်အဝင်စားဆုံးသီချင်းဆိုပြိုင်ပွဲတခုဖြစ်တဲ့ Myanmar Idol ပြိုင်ပွဲရဲ့ ဒိုင်တဦးအဖြစ်လည်း ပါဝင်ခဲ့သည်။[၄]
တေးစီးရီးများ
- မိုးတွေရွာနေချိန်ခဏ (၁၉၉၂)
- ကမ္ဘာကြီးအပြင်ဘက် (၁၉၉၃)
- Virus 3 [ Rap `N´ Roll ] (၁၉၉၄)
- Virus 3 (ဒုတိယစီးရီးနှင့်တတိယစီးရီးများမှကောင်းနိုးရာရာသီချင်းများကိုပြန်လည်ရွေးထုတ်ခြင်း) (၁၉၉၅)
- အပိုင်းအစ တစ် (၁၉၉၅)
- အပိုင်းအစ တစ် နှစ်ပိုင်းတစ်ပိုင်း (၁၉၉၆)
- ပေါင်းစပ်ခြင်း(ဆောင်းဦးလှိုင်၊ သီရိဂျေမောင်မောင် တို့နှင့် တွဲဖက်၍) (၁၉၉၆)
- မျိုးကျော့မြိုင်(၂)Virus (၁၉၉၇)
- အဟောင်းဆုံးတေးများ (၁၉၉၈)
- သက္ကရာဇ် ၂၀၀၀ Remix (၂၀၀၀)
- သတိရရင်ပြီးတာပဲ(ကဗျာဘွဲ့မှူး နှင့် တွဲဖက်၍) (၂၀၀၀)
- ကျွန်တော့်နာမည်မျိုးကျော့မြိုင် (၂၀၀၁)
- အကောင်းဆုံးတေးများ (၂၀၀၁)
- မျိုးကျော့မြိုင်.Com (၂၀၀၂)
- စားသုံးကြည့်(ဒိုးလုံး နှင့် တွဲဖက်၍) (၂၀၀၂)
- လူဖြစ်ရတဲ့ဒုက္ခ (၂၀၀၃)
- တကယ်မချစ်ဘဲနဲ့(ထွန်းအိန္ဒြာဗို နှင့် တွဲဖက်၍) (၂၀၁၀)
- ပစ္စုပ္ပန် (၂၀၁၃)
- တဘက်စွန်းဂီတ [ Mini Album ] (၂၀၁၄)
- Into The Acoustic (၂၀၁၇)
- A Night With Myo Kyawt Myaing (၂၀၁၈)
- လူငယ်တွေ Sorry ပါ (၂၀၁၉)
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads