ဒီမိုကရေစီနှင့်လူ့အခွင့်အရေးပါတီ
From Wikipedia, the free encyclopedia
Remove ads
ဒီမိုကရေစီနှင့်လူ့အခွင့်အရေးပါတီ (အင်္ဂလိပ်: Democracy and Human Rights Party, DHRP) သည် မြန်မာနိုင်ငံရှိ နိုင်ငံရေးပါတီ တစ်ခုဖြစ်သည်။
Remove ads
သမိုင်းကြောင်း
၁၉၈၉ တွင် အမျိုးသားလူ့အခွင့်အရေးနှင့် ဒီမိုကရက်တစ်ပါတီ အဖြစ် စတင် တည်ထောင်ခဲ့သည်။[၂] ၁၉၉၀ အထွေထွေ ရွေးကောက်ပွဲတွင် ရှစ်နေရာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ[၃] လေးနေရာ အနိုင်ရရှိခဲ့သည်။[၄]
၁၉၉၁ ခုနှစ်တွင် ပါတီကို ဖျက်သိမ်းခဲ့သည်။ ၂၀၁၃ မတ်လ ၁၃ ရက်တွင် ခွင့်ပြုမိန့် အမှတ်စဉ် (၆၃) ဖြင့် ဒီမိုကရေစီနှင့်လူ့အခွင့်အရေးပါတီ ကို တည်ထောင်ခဲ့သည်။ ပါတီဝင်အရေအတွက်မှာ တစ်သောင်းခန့် ရှိသည်။[၅]
မှတ်ပုံတင် ငြင်းပယ်ခြင်း
အသစ်ပြဋ္ဌာန်းလိုက်သည့် ဥပဒေအရ ပြန်လည်မှတ်ပုံတင်ကြရန် စကစ ရွေးကောက်ပွဲကော်မရှင်က ကြေညာခဲ့ပြီးနောက် ၂၀၂၃ ခုနှစ် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းနည်းဥပဒေအရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ မှတ်ပုံတင်ခဲ့ရာ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၅ ပါ ပြဋ္ဌာန်းချက်များနှင့် မညီညွတ်ခြင်းကြောင့် ၂၀၂၄ ဇူလိုင် ၈ ရက်နေ့တွင် ပါတီမှတ်ပုံတင်ခြင်းမှ ငြင်းပယ်ခံရသည်။ [၆]
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads