အမျိုးသားလွှတ်တော်

မြန်မာနိုင်ငံ ဥပဒေပြု အထက်လွှတ်တော် From Wikipedia, the free encyclopedia

အမျိုးသားလွှတ်တော်
Remove ads

အမျိုးသားလွှတ်တော်သည် မြန်မာနိုင်ငံ၏ ဥပဒေပြုဌာနတစ်ရပ်ဖြစ်ပြီး ပြည်ထောင်စု လွှတ်တော်၏ အထက်လွှတ်တော်ဖြစ်သည်။ အမျိုးသားလွှတ်တော်တွင် အမတ် ၂၂၄ ဦး ပါဝင်ဖွဲ့စည်းထားသည်။ ၁၆၈ ဦးမှာ လူထုမှ ရွေးကောက်တင်မြှောက် ထားသူများဖြစ်ကာ ကျန် ၅၆ ဦးမှာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်မှ အမည်တင်သွင်းထားသည့် တပ်မတော်သား ကိုယ်စားလှယ်များ ဖြစ်သည်။ လူထုရွေးကောက်တင်မြှောက်ပုံမှာ ပြည်နယ်(သို့)တိုင်းဒေသကြီး တစ်ခုစီမှ ကိုယ်စားလှယ် ၁၂ ဦးစီ အချိုးကျနှုန်းဖြင့် သက်ဆိုင်ရာပြည်နယ် (သို့) တိုင်းဒေသကြီးများတွင် ရွေးကောက်ပွဲကော်မရှင်မှ သတ်မှတ်ထားသည့် မဲဆန္ဒနယ်များမှ ရွေးကောက်တင်မြှောက်ခြင်းဖြစ်သည်။ ထို့ကြောင့် ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၄ ခုတို့မှ ကိုယ်စားလှယ် ၁၆၈ ဦး (၁၄×၁၂) တင်မြှောက်ခြင်းဖြစ်သည်။

အချက်တိုများ အမျိုးသားလွှတ်တော်, အမျိုးအစား ...

အမျိုးသားလွှတ်တော်၏ သက်တမ်းမှာ ပထမအကြိမ် အစည်းအဝေး စတင်ကျင်းပသည့် နေ့မှစ၍ ၅ နှစ် ဖြစ်သည်။ လက်ရှိ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌမှာ လစ်လပ်​နေသည်။

အမျိုးသားလွှတ်တော်ရှိ လူထုမှ ရွေးကောက်တင်မြှောက်သော ကိုယ်စားလှယ်များသည် သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့ကို ဖွဲ့စည်းကာ ဒုတိယသမ္မတ တစ်ဦးကို ရွေးချယ်ခွင့်ရှိသည်။

တပ်မတော်သား ကိုယ်စားလှယ်များမှာ ပြည်သူ့လွှတ်တော်မှ တပ်မတော်သား ကိုယ်စားလှယ်များနှင့် သမ္မတရွေးချယ်ရေးအဖွဲ့ကို ဖွဲ့စည်းကာ ၎င်းတို့နှစ်သက်ရာ ဒုတိယသမ္မတ ၁ ဦးကို ရွေးချယ်ခွင့်ရှိသည်။

Remove ads

အမျိုးသားလွှတ်တော် ရွေးကောက်ပွဲဥပဒေများ

အမျိုးသားလွှတ်တော် ရွေးကောက်ပွဲဥပဒေကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၄၃ အရ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ၈.၃.၂၀၁၀ ရက်နေ့တွင် ဥပဒေအမှတ် (၄/၂၀၁၀) ဖြင့် ထုတ်ပြန်ပြဋ္ဌာန်းခဲ့ပါသည်။

ယင်းဥပဒေကို ပြည်ထောင်စုလွှတ်တော်က ၁၈.၁၀.၂၀၁၁ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် (၉) ဖြင့် “အမျိုးသားလွှတ်တော် ရွေးကောက်ပွဲဥပဒေကို ပြင်ဆင်သည့်ဥပဒေ” အဖြစ် ထုတ်ပြန်ပြဋ္ဌာန်းခဲ့ပြီးဖြစ်ပါသည်။ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် (၉) ဖြင့် အောက်ပါပုဒ်မများကို ပြင်ဆင်/ဖြည့်စွက် ပြဋ္ဌာန်းပေးခဲ့ကြောင်းတွေ့ရပါသည် -

  • (က) ပုဒ်မ ၇၄၊ ပုဒ်မခွဲ (က)
  • (ခ) ပုဒ်မ ၈၈။

အမျိုးသားလွှတ်တော် ရွေးကောက်ပွဲဥပဒေအား ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကို ၁၇.၆.၂၀၁၅ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် (၃၃) ဖြင့် အောက်ပါပုဒ်မများကို အစားထိုး ပြင်ဆင် ပြဋ္ဌာန်းပေးခဲ့ပါသည် -

  • (က) ပုဒ်မ ၂၊ ပုဒ်မခွဲ (ဇ)၊ ပုဒ်မခွဲငယ် (၁)၊ (၂)
  • (ခ) ပုဒ်မ ၂၂၊ ပုဒ်မ ၂၄၊ ပုဒ်မ ၂၅၊ ပုဒ်မ ၂၆၊ ပုဒ်မ ၄၉၊ ပုဒ်မခွဲ (က)၊ ပုဒ်မ ၅၅
  • (ဂ) ပုဒ်မ ၆၊ ပုဒ်မခွဲ (က)၊ ပုဒ်မ ၁၄၊ ပုဒ်မခွဲ (က)၊ ပုဒ်မ ၁၅၊ ပုဒ်မခွဲ (က)

အမျိုးသားလွှတ်တော် ရွေးကောက်ပွဲဥပဒေအား တတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကို ၁၈.၁.၂၀၁၆ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် (၈) ဖြင့် အောက်ပါ ပုဒ်မများကို ပြင်ဆင်/ဖြည့်စွက် ပြဋ္ဌာန်းပေးခဲ့ပါသည် -

  • (က) ပုဒ်မ ၂၊ ပုဒ်မခွဲ (ဃ)
  • (ခ) ပုဒ်မ ၆၈၊ ပုဒ်မခွဲ (က)၊ (ခ)၊ (ဂ)
  • (ဂ) ပုဒ်မ ၈၈၊ ပုဒ်မခွဲ (က)၊ (ခ)၊ (ဂ)
  • (ဃ) ပုဒ်မ ၈၉၊ ပုဒ်မခွဲ (က)၊ (ခ)

အမျိုးသားလွှတ်တော် ရွေးကောက်ပွဲဥပဒေအား စတုတ္ထအကြိမ် ပြင်ဆင်သည့် ဥပဒေကို ၈.၆.၂၀၁၆ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် (၃၁) ဖြင့် အမျိုးသားလွှတ်တော် ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၈၉၊ ပုဒ်မခွဲ (က) ကို အစားထိုး ပြဋ္ဌာန်းပေးခဲ့ပါသည်။

အမျိုးသားလွှတ်တော် ရွေးကောက်ပွဲဥပဒေအား ပဉ္စမအကြိမ် ပြင်ဆင်သည့် ဥပဒေကို ၂၄.၁၂.၂၀၁၉ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် (၃၇) ဖြင့် အောက်ပါပုဒ်မများကို ပြင်ဆင်/ဖြည့်စွက် ပြဋ္ဌာန်းပေးခဲ့ပါသည် -

  • (က) ပုဒ်မ ၁၃
  • (ခ) ပုဒ်မ ၆၈
  • (ဂ) ပုဒ်မ ၈၉

အမျိုးသားလွှတ်တော် ရွေးကောက်ပွဲဥပဒေကို ဆဌမအကြိမ်ပြင်ဆင်သည့်ဥပဒေကို ၂၉.၇.၂၀၂၅ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥပဒေအမှတ် (၄၆/၂၀၂၅) ဖြင့် အောက်ပါပုဒ်မများကို ပြင်ဆင်/ဖြည့်စွက် ပြဋ္ဌာန်းခဲ့သည်။ ပုဒ်မ ၂၊ ပုဒ်မ ၄ ၊ ပုဒ်မ ၈၊ ပုဒ်မ ၁၃ (က)၊(ခ)၊ပုဒ်မ ၁၄ (က)၊(ခ)၊ပုဒ်မ ၁၇ (က)၊(ခ)၊ပုဒ်မ ၁၈ (က)၊(ခ)၊(ဂ)၊ ပုဒ်မ ၁၉ (က)၊ပုဒ်မ ၂၂၊ပုဒ်မ ၂၄၊ပုဒ်မ ၂၇၊ပုဒ်မ ၂၈၊ပုဒ်မ ၃၀၊ ပုဒ်မ ၃၅၊ပုဒ်မ ၄၀၊ ပုဒ်မ ၄၃၊ပုဒ်မ ၄၅၊ပုဒ်မ ၄၆၊ပုဒ်မ ၄၈၊ပုဒ်မ ၄၉၊ပုဒ်မ ၅၂၊ပုဒ်မ ၅၅၊ပုဒ်မ ၅၈၊ပုဒ်မ ၆၄၊ ပုဒ်မ ၆၅၊ ပုဒ်မ ၆၆၊ ပုဒ်မ ၇၀၊ ပုဒ်မ ၇၈၊ ပုဒ်မ ၈၁၊ပုဒ်မ ၈၂၊ ပုဒ်မ ၈၈၊ပုဒ်မ ၈၉ တို့ကို ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်းများ ပါဝင်သည်။[]

၂၀၂၅ ခုနှစ် ဇူလိုင်လ ၂၉ ရက်နေ့တွင် အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော် ရွေးကောက်ပွဲဥပဒေကို ဆဋ္ဌမအကြိမ်မြောက် ပြင်ဆင်ပြဋ္ဌာန်းလိုက်ရာ၊ ၎င်းဥပဒေသည် အချိုးကျကိုယ်စားပြု (PR) စနစ်နှင့် နိုင်သူကုန်ယူ (FPTP) စနစ်တို့ကို ပူးတွဲကျင့်သုံးရန် ရည်ရွယ်သည်။ အမျိုးသားလွှတ်တော် ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၄ အရ ကော်မရှင်သည် မဲဆန္ဒနယ်များ သတ်မှတ်ရာတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသ မပါရှိသော တိုင်းဒေသကြီး/ပြည်နယ်များအတွက် FPTP စနစ်ဖြင့် ကိုယ်စားလှယ် ၆ ဦးကို မြို့နယ်များစုစည်း၍ ရွေးချယ်ရန် သတ်မှတ်ပေးရမည်ဖြစ်ပြီး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသ ပါရှိသော တိုင်းဒေသကြီး/ပြည်နယ်များအတွက်မူ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသ တစ်ခုစီကို မဲဆန္ဒနယ်တစ်ခုစီအဖြစ် သတ်မှတ်ကာ ကျန်ရှိသောမဲဆန္ဒနယ်များကို မြို့နယ်များစုစည်း၍ FPTP စနစ်ဖြင့် ကိုယ်စားလှယ် ၆ ဦး ရွေးချယ်ရမည်ဖြစ်သည်။ ကျန်ရှိသည့် ကိုယ်စားလှယ် ၆ ဦးကိုမူ PR စနစ်ဖြင့် ရွေးကောက်တင်မြှောက်ရန် မဲဆန္ဒနယ်များ သတ်မှတ်ရမည်ဖြစ်ပြီး၊ ပြည်ထောင်စုနယ်မြေအဖြစ် သတ်မှတ်သော နေရာသည် မူလမဲဆန္ဒနယ်အတွင်း၌သာ ပါဝင်သည်ဟု မှတ်ယူရမည်။[]

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၄ အရ ကော်မရှင်သည် မဲဆန္ဒနယ်များ သတ်မှတ်ရာတွင် မြို့နယ်တစ်မြို့နယ်လျှင် ကိုယ်စားလှယ်တစ်ဦးကျစီကို FPTP စနစ်ဖြင့် ရွေးချယ်ရန် သတ်မှတ်ရမည်ဖြစ်ပြီး၊ ကျန်ရှိသောကိုယ်စားလှယ်များအတွက် မြို့နယ်များကို စုစည်း၍ PR စနစ်ဖြင့် ရွေးချယ်နိုင်ရန် မဲဆန္ဒနယ်များ သတ်မှတ်ရမည်။ တိုင်းရင်းသားလူမျိုး ကိုယ်စားလှယ်များအတွက်မူ သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုလုံးကို မဲဆန္ဒနယ်တစ်ခုစီအဖြစ် သတ်မှတ်ရမည်။ အမျိုးသားလွှတ်တော် ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၆၄ တွင် ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုများဖြစ်သည့် လိမ်လည်စွပ်စွဲခြင်း၊ မဲမမှန်ကန်ကြောင်း တိုင်တန်းခြင်း၊ ရွေးကောက်ပွဲနှောင့်ယှက်ခြင်း၊ သို့မဟုတ် အီလက်ထရောနစ်မဲပေးစက် ဖျက်ဆီးခြင်းများအတွက် ထောင်ဒဏ်သုံးနှစ်အထိ သို့မဟုတ် ငွေဒဏ် သို့မဟုတ် ဒဏ်နှစ်ရပ်လုံး ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။ ပုဒ်မ ၈၁-က (အသစ်ထပ်မံဖြည့်စွက်) အရ FPTP စနစ်ဖြင့် ရွေးကောက်တင်မြှောက်ခံရသော ကိုယ်စားလှယ်တစ်ဦးသည် တရားမဲ့ပြုကျင့်မှုကြောင့် ရွေးကောက်ပွဲရလဒ် ပျက်ပြယ်ပါက ၎င်း၏မဲရလဒ်များကို ပယ်ဖျက်မည်ဖြစ်ပြီး၊ PR စနစ်ဖြင့် ရွေးချယ်ခံရသူများအတွက်မူ ပယ်ဖျက်လိုက်သည့်မဲများကို နုတ်၍ ကျန်ရှိသောမဲများကို ပြန်လည်တွက်ချက်ကာ ကိုယ်စားလှယ်အမည်စာရင်းကို ပြန်လည်ကြေညာရမည်။

ပုဒ်မ ၈၈ (က) အရ နိုင်ငံတော်သစ္စာဖောက်ဖျက်မှု သို့မဟုတ် အဂတိလိုက်စားမှုစသည့် ပြင်းထန်သည့်ပြစ်မှုများဖြင့် ပြစ်ဒဏ်ချမှတ်ခံရသူများသည် မည်သည့်လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်မှ ယှဉ်ပြိုင်ခွင့်မရှိတော့ဘဲ၊ ပုဒ်မ ၈၈ (ခ) အရ ကော်မရှင်က တရားမဲ့ပြုကျင့်မှုများကို စစ်ဆေးတွေ့ရှိပါက ပါတီ သို့မဟုတ် အဖွဲ့အစည်းမှ တာဝန်ရှိသူများ ပါဝင်ပတ်သက်ခဲ့ကြောင်း ပေါ်ပေါက်ပါက သက်ဆိုင်ရာ ကိုယ်စားလှယ်လောင်းသည် လက်ရှိနှင့် နောက်ထပ်လွှတ်တော်သက်တမ်းနှစ်ခုအတွက် ပါဝင်ယှဉ်ပြိုင်ခွင့် ဆုံးရှုံးမည်ဖြစ်သည်။

ပုဒ်မ ၈၉ (က) အရ လွှတ်တော်ကိုယ်စားလှယ်နေရာ လစ်လပ်ပါက PR စနစ်ဖြင့် ရွေးချယ်သူများအတွက် သတ်မှတ်ချက်အတိုင်း အစားထိုးဖြည့်စွက်မည်ဖြစ်ပြီး၊ FPTP စနစ်ဖြင့် ရွေးချယ်သူများအတွက်မူ ဥပဒေနှင့်အညီ ရွေးကောက်တင်မြှောက်ခြင်း ဆောင်ရွက်ရမည်ဟု ပြင်ဆင်ပြဋ္ဌာန်းထားသည်။





Remove ads

ပထမအကြိမ် အမျိုးသားလွှတ်တော်

ရွေးကောက်ခံ ကိုယ်စားလှယ်များ

နောက်ထပ် အချက်အလက်များ ပါတီ, အမတ်နေရာ ...

၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ

နောက်ထပ် အချက်အလက်များ ပါတီ, အနိုင်ရအမတ်နေရာ ...
Remove ads

ဒုတိယအကြိမ် အမျိုးသားလွှတ်တော်

၂၀၁၆ မှ ၂၀၂၀

နောက်ထပ် အချက်အလက်များ အမျိုးသားလွှတ်တော် ၂၀၁၅, ပါတီ ...
စုစုပေါင်း၂၂၄၁၀၀

တိုင်းဒေသကြီး၊ ပြည်နယ်များမှ ပါတီအလိုက် ကိုယ်စားလှယ်များ

နောက်ထပ် အချက်အလက်များ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ (၂၀၁၅), တိုင်းဒေသကြီး/ပြည်နယ် ...

ကော်မတီ၊ ကော်မရှင်များ

အမျိုးသားလွှတ်တော်အတွင်း၌ လုပ်ငန်းများကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရေးအတွက်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၄၇ အရ ကော်မတီများ၊ ကော်မရှင်များနှင့် အဖွဲ့များကို ဖွဲ့စည်းနိုင်သည်။ ၎င်းကော်မတီများနှင့် အဖွဲ့များသည် လွှတ်တော်ဆိုင်ရာတာဝန်များကို ထမ်းဆောင်ရန်နှင့် အထူးလုပ်ငန်းများအား စီမံဆောင်ရွက်ရန်အတွက် ဖွဲ့စည်းခြင်းဖြစ်သည်။[]

နောက်ထပ် အချက်အလက်များ ဥက္ကဋ္ဌများ, စဉ် ...
Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads