ဒုတိယသဟဇီဝိနိသိက္ခာပုဒ်
From Wikipedia, the free encyclopedia
Remove ads
အမှု—တပည့်မကို ရဟန်းပြုပေးပြီးနောက် အရပ်တစ်ပါးသို့ ခေါ်မသွားမှု။
အမှုသည်—ထုလ္လနန္ဒာ။ [၁]
ထိုသို့ ခေါ်မသွားမိသည့်အတွက် ထိုဘိက္ခုနီကလေး၏ လင်ဟောင်းက ဖမ်းယူမှုကြောင့် အခြားဘိက္ခုနီတို့က ဆရာမဖြစ်သူကို ကဲ့ရဲ့ကြသဖြင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
ယာ ပန ဘိက္ခုနီ သဟဇီဝိနိံ ဝုဋ္ဌာပေတွာ နေဝ ဝူပကာသေယျ န ဝူပကာသာပေယျ အန္တမသော ဆပ္ပဉ္စယောဇနာနိပိ, ပါစိတ္တိယံ။
အတူနေ တပည့်မကို ရဟန်းအဖြစ် ရောက်အောင် ထမြောက်စေပြီးနောက် အနည်းဆုံး ၅-ယူဇနာ ၆-ယူဇနာလောက် ဝေးအောင် အရပ်တစ်ပါးသို့ ကိုယ်တိုင်လည်းခေါ်၍မသွား, သူတစ်ပါးကိုလည်းခေါ်၍ မသွားစေသော ဥပဇ္ဈာယ်ဆရာမမှာ ပါစိတ် အာပတ်သင့်၏။ ဂဗ္ဘိနီဝဂ်ပြီး၏။
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads
