ဒုတိယ တောင်ပြင်သည် (နရပတိစည်သူ)

From Wikipedia, the free encyclopedia

Remove ads

တောင်ပြင်သည် ("တောင်နန်းမတော်မိဖုရား" ဟု အဓိပ္ပာယ်ရ) သည် ပုဂံခေတ် နရပတိစည်သူမင်း၏ ဒုတိယမြောက် မိဖုရားခေါင် ဖြစ်သည်။

အချက်တိုများ တောင်ပြင်သည်, မိဖုရားခေါင် ...

တော်ဝင်ရာဇဝင်ကျမ်းများတွင် အေဒီ ၁၁၈၆ တွင် ကွယ်လွန်သော ဝေဠုဝတီမိဖုရား နောက်ဆက်ခံသူကို ဖော်ပြရာတွင် တူညီမှု မရှိကြပေ။ မဟာရာဇဝင်ကြီး (၁၇၂၄) တွင် ဖော်ပြထားသည့် ဆက်ခံသူမှာ ကျန်စစ်သားမင်း၏ သူငယ်ချင်းနှင့် ရဲဘော်ရဲဖက်ဖြစ်သူ ညောင်ဦးဖီး၏ မြစ်တော်စပ်သူ ဖြစ်သည်။[] ရာဇဝင်သစ် (၁၇၉၈) တွင်လည်း ညောင်ဦးဖီး၏ မြစ်မှာ နရပတိစည်သူ၏ မိဖုရားဖြစ်ကြောင်း ဖော်ပြထားသော်လည်း တောင်နန်းမတော် မိဖုရား (မိဖုရားခေါင်) အနေဖြင့် မဟုတ်ဘဲ မြောက်နန်းမတော် မိဖုရားသာ ဖြစ်သည်ဟု ဆိုသည်။ ရာဇဝင်သစ်တွင် ငထွေရူး၏ မြစ်ဖြစ်သော စောစနေ သည် နောက်ဆက်ခံမည့် တောင်နန်းမတော် မိဖုရား ဖြစ်ပြီး ရတနာပုံ ဘွဲ့အမည်ဖြင့် ဖြစ်သည်ဟု ဆိုထားသည်။[] မဟာရာဇဝင်က စောစနေသည် နရပတိစည်သူ၏ မိဖုရားဖြစ်သော်လည်း ရာထူးအဆင့်အတန်းအနိမ့်အနေဖြင့်သာ ဖော်ပြထားသည်။[] မှန်နန်း ရာဇဝင် (၁၈၃၂) သည် မဟာရာဇဝင် နှင့် တူညီစွာ ဖော်ပြသည်။[]

ရာဇဝင်ကျမ်း သုံးစောင်စလုံးတွင် တူညီစွာ ဖော်ပြထားသည်မှာ ငထွေးရူးတွင် သားတော် သုံးဦး ရှိကြောင်း ဖြစ်သည်။[][][] သို့သော်လည်း စောစနေ၏ သားသမီးအရေအတွက်တွင် ကွဲပြားသည်။ မဟာရာဇဝင်ကြီး နှင့် မှန်နန်း က စောစနေတွင် သားသမီးလေးဦးရှိကြောင်း ဖော်ပြပြီး[][] ရာဇဝင်သစ်က တစ်ဦးတည်းဟု ဖော်ပြသည်။[]

Remove ads

ကိုးကား

ကျမ်းပြုစာရင်း

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads