ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(တနိုင်း)

တနိုင်းမြို့ အခြေစိုက် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် From Wikipedia, the free encyclopedia

ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(တနိုင်း)
Remove ads

ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(တနိုင်း) (အတိုကောက် ဒကစ(တနိုင်း)) သည် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၏ ကွပ်ကဲအောက်တွင်ရှိသော ဒေသကွပ်ကဲမှုစစ်ဌာနချုပ် တစ်ခုဖြစ်ပြီး ကချင်ပြည်နယ်တနိုင်းမြို့တွင် အခြေစိုက်သည်။ ဒကစ(တနိုင်း)၏ အဓိကတာဝန်မှာ မပခ နှင့်အလှမ်းဝေးသော တနိုင်းမြို့နှင့် ၎င်း၏အနီးတဝိုက်ဒေသများ၏ ကာကွယ်ရေး၊ လုံခြုံရေး၊ စစ်ဆင်ရေးဆိုင်ရာကိစ္စရပ်များအား တိုင်းစစ်ဌာနချုပ်ကိုယ်စား တာဝန်ယူဆောင်ရွက်ရန်၊ ဟူးကောင်းချိုင့်ဝှမ်းဒေသ၏ လုံခြုံရေးနှင့် စစ်ဆင်ရေးကိစ္စရပ်များကို မပခ ကိုယ်စား ကွပ်ကဲအုပ်ချုပ်ရန်၊ ဒကစ(တနိုင်း)နယ်မြေအတွင်းရှိသော လက်အောက်ခံတပ်များ၊ အခြား လက်ရုံး/ ဝန်ထမ်းတပ်များ၏ (စစ်ဦးစီး/ စစ်ရေး/ စစ်ထောက်)ဆိုင်ရာ လုပ်ငန်းများကို ဖြေရှင်းဆောင်ရွက်ပေးရန်နှင့် စစ်ရုံးမှ အထက်ဌာနများ၏ အမိန့်နှင့် ညွှန်ကြားချက်များအား တိုင်းစစ်ဌာနချုပ်ကိုယ်စား ထပ်ဆင့်ညွှန်ကြားပေးခြင်းနှင့် ကြီးကြပ်ခြင်းတို့ကို တာဝန်ယူဆောင်ရွက်ရန်ဖြစ်သည်။ လက်ရှိ ဒကစ(တနိုင်း)၏ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်မှူးတာဝန်ထမ်းဆောင်နေသူမှာ ဗိုလ်မှူးချုပ် မြတ်မင်းမိုး ဖြစ်သည်။

အချက်တိုများ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(တနိုင်း), နိုင်ငံ ...
Remove ads

သမိုင်း

ဖွဲ့စည်းပုံ

ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(တနိုင်း)၏ လက်အောက်ခံ တပ်ရင်းများသည် ကချင်ပြည်နယ်တနိုင်းမြို့နယ် နှင့် နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနန်းယွန်းမြို့နယ်တို့၏ အတွင်း၌ အခြေစိုက်ထားသည်။ ဒကစ(တနိုင်း) အား အောက်ပါအတိုင်း ဖွဲ့စည်းထားလေသည် -

ဒေသကွပ်ကဲမှုစစ်ဌာနချုပ်ရုံး

  1. ဒေသကွပ်ကဲမှုစစ်ဌာနချုပ်မှူးရုံး
  2. ဒုတိယဒေသကွပ်ကဲမှုစစ်ဌာနချုပ်မှူးရုံး
  3. စစ်ဦးစီးမှူး(ပထမတန်း) ရုံး
    1. စစ်ဦးစီးမှူး(ဒုတိယတန်း) ရုံး
    2. ဦးစီးအရာရှိ(ဒုတိယတန်း) (စစ်ရေးဌာန) ရုံး
    3. ဦးစီးအရာရှိ(ဒုတိယတန်း) (စစ်ထောက်ဌာန) ရုံး
  4. အုပ်ချုပ်မှုတပ်ခွဲရုံး

ကွပ်ကဲမှုအောက် ခြေလျင်/ခြေမြန်တပ်ရင်းများ[]

ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(တနိုင်း)၏ တိုက်ရိုက်ကွပ်ကဲလက်အောက်ခံ တပ်ရင်းများမှာ အောက်ပါအတိုင်းဖြစ်သည်-

  1. ခလရ(၈၆) - တနိုင်းမြို့
  2. ခလရ(၂၃၈) - တနိုင်းမြို့
  3. ခလရ(၃၁၉) - တနိုင်းမြို့
  4. ခလရ(၂၉၇) - ရှဒူဇွပ်
  5. ခလရ(၂၉၈) - ဒေါင်ဘန်း
Remove ads

ဒကစ(တနိုင်း)၏ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်မှူး တာဝန်ထမ်းဆောင်ခဲ့သူများ

ဗိုလ်မှူးချုပ် မြတ်မင်းမိုး[]

ကိုးကား


နောက်ထပ်ကြည့်ရန်

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads