ဓနုလူမျိုး

From Wikipedia, the free encyclopedia

ဓနုလူမျိုး
Remove ads

ဓနုတိုင်းရင်းသားများသည် မြန်မာနိုင်ငံ၏ ရှမ်းပြည်နယ်တွင် နေထိုင်သော လူမျိုးများ ဖြစ်သည်။ ဓနုလူမျိုးတို့သည် တိဗက်-ဗမာဘာသာစကားပြောအုပ်စု၏ လိုလို-ဗမာအုပ်စုတွင်ပါဝင်သော ဗမာနွယ် လူမျိုးတစ်မျိုးဖြစ်သည်။ ရှမ်းပြည်နယ်နှင့် မြန်မာပြည်မကြီးအကြား၌ နေထိုင်ကြ၏။အထူးသဖြင့်ရှမ်းမြေလတ်ဒေသများဖြစ်သောကလောမြို့နယ်၊နောင်ချိုမြို့နယ်၊ပင်းတယမြို့နယ်၊ရွာငံမြို့နယ်၊ရပ်စောက်မြို့နယ်များသာမက ၎င်းမြို့နယ်များနှင့်ဆက်စပ်လျက်ရှိသော ပင်လောင်းမြို့နယ်လုံးပိုး ဒေသ၊သာစည်မြို့နယ်ဆင်တောင်၊မြင်းဒိုက်ဒေသ၊ကျောင်းဆိုးကုန်းရွာမှ(၆)ရွာ၊လယ်ခေါင်းကျေးရွာအုပ်စုမှ(၄)ရွာ၊တောင်ကြီးမြို့နယ်အတွင်းမှကျောက်နီ၊တောင်လေးလုံး၊ဘန်းကန်ဒေသ၊ညောင်ရွှေမြို့နယ်အင်းတိမ်ဒေသ၊မြစ်သားမြို့နယ်အောင်ချမ်းသာဒေသ၊ပြင်ဦးလွင်မြို့နယ်အတွင်းမှကျေးရွာများ၊ကျောက်မဲမြို့နယ်အတွင်းမှမိုင်းလုံဒေသ၊မိုးကုတ်မြို့နယ်အတွင်းမှကြပ်ပြင်ဒေသအပါအဝင်ရန်ကုန်၊မန္တလေးအစရှိသောမြို့ကြီးများတွင်လည်းအခြေချနေထိုင်လျက်ရှိပါသည်။

အချက်တိုများ လူဦးရေ စုစုပေါင်း, အများစု နေထိုင်သည့် နေရာ ...
Remove ads

နေထိုင်ပျံ့နှံ့ရာဒေသများ

ဓနုလူမျိုးများသည်မန္တလေးခရိုင်ပြင်ဦးလွင်ခရိုင်တွင်လည်းကောင်း၊ ကျောက်နီတွင်းဒေသတွင်လည်းကောင်း၊ ရှမ်းပြည်နယ် ပင်းတယ၊ ရွာငံဒေသ၊ ကလော၊အောင်ပန်း၊နောင်ချို၊ရပ်စောက်ဒေသ မိုင်းလံ၊ လောက်ဆောက်အနောက်ပိုင်းတို့၌လည်းကောင်း အများဆုံးတွေ့ရသည်။

မြေလတ်ဒေသ၌လည်း ဓနုလူမျိုးများ အနှံ့အပြားနေထိုင်ကြသည်။ အထူးသဖြင့် ပင်းတယ၊ ပွေးလှ၊ ရငံ(ရွာငံ)၊ မောတို့တွင် အများဆုံး ဖြစ်သည်။ လူဦးရေမှာ ၄သိန်း(၄၀၀၀၀၀ )ကျော်ဖြစ်၏။

ဓနုလူမျိုးအများဆုံး နေထိုင်ရာဒေသများသည် ရှေးအခါက ရှမ်းနှင့်မြန်မာတို့ တွေ့ဆုံ၍ ကုန်ရောင်းကုန်ဝယ်ပြုကြရာ နေရာများဖြစ်၏။ ထိုကြောင့် ဓနုတို့သည် ရှမ်းနှင့်မြန်မာ နှစ်ဦးတို့မှ နွယ်၍ ဆင်းသက်လာသောသူများ ဖြစ်သည်ဟု ယူဆရ၏။ ဗမာစကားပြော တိုင်းရင်းသားအုပ်စုထဲတွင် ရခိုင်၊ ယော၊ အင်းသား၊ ထားဝယ်သားတို့အတူ အုပ်စုတစ်ခုအဖြစ် ထည့်သွင်းထားသည်။ ယခုအခါ ရွာငံ၊ ပင်းတယနှင့် ပွေးလှမြို့နယ်တို့ကိုပူးပေါင်း၍ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ တည်ထောင်ထားပေးပြီး ဖြစ်သည်။

Remove ads

သမိုင်း

ပါးစပ်သမိုင်းတစ်ခုမှာ ပုဂံပြည်အလောင်းစည်သူမင်းကြီးသည် ရှမ်းတောင်တန်းသို့တိုင်းခန်းလှည့်လည်လာစဉ် လေးသည်တော်တို့သည် ၎င်းအရပ်၌ နေထိုင်ကျန်ရစ်ခဲ့ကြသည်ဟု ဆိုကြသည်။ အခြားတစ်ခုမှာ အလောင်းစည်သူမင်းကြီး တိုင်းခန်းလှည့်လည်လာစဉ် ယောက်ဖဖြစ်သူလည်း ပါလာခဲ့သည်။ ထိုသူသည် အပျော်ကြူးခြင်း ဝါသနာပါရကား ဒုံးလွှတ်ကစားလေ့ရှိသည်။ တစ်နေ့တွင်ဒုံးမှန်၍ သေလေရာ မင်းကြီးက ထိုနေရာတွင် မြို့တည်၍ မိမိအခြွအရံအချို့ကို နေရာချထားခဲ့ရာမှ ဓနုလူမျိုးများ ဆင်းသက်ပေါက်ဖွား လာကြသည်ဟု ဆိုသည်။ ခိုင်လုံသော သက်သေအထောက်အထားမရှိပေ။

Remove ads

ယဉ်ကျေးမှု

ဓနုလူမျိုးများကို ယင်းတို့ပြောဆိုသော စကားအလိုက်၊ ရှမ်းစကားကို ပြောသူများအား ရှမ်းဓနုဟူ၍လည်းကောင်း၊ မြန်မာစကားကို ပြောသူ များအား မြန်မာဓနုဟူ၍လည်းကောင်း ခွဲခြားခေါ်ဝေါ်၏။ ယင်းတို့ပြောသော မြန်မာစကားမှာမူ အသံဝဲ၏။ အဝတ်အစား ဝတ်ရာတွင်လည်း ရှမ်းတို့နှင့် နီးစပ်သူများက ရှမ်းအဝတ်အစားကို ဝတ်ဆင်၍၊ မြန်မာတို့နှင့် နီးစပ်သူများမှာ မြန်မာကဲ့သို့ပင် ဝတ်ဆင်သည်။ ရိုးရာယဉ်ကျေးမှု၊ အတီးအမှုတ်ဂီတ၊ ပွဲလမ်းသဘင်တို့ဖက်တွင် ရှမ်းဖက်နွယ်သည်။

များသောအားဖြင့် ရှမ်းတို့ကဲ့သို့ ခေါင်းတွင် အဝတ်ပတ်လေ့ရှိ၏။ ဗုဒ္ဓအယူဝါဒ၊နှင့် ခရစ်ယာန်ဘာသာတို့ကို ကိုးကွယ်ကြသည်။ ဓနုလူမျိုးတို့၏ ဇာစ်မြစ်မှာ ဝိဝါဒ ကွဲပြားလျက်ရှိ၏။ မစ္စတာ အက်(ဖ)၊ အိပ်ချ၊ ဂျိုင်းဆိုသူက ဓနုတို့သည် ဟံသာဝတီတောင်ဘက်မှ လာရောက်နေထိုင်ကြသော မြန်မာအုပ်စု တစ်စုမှ ပေါက်ဖွားလာကြသူများဟု ယူဆ၏။ မစ္စတာ စီ၊ အီး၊ ဗရောင်းကမူ ဓနုတို့သည် ကရင်တောင်သူလူမျိုးများမှ ဆင်းသက်လာသည်ဟု ယူဆလေသည်။ အချို့နေရာများ၌ ရှမ်းမျိုး ၃ဝ တွင် ဓနုလူမျိုးသည်လည်း အပါအဝင်ဖြစ်၏ဟု ဆိုကြ၏။ သို့သော် ဓနုလူများစုသည် ရှမ်းစကားကို မပြောကြသဖြင့် ယင်းယူဆချက်မှာ မမှန်နိုင်ဟု မစ္စတာ ဂျေ၊ ဂျီ စကော့ဆို၏။

လူမျိုးအမည်

ဓနုဟူ‌‌သည့်အသုံးအနှုန်းသည် ပုဂံခေတ်ပါဠိဝေါဟာရပင်ဖြစ်သည်။အဓိပ္ပာယ်မှာ '‌‌ လေး'ဖြစ်သည်။လေးနှင့်မြားကိုသွားလေရာကိုင်ဆောင်တတ်သဖြင့်ဓနုလူမျိုးဟုသမုတ်ပေးခဲ့ကြောင်းသိရသည်။တနည်းအားဖြင့်ဝါးကိုင်းလောက်လေး၊ဝါးကိုင်းလေးမြားကိုကျွမ်းကျင်စွာကိုင်တွယ်အသုံးပြုတတ်သူလူမျိုးပင်ဖြစ်သည်။ဒနု၊ဓနု၊ထနု၊တနုဟူ၍အမျိုးမျိုးရေးသားလာခဲ့ရာမှယန့ဓနု(Danu)ဟု တပြေးညီရေးသားလာခဲ့သည်။ဓနု၏အဓိပ္ပာယ်အမှန်ဖွင့်ဆိုချက်မှာ(Dhanu)ဖြစ်သော်လည်း ‌ေတ်အဆက်ဆက်(Danu)ဟုသုံးစွဲခဲ့သဖြင့်အစဉ်အဆက်ကိုလိုက်ရခြင်းဖြစ်ပါလိမ့်မည်။[ဓနုကြေးမုံ ၁]

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads