ဓမ္မဒဿီဘုရား

From Wikipedia, the free encyclopedia

ဓမ္မဒဿီဘုရား
Remove ads

အတ္ထဒဿီမြတ်စွာဘုရား ပရိနိဗ္ဗာန်ဝင်စံတော်မူပြီးသည့်နောက် လူတို့သက်တမ်း (၁၀၀, ဝဝဝ) တစ်သိန်းတမ်းမှ (၁၀) နှစ်တမ်းအထိ တရွေ့ရွေ့ ဆုတ်ခြင်း၊ တဖန်ထို (၁၀) နှစ်တမ်းမှ အသင်္ချေယျတမ်း အထိ တက်ကပ်ကာလတက်ခြင်း၊

ဖြစ်တော်စဉ်

ထို့နောက် တဖန် အသင်္ချေယျတမ်မှ ပြန်ဆုတ်လာရာ အနှစ်(၁၀၀, ဝဝဝ) တစ်သိန်းတမ်းရောက်သောအခါ ဓမ္မဒဿီ မြတ်စွာဘုရားအလောင်းတော်သည် တုသိတာ နတ်ပြည်မှ လူ့ပြည်သို့သက်ဆင်းခဲ့ပြီး သရဏမြို့တော်တွင် သရဏမင်းကြီး၏ အဂ္ဂမဟေသီသုနန္ဒာဒေဝီ မိဖုရားကြီးမှ သရဏဥယျာဉ်တော်၌ ဖွားမြင်တော်မူလာသည်။ အလောင်းတော်မြတ် ဖွားမြင်စဉ်အခါ ငြင်းခုံခြင်းကို ဆုံးဖြတ်ရာ ဓမ္မသတ်ဥပဒေကျမ်းစာတို့၌ တရားမညီသော ပညတ်ချက်များ ကွယ်ပျောက်ကုန်ပြီး တရားနှင့် ညီသော ပညတ်ချက်တို့သာ တည်ရှိကျန်ရစ် ကြသည်ကို အစွဲပြု၍ မင်းသားနာမည်ကို ဓမ္မဒဿီမင်းသားဟု မှည့်ခေါ်ကြသည်။

အလောင်းတော်မင်းသားသည် အရွယ် ရောက်သောအခါ ဝိစိကောဠိမိဖုရားအမှူး ရှိသော မောင်းမများခြံရံလျက် သားတော် ပုညဝဍ္ဎန မင်းသားဖွားသည်တိုင်အောင် အရဇ၊ ဝိရဇ၊ သုဒဿန ရွှေနန်းသုံးဆောင်တို့၌ နှစ်ပေါင်း (၈၀, ဝဝဝ) ရှစ်သောင်းကာလပတ်လုံးထီးနန်းစည်းစိမ်ကို ခံစားစံစားတော်မူသည်။

ထိုသို့ထီနန်းစည်းစိမ်ကိုခံစားနေတော်မူစဉ် ဥယျာဉ်တော်ထွက်ရာ နိမိတ်ကြီးလေးပါး မြင်တွေ့ရ၍ သံဝေဂကြီးစွာဖြစ်ပြီး ထီးနန်းစည်းစိမ်ကိုစွန့်ပယ်ကာ သုဒဿနပြာဿာဒ် ယာဉ်ပျံတော်စီးလျက်ပင် တောထွက်တော်မူခဲ့၏။ ဒုက္ကရစရိယာ အကျင့်ကို (၇) ရက်ကျင့်တော်မူ၍ ရတ္တကုရဝကဗောဓိ-သံသတ်မင်ဗောဓိကို အမှီပြုကာ သဗ္ဗညုတဉာဏ်တော်ကိုရတော်မူ၍ သမ္မာသမ္ဗုဒ္ဓ ဘုရားစင်စစ်ဖြစ်တော်မူသည်။

Remove ads

ဂေါတမဘုရားအလောင်းတော်

ဓမ္မဒဿီဘုရားလက်ထက်တော်၌ ဂေါတမ ဗုဒ္ဓလောင်းလျာသည် နတ်တို့ကိုအစိုးရသော သိကြားမင်းဖြစ်၍ မြတ်စွာဘုရားကို ဖူးမြင်ရလျှင် နတ်ပန်းတို့ဖြင့် ပူဇော်ကာ နိယတဗျာဒိတ် ပန်ဆင်ခဲ့သည်။

တပည့်သာဝကများ

  • အဂ္ဂသာဝကကြီး ယာ+ဝဲ (၂)ပါး-အရှင်ပဒုမထေရ်၊ ဖုဿဒေဝထေရ် တို့တည်း။
  • အနီးကပ် လုပ်ကျွေးသော ရဟန်းကား-အရှင်သုနေတ္တထေရ်တည်း။
  • အဂ္ဂသာဝိကာမကြီး ယာ+ဝဲ (၂)ပါး-အရှင်မ ခေမာထေရီ၊ အရှင်မ သဗ္ဗနာမ ထေရီတို့တည်း။
  • အဂ္ဂ ဒါယကာကြီး(၂) ဦး-သုဘဒ္ဒ သူဌေး၊ ကဋိဿဟသူဋ္ဌေးတို့တည်း။
  • အဂ္ဂဒါယိကာမကြီး(၂) ဦး-သာဠိယာဥပါသိကာမ၊ ကပ္ပိယဥပါသိကာမတို့တည်း။

ဓမ္မဒဿီဘုရားရှင်၏ အရပ်(ဉာဏ်) တော်မှာ အတောင်(၈၀)ရှစ်ဆယ်မြင့်၍၊ ရောင်ခြည်တော်ကား (၁) ယူဇနာပျံ့နှံ့ကွန့်မြူး၏။ ဤသို့အတုမရှိသောတန်ခိုးတော်နှင့်ပြည့်စုံတော်မူသော ဓမ္မဒဿီမြတ်စွာဘုရားသည် သတ္တဝါများအား တရားရေအေး အမြိုက်ဆေးကို တိုက်ကျွေးမှု ဗုဒ္ဓကိစ္စအားလုံး ပြီးမြောက်သောအခါ သက်တော် (၈၀, ဝဝဝ)ရှစ်သောင်း ရှိသောအခါ သာလဝတီမြို့ သာလာရာမ ဥယျာဉ်တော်၌ ပရိနိဗ္ဗာန် ဝင်စံတော်မူပါသတည်း။

၁၈။ ဓမ္မဒဿီ -ဘုရားရှိခိုး+ဆုထောင်းဂါထာ

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads