နဂါးပွက်တောင်
ရွှံ့မီးတောင် From Wikipedia, the free encyclopedia
Remove ads
နဂါးပွက်တောင်သည် မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့တောင်ဘက် မိုင်ဝက်ခန့်အကွာတွင် တည်ရှိသည်။ ဘူမိပညာရှင်များအလိုအရ ရွှံ့မီးတောင်များ ဖြစ်ကြသည်။ နဂါးပွက်တောင်ဟု ခေါ်ဆိုကြသည့် ပင်မရွှံ့မီးတောင်ကြီးမှာ အမြင့်ပေ ၃၀ ခန့်၊ ထိပ်ဝ ၈ ပေခန့်ရှိသည်။ ထိပ်ဝမှာ ချိုင့်နေပြီး ၂ ပေခန့်ရှိသော ရွှံ့ရေဗွက်များက အသံမြည်ကာ ပွက်ဆူလျက်ရှိပြီး ဆင်ခြေလျှာအတိုင်း ပေ ၇၀ ခန့်အထိ စီးဆင်းကျလျက်ရှိသည်။[၁]
သမိုင်းမတင်မီခေတ်က မီးတောင်အတွင်းမှ သတ္တဝါတစ်ကောင်ကောင်ကြောင့် ရွှံ့ရည်ပွက်သည်၊ ရွှံ့ရည်ပူထဲ နေနိုင်သောသတ္တဝါမှာ နဂါးဖြစ်ရမည် ဟု ယူဆကြပြီး နဂါးပွက်တောင် ဟု အမည်တွင်သည်။
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads