မင်းဘူးမြို့

မြန်မာနိုင်ငံ၊မကွေးတိုင်းဒေသကြီးရှိမြို့ From Wikipedia, the free encyclopedia

Remove ads

မင်းဘူးမြို့ သည် ဧရာဝတီမြစ်၏ အနောက်ဘက်ကမ်းတွင် တည်ရှိပြီး မင်းဘူးနှင့် ဓားလွယ်ခုတ် မြစ်ကမ်းပါး စောက်ပေါ်တွင် မကွေးမြို့တည်ရှိပေသည်။ မြန်မာနိူင်ငံတွင် ရွှံ့မီးတောင်များ ရှိရာ အရပ်လည်းဖြစ်သည်။မင်းဘူးမြို့နယ်တွင် မင်းဘူးမြို့နှင့်စကုမြို့တို့ပါဝင်သဖြင့် မင်းဘူး(စကု)မြို့နယ်ဟူ၍ ခေါ်ဆိုကြသည်။မိုးအလွန်နည်း‌သောဒေသတွင် တည်ရှိ၍ ဆည်ရေကို အားထားရသည်။မင်းဘူး မြို့သည်ကုန်းဘောင်ခေတ်]]လောက်အထိ မင်းဘူးသည် ရွာကြီးတစ်ရွာ အဖြစ်တည်ရှိခဲ့ဟန် တူသည်။ ဇာတ်ကြီးဆယ်ဘွဲ့ မှ ၈-ဘွဲ့ကို စကားပြေဖြင့် ရေးသားသော မင်းဘူး ဦးဩဘာသ‎၏ ဇာတိလည်း ဖြစ်သည်။မင်းဘူးမြို့နယ်ရှိ မန်းရွှေစက်တော်ဘုရားကြီးနှင့်နဂါးပွတ်တောင်တော်တို့မှာ အထူးထင်ရှားသည့်မြို့ကျက်သရေဆောင်ဖြစ်ပေသည်။

အချက်တိုများ မင်းဘူးမြို့, နိုင်ငံအမည် ...
Remove ads

ခေါ်တွင်ပုံ

  • မင်္ဂလာပူရ ခေါ် မင်းဘူးသည် မန်းချောင်းနှင့် ဧရာဝတီမြစ်တို့ ပူးဆုံရာဖြစ်၍ မန်းပူး ခေါ်ဆိုရာမှ မင်းပူးဟု တွင်လာသည်။
  • မိုးညှင်းမင်းတရားနှင့် ရှင်ဘို့မယ်တို့ တွေ့ဆုံရာအရပ် ဖြစ်သည်ကို အစွဲပြု၍ ခေါ်သော မင်းပူးဟု တွင်လာသည်။ []

စီးပွားရေး

တောင်ယာလုပ်ကိုင်ခြင်း၊ပဲအမျိုးမျိုး၊နှမ်းနှင့်စပါးစိုက်ပျိုးခြင်းအားအဓိကထားလုပ်ကိုင်ကြသည်။ရေနံတူးဖော်ရေးလုပ်ငန်းနှင့် အစိုးရမဟုတ်သော လက်ရပ်တွင်းတူးဖော်ရေးလည်း အနည်းငယ်လုပ်ကိုင်သည်။

ထင်ရှားသည့်နေရာများ

  • မန်းရွှေစက်တော်ရာဘုရား
  • နဂါးပွက်တောင်
  • ရှင်ပင်စက္ကိန်းတဲဘုရား
  • ရှင်မင်းပူးဘုရား
  • ဓာတ်တော်ကုန်းဘုရား

အထင်ကရ ပုဂ္ဂိုလ်များ

  • တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မင်းဘူးမြို့တွင် ၁၉၅၆ ခုနှစ်တွင် မွေးဖွားခဲ့သည်။

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads