နည်းပညာတက္ကသိုလ်(စစ်တွေ)

From Wikipedia, the free encyclopedia

နည်းပညာတက္ကသိုလ်(စစ်တွေ)
Remove ads

နည်းပညာတက္ကသိုလ်(စစ်တွေ)သည် ရခိုင်ပြည်နယ်စစ်တွေမြို့၊ ရေချမ်းပြင်တွင် တည်ရှိသည်။ ရခိုင်ပြည်နယ်ရှိ ကျောင်းသားလူငယ်များ အိုးအိမ်မကွာ အလွယ်တကူတက်ရောက်နိုင်ရန် စစ်တွေနည်းပညာကောလိပ်အဖြစ် စတင်ဖွင့်လှစ်ခဲ့သည်။ ၂၀၀၇ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့တွင် တက္ကသိုလ်အဆင့်တိုးမြင့်ခဲ့သည်။

အချက်တိုများ
Thumb
ပင်မ​ဆောင်
Remove ads

သမိုင်းကြောင်း

အစိုးရနည်းပညာကောလိပ် (စစ်တွေ)အား ၁၉၉၉ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် စစ်တွေမြို့ ပြည်တော်သာရပ်ကွက်၌ အကျယ်အဝန်းဧက ၆ ဧကရှိသော မြေကွက်တွင် စတင် ဖွင့်လှစ်ခဲ့သည်။ ၂၀၀၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် စစ်တွေမြို့နယ်၊ ခုတင်ပိုက်ကျေးရွာအုပ်စု၊ ရေချမ်းပြင်ကျေးရွာအနီး အကျယ်အဝန်း ၄၀ ဧကရှိသော မြေကွက်တွင် အသစ် ဆောက်လုပ်ထား သော သုံးထပ်ဆောင်သစ်တွင် ပြောင်းရွှေ့ သင်ကြားဖွင့်လှစ်ခဲ့သည်။ တက္ကသိုလ်အဆင့်သို့ ၂၀၀၇ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့တွင် တိုးမြှင့်ခဲ့သည်။[][]

Remove ads

သင်ကြားမှုစနစ်

နည်းပညာတက္ကသိုလ်(စစ်တွေ)တွင် ဌာနခွဲများရှိပြီး ၎င်းဌာနများ၏ အမည်များမှာ -

  1. မြို့ပြအင်ဂျင်နီယာဌာန
  2. လျှပ်စစ်စွမ်းအား အင်ဂျင်နီယာဌာန
  3. အီလက်ထရောနစ် အင်ဂျင်နီယာဌာန
  4. စက်မှုလျှပ်စစ် အင်ဂျင်နီယာဌာန
  5. မြန်မာစာဌာန
  6. အင်ဂျင်နီယာအင်္ဂလိပ်စာဌာန
  7. အင်ဂျင်နီယာသချၤာဌာန
  8. အင်ဂျင်နီယာရူပဗေဒဌာန
  9. အင်ဂျင်နီယာဓာတုဗေဒဌာနး ဖြစ်ကြသည်။[]

အင်ဂျင်နီယာ ဘာသာရပ်များ

အင်ဂျင်နီယာဘွဲ့ (ဘွဲ့ကြို) အတွက်ဘာသာရပ်များမှာ

ဘာသာရပ် ဘွဲ့ သင်တန်းကာလ
မြို့ပြအင်ဂျင်နီယာဘာသာရပ် B.E. (Civil) ၆နှစ်
အီလက်ထ​ရောနစ်အင်ဂျင်နီယာဘာသာရပ် B.E. (EC) ၆နှစ်
လျှပ်စစ်စွမ်းအားအင်ဂျင်နီယာဘာသာရပ် B.E. (EP) ၆နှစ်
စက်မှုအင်ဂျင်နီယာဘာသာရပ် B.E (Mech) ၆နှစ်
Remove ads

ဆက်စပ်လေ့လာရန်

ကိုးကား

ပြင်ပလင့်ခ်များ

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads